ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 21 July 2010

ကန်တော့ခန်းမှာပါတဲ့ ကာယကံ ဆိုတာဘာလဲ?

ကာယကံဆိုတာက ကာယကမ္မဆိုတဲ့ ပါဠှိဘာသာက ဆင်းသက်လာတဲ့ စကားလုံးပဲ။ ကိုယ်ထိလက်ရောက် ပြုလုပ်မှုလို့ အဓိပ္ပာယ်ရတယ်။


(၁) သူတစ်ပါးအသက်ကို ကိုယ်ထိလက်ရောက် သတ်ခြင်း၊

(၂) သူ့ဥစ္စာကို ခိုးခြင်း၊

(၃) သူတပါး သားမယားကို ပြစ်မှားကျူးလွန်ခြင်း သုံးပါးကို ကာယကံ သုံးပါးကို ကာယဒုစရိုက် သုံးပါးလို့ ခေါ်တယ်။ မိဘလူကြီး ဆရာသမားတွေကို မရိုမသေ ကိုယ်ထိလက်ရောက် ပြုမှုခြင်း၊ မိဘ စသည်တို့အပေါ် ကျော်လွှားခြင်း၊ ကျော်လွှား၍ ပစ္စည်းများ ပေးယူခြင်း၊ ခြေဆောင့်နင်းခြင်း၊ လက်သီး၊ တုတ်၊ ဓား စသည်ဖြင့် ခြိမ်းခြောက်ကံ အပြစ်တွေ ဖြစ်ပါတယ်။

No comments:

Post a Comment