ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 23 March 2012

ဝေဒနာကို ခံစားနိုင်မှ ခန္ဓာကို စူးစမ်းနိုင်


မျက်စိပိတ်ပြီး ခေါင်းကို စိတ်ကူးကြည့်လိုက်လို့ရှိရင် ဒါဟာ ခေါင်းပဲလို့သိဖို့ရာဟာ ကိုယ်တိုင်ခေါင်းကို ထိတွေ့နိုင်မှသာ သိမှာပါ။ ဒါကြောင့် ခေါင်းဖြစ်ပေါ်နေတဲ့ ဝေဒနာကို ခံစားဖို့ရာ သိဖို့ရာလိုပါတယ်။ ကိုယ်ခန္ဓာတစ်ခုလုံးပေါ်မှာလဲ ကိုယ်ပေါ်မှာ ဖြစ်ပျက်နေတဲ့ ဝေဒနာတွေကို ခံစားနိုင်မှ ခန္ဓာကို စူးစမ်းနိုင်မှာပေါ့။ ဝေဒနာတွေကို လက်တွေ့ခံစားနိုင်မှ ဒါဟာ ငါ့ခေါင်း၊ ဒါဟာ ငါ့ကိုယ်ရယ်လို ထိတွေ့ သိရှိနိုင်မှာပေါ့။



ဒီအခါကျတော့မှ ဦးနှောက်ဉာဏ်အသိနဲ့သာ မဟုတ်ဘဲ စိတ်ကူးယဉ်တာ စိတ်ကစားတာတွေ မဟုတ်တော့ဘဲ တကယ်ဖြစ်ပျက်နေတာကို စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းနဲ့ ထိတွေ့ပြီး သိရတယ်၊ စိတ်ရဲ့ အနက်ရိုင်းဆုံး အပိုင်းဟာ အမြဲပဲ ခန္ဓာကိုယ်ပေါ်မှာ ခံစားရတဲ့ ဝေဒနာတွေနဲ့ ဆက်သွယ်နေတဲ့အတွက် ယောဂီဟာ ခန္ဓာကိုယ်ပေါ်မှာ ဝေဒနာကို တွေ့ထိခံစားရပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment