ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 7 March 2012

ဂျူးမြစ်သုပ် (၀ိုက်ဖီ)


ဒီတစ်ခါဟင်းလျာကိုတော့ ဂျူးမြစ်ကို ရှမ်းသုပ်လို အရသာမျိုးဖြစ်အောင် သုပ်မှာပါ။ ဂျူးမြစ်သုပ်ဆိုပေမယ့် ဂျူးမြစ်နဲ့အတူ မုန်ညင်းရွက်တွေကိုလည်း ထည့်ပါမယ်။ ရှမ်းနံ့လေးသင်းသွားအောင် ပဲပုပ်ပြားလေးတွေလည်း ထည့်ထားတဲ့ ရှမ်းအစားအစာ အရသာအပြည့်အ၀ရစေမယ့် အသုပ်တစ်မျိုးပါပဲ။



ဂျူးမြစ်သုပ်အတွက် အသုပ်တစ်ပွဲစာ ဂျူးမြစ် အနည်းငယ်၊ မုန်ညင်းစိမ်း အနည်းငယ်၊ ပဲပုပ်ပြားတစ်ပြားနဲ့ နှမ်းလှော်နဲ့ သံပရာသီးတို့ပဲ လိုပါတယ်။ မုန်ညင်းစိမ်းကိုတော့ နူးအောင် ဆယ်မိနစ်လောက်ပြုတ်ပါ။ ဂျူးမြစ်ကတော့ ရေနွေးဖြောရုံပဲလိုပါတယ်။


နောက်တစ်ခုကတော့ ပဲပုပ်ပြား နှစ်ပြားလောက်ကိုလည်း မီးကင်ပါ။ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးစိမ်းတို့ကို ညက်အောင်ထောင်းပြီး ကင်ပြီးသားပဲပုပ်ကိုပါ ရောထည့်ထောင်းပါမယ်။ ပဲပုပ်ထောင်းပြီးသွားပြီဆိုရင်တော့ အမယ်အားလုံးကို ရောထည့်ပြီး အရသာအတွက် ငံပြာရည်နဲ့ ကြက်သားမူန့် အနည်းငယ် ထည့်ကာ သံပရာရည်ညှစ်ပြီး နယ်ဖတ်ကာ သုံးဆောင်နိုင်ပါတယ်။


ဒါဆိုရင်တော့ ဆီလည်းမပါ။ အသီးအရွက်တွေပဲ သီးသန့်သုပ်ထားတဲ့ ဒီဂျူးမြစ်သုပ်က ကျန်းမာရေးနဲ့ ညီစေသလို တိုင်းရင်းသား လက်သုပ်စာတစ်မျိုးအဖြစ် မြည်းစမ်းနိုင်ကြမှာ ဖြစ်ပါတယ်။

No comments:

Post a Comment