ပထမဦးဆုံး ခရီးဆုံးထိရောက်ဖို့ကိုတော့ သင်အားမွေးထားရမယ်နော်... ။
ပထမဆုံး တောင်ကုန်းပေါ်ကို ဒီလို ကောင်းကင်ရထားတွေနဲ့ အရင်သွားကြရမယ် ။
အောက်ကိုတော့ ငုံမကြည့်မိစေနဲ့ နက်ရှိုင်းတဲ့ အသူရာ ချောက်တွေရှိတယ် ။
ဒီလမ်းကြောင်းလေးကနေသွားကြရမှာနော်... ။
သင့်ရှေ့တည့်တည့်ကလူကိုပဲ တစိုက်မတ်မတ်ကြည့်ပါ ။
ဘေးဖက်ကိုယောင်လို့တောင်မကြည့်မိစေနဲ့ ။
မူးဝေပြီး ပြုတ်ကျသွားနိုင်ပါတယ် ။
အကယ်၍ သင့်အရှေ့ကလူက ကိုယ့်ဆီကိုပြောင်းပြန်ပြန်လာနေရင် သတိထားပါ ။
လမ်းကကျဉ်းလွန်းတဲ့အတွက် အခက်အခဲတွေ့နိုင်ပါတယ် ။
ဆက်ပြီးကြိုးစားထားကြ သူငယ်ချင်းတို့ နောက် အဆင့်အနည်းငယ်ဆို စားသောက်ဆိုင်ကို ရောက်ပါတော့မယ် ။
ဒီနေရာကတော့ အသဲငယ်သူတို့ လှည့်ပြန်ရမယ့်နေရာပါပဲ ။
အပေါက်လေးတွေထဲကို ခြေချောင်း တွေထည့်ပြီးသွားရမှာ ဖြစ်ပါတယ် ။
အောက်ဖက် ကကျောက်ကမ်းပါးကတော့ အလွန်ကို နက်ရှိုင်းပါတယ် ။
ကဲ...အပေါ်ကိုရောက်တော့မယ်ဟေ့ ကြိုးစားထား...!!!!!
နောက်ဆုံးမှာတော့ တွေ့ရတဲ့မြင်ကွင်းအတိုင်းပါပဲ ။
ထိတ်လန့်တုန်လှုပ်ဖွယ် လမ်းကိုဖြတ်သန်းပြီးမှ
ဒီစားသောက်ဆိုင်လေးကိုရောက်မှာ ဖြစ်ပါတယ် ။
အကယ်၍သင်ရောက်အောင်သွား နိုင်ခဲ့လျှင်
အစားအ သောက် အား လုံးက Free (ဖရီး) ဖြစ်ပါတယ် ။
ကဲသူငယ်ချင်းတို့ ဘယ်သူတွေလိုက်ကြမလဲ
ဒီကအစားအသောက်တွေဘယ်လိုအရသာရှိလည်းဆိုတာ
သွားပြီး မြည်းကြည့်ရအောင် ...သွားကြမယ်ဟေ့ !!!!!
http://winaung31.blogspot.com/ မှတင်ပြပေးပါသည်။
မူရင်းလင့်ခ် ရဲဇော်ကို(မလေး)ထံမှ ပြန်လည်ကူးယူဖော်ပြပေးထားပါသည်။
No comments:
Post a Comment