၁။ တည်မြဲမှု လုံးဝမရှိခြင်းသည်သာ သက်ရှိ၊သက်မဲ့အားလုံးတို့၏ ဘယ်တော့မှ မပြောင်းလဲသော အမှန်တရား။
၂။ မတည်မြဲတာကိုက သဘာဝတရား၊ အမြဲနားလည်လက်ခံနေနိုင်ဖို့သာ ကြိုးစား။
၃။ တနေ့တနေ့ ကိုယ့်တဏှာနဲ့ကိုယ် အအားမရှိအောင် ချာချာလည်နေကြတာဘ၀ပါဘဲ။
၎။ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ငါ့လင်၊ ငါ့သား၊ ငါ့မယား၊ ငါ့သား၊ ငါ့သမီး၊ ငါ့အမေ၊ ငါ့အဖေ၊ ဆိုပီး သိမ်းပိုက်ထားတဲ့ အတွက်ပူရဘီပေါ့။
၅။ လှသလောက် အကျည်းတန်ရပီး လန်းသလောက်နွမ်းရတာချည်းဘဲ။
၆။ သံသရာခရီးမှာ အခုလိုအကန်း၊အကန်းချင်း အားကိုးနေလို့  ဘယ်မှမရောက်နိုင်ဘဲ ၊(၃၁)ဘုံထဲမှာ ချာချာလည်နေတာပါ။
၇။ ဖြစ်လေရာဘ၀၊ရောက်လေရာနေရာမှာ ငါ၊ငါ့ ဥစ္စာဖြစ်ဖို့ ချည်းသာအဆုံးမရှိအောင် လုပ်နေကြတာ ဘ၀ပါဘဲ။
၈။ ကိုယ်ဖန်ဆင်းထားတဲ့ ကိုယ့်ဘ၀အတွက်တော့၊ ကိုယ်ဟာ မရှိမဖြစ်၊ အရေးပါ အရာရောက်သူချည်း ဖြစ်နေတယ်လို့ထင်ရတာ။ တကယ်တော့ ကိုယ့်တဏှာနဲ့ ကိုယ်ရူတ်နေတာ။
၉။ အသိဥာဏ်ရှိတဲ့ လူ့ဘ၀မှာ တောင်ကောင်းတာမလုပ်ရင်၊ ဒုက္ခရောက်နေသူကိုတောင် ကူညီရကောင်းမှန်းမသိတဲ့ တိရစ္ဆာန် ဘ၀မျိုးရောက်သွားရင် ကောင်းမှုဘယ်လိုလုပ်တော့မလဲ။
၁၀။ ဘာမဆိုစိတ်ပါဘဲ၊ ဖြစ်ချင်ရင် ဘာမဆိုဖြစ်တာပဲ။ ဘာမှမဖြစ်ဖို့သာ ခက်တာပါ။
၁၁။ ခန္ဓာကို ငါထင်ရင် ၀ိုင်းနှိပ်စက်သမျှငါချည်းခံပေတော့။
၁၂။ ဘာမှမဟုတ်တာကို အဟုတ်ကြီးမှတ်ပြီး ကျေနပ်သာယာနေတာ ဘ၀ပါဘဲ။
၁၃။ ကိုယ့်တဏှာနဲ့ကိုယ်တော့ အရူးအမူး အငမ်းမရချည်းပါဘဲ။ ဘယ်ဘ၀မှ အရူးမကင်းဘူး။
၁၄။ သူ့လောကနဲ့သူတော့ ကိုယ်လိုတဏှာကောင်၊ မာနကောင်တွေနဲ့  ပြည့်နှက်နေတာပါဘဲ။
၁၅။ ငါဆိုတဲ့ မာန်မာနရှိနေသရွေ့ကတော့ကိုယ်လို မာန်မာနနဲ့ သူချင်းအဆုံးမရှိအောင် ပြိုင်ဆိုင်ရုံဘဲ။
၁၆။ ပြိုင်တယ်ဆိုထဲက အရှုံးချည်းဘဲ။ နဲနဲရူံးတာနဲ့ များများရူံးတာသာ ကွာတယ်။
၁၇။ ဘာမှမဟုတ်တာကို အဟုတ်မှတ်ပီး အရေးတကြီးလုပ်နေတာ လောကပါဘဲ။
၁၈။ မဟုတ်တာကို အဟုတ်လုပ်ထားတော့ ဟုတ်တာဘာမှန်းကို မသိတော့ဘူး။
No comments:
Post a Comment