ဖော်ပြပါ အောင်းခြင်းရှစ်ပါး ဖြစ်ရပ်များကို ကြည့်လျှင် သတ္တလောကကြီးအတွင်း၌ နေထိုင်ကြရသော သူသူ ငါငါ သတ္တ၀ါမှန်သမျှတို့အတွက် သင်ခန်းစာယူရန် အချက်များ များစွာပါဝင်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်၏။
အချုပ်အားဖြင့် သတ္တလောကကြီးကား ကျယ်ပြောလှ၏။ သတ္တလောကကြီးအတွင်း၌ မြင်ရသောသတ္တ၀ါ ထက် မမြင်ရသော သတ္တ၀ါတို့က ပို၍ များပြား၏။ လိမ္မာယဉ်ကျေးသူထက် မလိမ္မာ မယဉ်ကျေးသော သတ္တ၀ါတို့က ပို၍များပြား၏။ ထို မလိမ္မာ မယဉ်ကျေးသော သတ္တ၀ါများ အားခွန်ဗလ၊ အစိုးရမူ၊ တန်ခိုးဣဒ္ဓိပါဒ်ကြီးမားလာခဲ့သော် ပို၍ကြောက်မက်ဖွယ် ကောင်း၏။ သတ္တလောကကြီးအတွက် အန္တရာယ်များ၏။
အထူးသဖြင့် အစိုးရမူနှင့် တန်ခိုးဣဒ္ဓိပါဒ်ကြီးမားသော နတ် နဂါး ဘီလူး စသူတို့သည် လောဘ၊ ဒိဋ္ဌိ၊ ဒေါသ၊ မာန်မာနများကြောင့် သတ္တလောကကြီးအား ချမ်းသာ ကြီးပွားအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရားရှင်နှင့် မြတ်စွာဘုရား၏ တပည့်များကိုပင် ဒုက္ခပေးခဲ့ကြကုန်၏။ “ငါ့ပိုင်နက်ကို ကျူးကျော်ရကောင်းလား၊ ငါ့အယူကို ထိပါးရ ကောင်းလား” စသည်ဖြင့် အန္တရာယ်ပြုကြကုန်၏။
လူသားများလောကတွင်လည်း မတန်မရာလောဘကြီးမူ၊ မနာလိုဝန်တို ကုန်းချောမူသည် အလွန်ကြောက်ဖွယ်ကောင်းသည်ကို တွေ့ရပြန်၏။ ဥပမာ - အင်္ဂုလိမာလကိုကြည့်လျှင် လူကောင်းက လူဆိုးဖြစ်ကာ နိုင်ငံတော် အန္တရာယ်အထိ ဖြစ်ခဲ့ဖူး၏။ ဗုဒ္ဓသမိုင်းတွင် အလွန်ရိုင်းစိုင်းသော အကျည်းတန်မူကြီးများသည်လည်း ထိုလောဘနှင့် မနာလိုဝန်တိုမူကပင် စတင်ပေါက်ဖွားခဲ့၏။ ရွဲကုန်သည်ဘ၀မှ စခဲ့သော မနာလိုဝန်တိုမူနှင့် မတရားလောဘကြီးမူကို အခြေခံခဲ့သော ရှင်ဒေ၀ဒတ်၏ ရန်ငြိုးဖွဲ့မူသည် လက်ဝဲရံ လက်ယာရံများကိုပင် စည်းရုံးကာ အာဏာစက်အကူအညီယူ၍ အတုအတူမရှိသော မြတ်စွာဘုရားရှင်ကိုပင် အကြိမ်ကြိမ် သေကြောင်းကြံခဲ့၏။

Friday, 17 December 2010
အောင်ခြင်းရှစ်ပါး သင်ခန်းစာ
အမျိုးအစား/ကဏ္ဍ
အောင်ခြင်းရှစ်ပါးဆိုင်ရာသိမှတ်ဖွယ်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment