နောက်တစ်ခုကတော့ သမ္မာသမာဓိမဂ္ဂင်ဖြစ်ပါတယ်။ သမာဓိဆိုတာက အာရုံစူးစိုက်မူ တည်ကြည်မူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကမ္မဋ္ဌာန်းနည်းရဲ့ ရည်မှန်းချက်က သမာဓိသက်သက် မဟုတ်ပါဘူး။ အာရုံစူးစိုက်ရုံ၊ သမာဓိဖြစ်နေရုံနဲ့ မပြီးသေးပါဘူး။ ကောင်းသော မှန်သော အာရုံစိုက်ခြင်းလည်း ဖြစ်ရပါလိမ့်မယ်။
ကောင်းတဲ့ဖြောင့်မှန်တဲ့ သမာဓိမဟုတ်ရင် လွတ်မြောက်ရေးဖြစ်တဲ့ပန်းတိုင်ကို ဘယ်တော့မှ မရောက်နိုင်ပါဘူး။ သမာဓိကို လိုချင်တပ်မက်မူ၊ တဏှာလောဘတို့နဲ့လည်း စိုက်ထူနိုင်တာပါပဲ။ တစ်ခုခုကို မလိုမုန်းထားမူ၊ ဒေါသနဲ့လည်း အာရုံစိုက်ထား နိုင်တာပါပဲ။ မဟုတ်ရင်လည်း အမြင်မှန် မသိမူ အ၀ိဇ္ဇာနဲ့ စိတ်ကူးယဉ်မူ အစရှိသူတို့နှင့်လည်း အာရုံစိုက်ထားနိုင်တာပါပဲ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment