သြကာသဆိုတဲ့ စကားလုံးဟာ ပါဠိစကားလုံးဖြစ်တယ်။ ဒီသြကာသပုဒ်ဟာ အဓိပ္ပာယ်အမျိုးမျိုးဖြစ်နိုင်ပေမယ့် ဒီနေရာမှာတော့ အခွင့်လို့ အဓိပ္ပာယ်ရှိတယ်။ ပါဠိကျမ်းဂန်တွေမှာ တစ်စုံတစ်ရာ လျှောက်ထား မေးမြန်းချင်တဲ့အခါ “သြကာသကရောဟိ” “အခွင့်ပြုတော်မှုပါဘုရား” “သြကာသံဒေဟိ” “အခွင့်ပေးတော်မှုပါဘုရား” လို့ ခွင့်ပန်ပြီးမှ မေးလျှောက်လေ့ရှိတယ်။ အဲဒီပါဠိတော် အစဉ်အလာကို မှီငြမ်းပြုပြီး “ကရောဟိ” “ဒေဟိ” ဆိုတဲ့ ကြိယာကို ဖြုတ်ပြီး သြကာသ သြကာသ သြကာသ ရှိခိုးကန်တော့ပါရစေ ဘုရား၊ ရှိခိုးကန်တော့ပါရစေ ဘုရား၊ ရှိခိုးကန်တော့ပါရစေ ဘုရားလို့ ကန်တော့ခွင့်တောင်းခြင်းဖြစ်တယ်။ နှစ်ကြိမ် သုံးကြိမ် ဆိုတာကတော့ ရိုသေလေးစားမှုကို ယူပြီး သီဟိုဠ်သားတွေကလဲ “အ၀ကသ်” လို့ ခွင့်တောင်းကြပြီး မွန်လူမျိုးတွေကလဲ “သြက္ကာဆ-သြက္ကာဆ” လို့ ခွင့်တောင်းကြတယ်။ ဒီသြကာသဆိုတဲ့ စကားလုံးလေးဟာ ပါဠိဘာသာက ဆင်းသက်လာတဲ့ သီဟိုဠ်၊ မွန်၊ မြန်မာယဉ်ကျေးမှု စကားလုံး ဖြစ်တယ်လို့ မှတ်သားထားရမယ်။

Wednesday, 21 July 2010
ကန်တော့ခန်းအစ သြကာသ သြကာသဆိုတာ ဘာအဓိပ္ပာယ်လဲ ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment