ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 7 March 2012

ကင်ပွန်းချဉ်ရွက်တာလပေါ (၀ိုက်ဖီ)


အရည်သောက် ဟင်းတစ်ခွက်ချက်ဖို့ စီစဉ်ထားပါတယ်။ ပုံမှန်ကင်ပွန်းချဉ်ရွက်ဟင်းရည်တွေလို မဟုတ်ဘဲ အရသာရော ချက်ပြုတ်တဲ့ပုံစံပါမတူတဲ့ ကင်ပွန်းချဉ်ရွက်တာလဘော ဟင်းရည်နည်းကို ပြောပြမှာ ဖြစ်ပါတယ်။

ကင်ပွန်းချဉ်ရွက်တာလဘောချက်ဖို့ ပုစွန် ၅-ကျပ်သားခန့်၊ ကင်ပွန်းချဉ်ရွက် ၁၀-ကျပ်သားခန့်၊ ဆန်လှော်မူန့် အနည်းငယ်၊ ငါးပိ(ရည်ကျိုငါးပိ) အနည်းငယ်တို့ပဲလိုပါတယ်။

ပထမဆုံး လိုသလောက်ရေကိုထည့်ကျိုပြီး ရေထဲကိုကိုင်ပြီးသား ပုစွန်တွေ ထည့်ပါမယ်။ ရေပွက်ပွက်ဆူတဲ့အခါ အရသာမူန့်၊ ဆားအနည်းငယ်ကိုထည့်ပြီး ငါးပိတစ်ဇွန်း (ဟင်းခတ်ဇွန်း)နဲ့ ဆန်လှော်မူန့်ကိုထည့်ပြီး မွှေပေးပါ။ ငါးပိရည်နံ့လေးသင်းသင်းလာပြီဆိုရင် အသင့်ပြင်ထားတဲ့ ကင်ပွန်းချဉ်ရွက်ကို ခတ်လိုက်လို့ရပါပြီ။

အချဉ်အရသာ အနေတော်ပဲဆိုရင် ကင်ပွန်းချဉ်ရွက်ခတ်ပြီးတော့ တစ်ချက်၊ နှစ်ချက်မွှေပြီးသွားတာနဲ့ ချလို့ရပါပြီ။ ကင်ပွန်းချဉ်ရွက်တာလဘောကတော့ ပုံမှန်ကင်ပွန်းချဉ်ရည်တွေနဲ့ မတူဘဲ ဆန်မူန့်နဲ့ ရည်ကျိုငါးပိကို သုံးထားတာကြောင့် အနံ့ရော အရသာပါတစ်မျိုး ထူးခြားတဲ့ အရည်သောက်တစ်ခွက်ပဲ ဖြစ်ပါတယ်။

No comments:

Post a Comment