ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 18 March 2012

သိပ္ပံပညာရှင်ပမာ

သုတေသန သိပ္ပံပညာရှင်ကြီးတစ်ဦးလိုပဲ သေသေချာချာ ကျကျနန ခွဲစိတ်ဝေဖန်ပြီး အရင်းအမြစ်ထိ ရောက်အောင်ရှာဖွေ စစ်ဆေးဓါတ်ခွဲပြီး ကြည့်လိုက်တဲ့အခါကျရင် ပထမဦးဆုံးတော့ အင်မတန် ကြမ်းတမ်းတဲ့ အစိုင်အခဲဖြစ်နေတဲ့ အမှန်တရား အင်မတန် ပြင်းထန်နေတဲ့ အမှန်တရားတွေကို တွေ့ကြုံရရပါမယ်။

ဒီလိုတွေ့ကြုံရပြီး ရှေ့ကိုတိုးတိုးပြီး တရားကျင့်သွားရင် ဆက်လက်ပြီး အနုစိတ် ခွဲစိတ်စစ်ဆေးသွားရင် နောက်ပိုင်းကျလာတော့ သိမ်မွေ့သိမ်မွေ့လာပြီး ပိုပိုသိမ်မွေ့ လာတာကို တွေ့ရပါလိမ့်မယ်။

ဒီခန္ဓာကိုယ် အဆောက်အအုံကြီးရဲ့ ခေါင်း၊ ကိုယ်၊ ခြေ၊ လက်တွေကို ခွဲစိတ်လိုက် နောက်တစ်ခါ အရိုး အသွေး အသား အရေပြား ဆံပင်အစရှိသည်တို့ကို ထပ်ပြီးတော့ ခွဲစိတ်လိုက်၊ ဒီလိုနဲ့ ထပ်ခါထပ်ခါ ဆက်လက်ပြီး ခွဲစိတ်ခွဲစိတ်ပြီး အသေးစိတ်ခွဲစိတ်သွားရင် အရိုးပဲဖြစ်ဖြစ် အသားပဲဖြစ်ဖြစ် သွေးပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အင်မတန်သေးငယ်တဲ့ အပိုင်းလေးတွေအထိ အပြည့်နဲ့ပါလားဆိုတာကို သိရှိလာပါလိမ့်မယ်။

ဒီအသိဟာ ရိုးရိုးမျက်စိနဲ့ မြင်ရတွေ့ရတဲ့အသိမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်တွေ့ထိ ခံစားရတဲ့အသိမျိုး ဖြစ်ပါတယ်။ အသေးငယ်ဆုံး အမူန်မွှားဆုံး ရုပ်ကလာပ်လေးတွေ သူ့ထက် နောက်ထပ် ခွဲစိတ်လို့မရနိုင်တဲ့ အဆင့်အထိ ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်အခါတုန်းက အိန္ဒိယပြည်မှာ သုံးတဲ့စကားဟာ အတော်ကြွယ်ဝတဲ့ စကားဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment