ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 31 October 2010

ရယ်စရာ မောစရာ

“စည်းကမ်း”



လက်ထပ်ပြီး နောက်တစ်ရက်မှာပင် ခက်ထန်သောအမျိုးသားက ၎င်းမိန်းမလိုက်နာရန် စည်းကမ်းများကို ပြောပါတော့သည်။



“ငါအိမ်ပြန်ချင်တဲ့ နေ့ပြန်လာမယ်၊ ပြန်လာချင်တဲ့အချိန် ပြန်လာမယ်၊ မင်းဆီက ဘာအသံမှ မကြားချင်ဘူး။ ငါရောက်လာတဲ့အချိန်မှာ ထမင်းပွဲပူပူနွေးနွေးပြင်ထားရမယ်။ ငါနဲ့ငါ့သူငယ်ချင်းတွေ ငါးမျှားသွားမယ်၊ အရက်သောက်မယ်၊ ဖဲ ကစားမယ်ဆိုရင် မင်းဘက်က နားလည်ပေးရမယ်။ ဆူဆူပုပူ မကြားချင်ဘူး။ ဒါ ငါ့ရဲ့ စည်းကမ်းတွေပဲ။ မင်းဘာပြောချင်လဲ”



ပူပူနွေးနွေးဇနီးသည်က ပြန်ပြောလိုက်သည်မှာ ဤသို့ဖြစ်သည်။



“ကျွန်မဘက်က အဆင်ပြေပါတယ်။ ပြောစရာတစ်ခုတော့ရှိတယ်၊ ဒီအိမ်မှာ ညတိုင်း ၉နာရီတိတိမှာ နှစ်ပါးသွား အချစ်ပွဲကြီး ကျင်းပမယ်။

ရှင်ရှိတာ၊ မရှိတာတော့ ကျွန်မမသိဘူး”





“တူပဲ တူနိုင်လွန်းလိုက်တာ”



ဘားခန်းတစ်ခုထဲတွင် လူနှစ်ယောက်၏အသံက သိသိသာသာကျယ်လောင်နေသည်။



“ခင်ဗျား ကယ်လီဖိုးနိးယားပြည်နယ်မှာ မွေးတာဆို”



“ဟုတ်တယ်လေ။ ခင်ဗျားကရော”



“ကျုပ်လည်း ကယ်လီဖိုးနိးယားကပဲ၊ ဟာ တိုက်ဆိုင်လိုက်တာဗျာ၊ ကျုပ်က စိန့်ဂျွန်(၁)မှာ ကျောင်းတက်လာတာ၊ ၈၇ အသုတ်လေ”



“ဟာ…ကျုပ်လည်း စိန့်ဂျွန်(၁)မှာ တက်ခဲ့တာပဲ။ ၈၇ အသုတ်ပဲပဲဗျ။ မယုံနိုင်စရာပဲဗျာ။ အံ့သြစရာတော့ တော်တော်ကောင်းနေပြီဗျို့”



ထိုအချိန်တွင် ဆိုင်၌ ပုံမှန်လာသောက်နေသော လူတစ်ယောက်က ၎င်း၏မိတ်ဆွေသစ်အား “လင်ဒန်တို့ အမြွှာညီအစ်ကိုမူးနေပြန်ပြီဗျ”ဟု ပြောလိုက်၏။

No comments:

Post a Comment