ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 12 March 2012

တိုက်တွန်းချက်နဲ့ ဆုပေး


ယောဂီတို့ရဲ့ ဘ၀လွတ်မြောက်ရေး အနှောင်အဖွဲ့တွေက၊ ခြေကွင်းတွေက၊ နှောင်ကြိုးတွေက၊ ကိလေသာအညစ်အကြေးတွေက၊ အကုသိုလ်တွေ တဏှာတွေ၊ ဒေါသတွေ၊ အ၀ိဇ္ဇာတွေထဲက လွန်မြောက် လွတ်ကျွတ်ပြီး တကယ့်အေးချမ်းမူ၊ သဟဇာတ မျှတမူ၊ တကယ့်စိတ်ချမ်းသာမူတွေ ရနိုင်အောင်လို့ မိမိတို့ ကောင်းစားရေးအတွက်၊ မိမိတို့အကျွတ်တရားရရှိရေးအတွက် ဒီတရားဓမ္မ၊ ဒီက္မဋ္ဌာန်းနည်း နိသယကို အကောင်းဆုံး အသုံးပြုကြပါ။


ယောဂီအပေါင်းအားလုံးတို့ ဓမ္မလမ်းစဉ်မှာ အောင်မြင်တိုးတက်ကြပါစေ။ ကိလေသာ အနှောင်အဖွဲ့တွေ၊ အညစ်အကြေးတွေက လွတ်မြောက်ကြပါစေ၊ တကယ့် အေးချမ်းခြင်းအစစ်၊ တကယ့် ချမ်းသာခြင်းအစစ်၊ တကယ့် ပျော်ရွှင်မူအစစ်တို့ကို ကိုယ်စီ ကိုယ်င ခံစား စံစားနိုင်ကြပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment