ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 5 March 2012

လောက၏ဖြစ်စဉ်ကို ဆင်ခြင်ခြင်း ...


အရာခပ်သိမ်းတို့သည် ဖြစ်လာလိုက်၊ ပျက်စီးပြောင်းလဲလိုက်နှင့် အလျှင် တရစပ်ဖောက်ပြန်ပြောင်းလဲ နေကြသည်။ မြတ်ဗုဒ္ဓက ဒီလောကကြီးကို အဆုံးမဲ့ ဖြစ်ပျက်နေတဲ့ ဖြစ်ဉ်ကြီးတစ်ခုဖြစ်တယ်လို့ ဟောကြားတော်မူတယ်။ အရာခပ်သိမ်းတို့ဟာ စွမ်းအင်ဗွေဝဲကတော့တွေပဲဖြစ်တယ်။ ဘယ်အရာမှ အတည်တကျမရှိတဲ့ ရစ်ပတ်လှည့်လည်နေတဲ့ ဖြစ်စဉ်တွေချည်းပဲဖြစ်တယ်။


လူတစ်ယောက်ရဲ့ သံသရာဘ၀ဟာ မွေးဖွားလိုက် သေဆုံးလိုက်နဲ့ မဆုံးတမ်းလည်နေသလိုပဲ၊ ကပ်ကမ္ဘာကြီးဟာလည်း စက်ဝိုင်းလိုလည်နေတယ်။ ကမ္ဘာတစ်ခု ပျက်သွားလိုက်၊ နောက်ထပ် ကမ္ဘာတစ်ခု ဖြစ်တည်လိုက်နဲ့ သံသရာလည်နေတယ်။ ကျွန်ုပ်တို့ ကမ္ဘာကြီးဟာလည်း တစ်နေ့ကျရင် ပျက်သုဉ်းသွားဦးမှာ ဖြစ်တယ်။

လောကဆိုတာ ဖြစ်ပျက်အစဉ်ကြီးပါ။ ကာလဆိုတဲ့ ကပ်ကမ္ဘာကြီးထဲမှာ ကျွန်ုပ်တို့ဖြစ်တည်နေ ကြရတာဖြစ်တယ်။ အရာခပ်သိမ်းတို့သည် မွေးလိုက်ကြ၊ သေလိုက်ကြဖြစ်တည် နေကြရတယ်။ ရှင်သန်ခြင်းဆိုတာဟာလည်း တကယ်တမ်းကျတော့ သေလမ်းကို သွားနေကြခြင်းသာဖြစ်သည်။

ဒီလိုနဲ့ပဲ နတ်တွေ၊ လူတွေ၊ တိရစ္ဆာန်တွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေ၊ ဒီစကြ၀ဠာကြီးထဲမှာ ရှိရှိသမျှ အရာခပ်သိမ်းတို့သည် အမြဲမရှိခြင်းဆိုတဲ့ နိယာမတရားကြီးရဲ့ ပြုပြင်ခြင်းကို ခံနေကြရတာချည်းပါပဲ။ မြတ်ဗုဒ္ဒကိုယ်တော်မြတ်ကြီးက တရားဓမ္မနှင့်အညီ နေထိုင်သူကို တရားဓမ္မက ပြန်လည်စောင့်ရှောက်တော်မူတယ်လို့ ဟောကြားတော်မူတယ်။

ရည်ညွှန်း - “ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက” ဆန်းလွင်(ရှင်အာဒိစ္စရံသီ)(၁၉၃၈-၂၀၀၂)

7DAY NEWS Vol.10,N0.47 FEBURARY 9,2012

No comments:

Post a Comment