၁။ နူတ်လျှင်ချိုငြား၊ သျှိုတစ်ပါးဟု၊ စကားလူတွင်၊ ပြဲ့ပြဲ့ထင်၏။
၂။ တင့်တယ်ဆင်းဝါ၊ လှတုံပါလည်း၊ ပညာမဲ့မှု၊ လောကီလူဝယ်၊ နည်းတူပုံဆောင်၊ ရနံ့ရှောင်သာ၊ အရောင်ရှိဆန်း၊ ပေါက်ပွင့်ပန်းနှင့် သဖန်းသီးမှည့်၊ ဆိုနိုင်ရှည့်လော့၊ ကိုယ်၏ရုပ်ဝါ၊ မလှပါလည်း၊ လိမ္မာသိကြား၊ ရှိတုံငြားက၊ ချယားပွင့်သေး၊ ကြိုင်ကြိုင်မွေးနှင့်၊ နက်လေးရသာ၊ ဂုဏ်သြဇာကြောင့်၊ စာငှားမငြီး၊ ပိန္နဲသီးသို့၊ မြှောက်ချီအားရ၊ နှစ်လိုကြ၏။
၃။ ဆွေမြတ်မျိုးကြီး၊ သမီးဖြစ်လျက်၊ ရောက်ယက်ယက်လျင်၊ ကြောက်ရှက်သရေ၊ မစောင့်ချေမှု၊ အလေအဖျင်း၊ ရိုင်းစုသွင်း၍၊ စာရင်းဦးချ၊ ကဲ့ရဲ့ကြလိမ့်။
၎။ သားရွှေဥ၊ မျက်ရူကြေးမုံ၊ သက်လုံးပုံကို၊ တူစုံမိဘ၊ ၀ိသေသဖြင့်၊ ဆုံးမဆိုမည်၊ မောင်နားလည်လော့။ ချစ်ကြည်သောအား၊ ရင်ခွင်ထား၍၊ ကစားလိုရာ၊ ပျော်ပါးစွာလျှင်၊ အိမ်မှာသို့ပင်၊ နေစေချင်လည်း၊ မယ့်ရွှေရင်နှစ်၊ ယောက်ျားဖြစ်လျက်၊ စင်စစ်စွဲမှတ်၊ အတတ်ပညာ၊ မရှိပါက၊ ရုပ်မှာမတော်၊ ဂုဏ်ညိုးလျော်သား၊ လှေလှော်ဝန်ထမ်း၊ အမှုကြမ်းကို၊ ကြိုးပမ်းဆောင်ရွက်၊ အသက်မွေးတတ်၊ ရှိတို့တတ်၏၊ စွဲမှတ်ပညာ၊ ၀ိဇ္ဇာ သိပ္ပ၊ တတ်စွမ်းကမှု၊ ဓနဥစ္စာ၊ ရတနာကို၊ ရှာ်လည်းရလွယ်၊ ပြည့်စုံကြွယ် ၏၊ တင့်တယ်လျောက်ပတ် သက်မွေးမြတ်၏။ မှတ်လော့စေ့စေ့၊ သို့ဖြစ်၍လျှင်၊ လောက်လွေ့ပညာ၊ တတ်လိမ္မာအောင်၊ ဆရာကောင်းထံ၊ နည်းနာခံ၍၊ သင်အံလေ့လာ၊ ကြိုးစားရာသည်၊ ရတနာမျက်ရူ သားရွှေဥ။
No comments:
Post a Comment