ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 4 March 2012

တရားနဲ့ဝေးရင် အမှားမမြင် ...


တရားမမြင်တဲ့သူဟာ ဆရာအမှားကို ကိုးကွယ်မိတတ်ပါတယ်။ မှားမှန်းသိရက်နဲ့ ကိုးကွယ်တာတော့ မဟုတ်ပါဘူး။ အမှန်ထင်လို့ ကိုးကွယ်တာပါ။ တရားနဲ့ဝေးသူ တရားမမြင်သူဟာ သူအားကိုးသင့်တဲ့ ဆရာစစ်၊ ဆရာမှန်ဟုတ်၊ မဟုတ်ခွဲခြား ဝေဖန်နိုင်တဲ့ အသိဉာဏ်နည်းပါတယ်။

သူများပြောတိုင်းလည်း ယုံလွယ်တတ်တဲ့အတွက် တစ်ဦးတစ်ယောက်က ယုံလောက်အောင် သွေးဆောင်ရင် အမှားဘက်ကို ပါသွားတတ်ပါတယ်။ ဆရာအမှားကို ဆရာအမှန်အနေနဲ့ ကိုးကွယ်သူဟာ တရားမမြင်တဲ့သူပါ။ တရားမရှိသေးရင် ကိုယ့်ကိုယ်ကိုယ် စိတ်ချလို့မရနိုင်ပါဘူး။

နှစ်နှစ်ကာကာ တရားမရှိခဲ့ရင် ရတနာသုံးပါးနဲ့တွေ့ရတဲ့ ဒီဘ၀မှာတော့ ရတနာသုံးပါးကို ယုံကြည်တဲ့ သက်ဝင်တဲ့ သဒ္ဓါတရားတွေနဲ့ ဒီတစ်သက်မှာဖြင့် ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးမှတစ်ပါး အခြားမကိုးကွယ်တော့ဘူး၊ မဆည်းကပ်တော့ဘူးဆိုပေမယ့် ပုထုဇဉ်တစ်ယောက်ဟာ နောက်နောင်ဘ၀တွေမှာ ဘယ်ဘာသာဝင်အဖြစ်နဲ့ ဘယ်အရာကို ကိုးကွယ်ဆည်းကပ်မယ်ဆိုတာ မသေချာဘူး။ စိတ်မချဘူး။

သောတာပန် အရိယာအဆင့် မရောက်မချင်း ဒီယုံကြည်မူဟာ မခိုင်မြဲသေးပါဘူး။ အရင်က မှားချင်မှားလာနိုင်တယ်။ အခုမှန်နေပေမယ့် နောင်ကို မှားနိုင်ပါသေးတယ်။ ဘယ်တော့မှ မမှားအောင် တရားဓမ္မကျင့်ကြံပြီးတော့ အရိယာအဆင့်ရောက်အောင် အားထုတ်ဖို့ လိုအပ်တယ်။ ကိုးကွယ်ဆည်းကပ်တဲ့ တရာမှားသွားလို့ ဒီဘ၀တွင်မက သံသရာတစ်ခုလုံး ဆင်းရဲဒုက္ခရောက်နိုင်တဲ့ အဖြစ်ဆိုးမျိုး ကြုံနိုင်သေးတာဟာ တရားမမြင်သူရဲ့ ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။

ရည်ညွှန်း - “ဓမ္မလမ်းပေါ်မှာ” ဓမ္မဒူတဒေါက်တာအရှင်ပညိဿရ

7DAY NEWS Vol.10,N0.36.NOVEMBER 24,2011

No comments:

Post a Comment