(ဂ) ဒေါသောစဏ္ဍန သဘာဝတော
ယေဘုယျေန နိရယံဂစ္ဆန္တိ။
ယေဘုယျေန နိရယံဂစ္ဆန္တိ။
ကြမ်းကြုတ်ခက်ထန် အမျက်မာန်ကြီးသည့် သတ္တိစွမ်းပကားဖြင့် ချေမူန်းအားအပြည့်ရှိသော ဒေါသသည် အများအားဖြင့် လူကို ငရဲသို့ သွင်း၍ ညှင်းဆဲတတ်လှချေ၏။
မသိဆိုး ဆိုးသွမ်းတတ်လေသူသည် -
(က) ဤသူကား သူကောင်းစိတ်ရှိသူမှန်းလည်း သိ၏။ သို့သော် ထစ်ခနဲဆိုငါ။
(ခ) ဤသူကား ယုတ်ညံ့စိတ်ရှိသူမှန်းလည်း သိ၏။ သို့သော် ထစ်ခနဲဆို ငါ့နှယ်။
သည့်အတူ မကောင်းမူ၌လည်း ရှက်တက်ကြောက်တတ်လေသူ မရှက်မကြောက်လေသူ စသည့် မြင်ရတိုင်းတွေ့ရတိုင်း အားလုံးတို့၌ပင် မိမိ၌ကပ်လိုက်နေသော မသိမုန်းငြိုးသတ္တိ၏ လူံ့ဆော်မူအတိုင်း ငါတယ်၊ တောက်တို့ဖြင့် ငေါက်ငေါက်ပါ ပြစ်မှားမိနေတတ်၏။ တစ်နေ့မဟုတ် တစ်ရက်မဟုတ် တစ်သက်လုံး အဖော်ခင်ကိုက် ခွေးလေးနှင့် သွားအတူလာအတူ လုပ်နေသော သခင်ပမာ ဒေါသနှင့် ငါ မကွေမကွာရှိ၏။
သေခါနီးဝယ် -
မိမိကိုယ်မိမိ မိမိခံစားနေရသော ဝေဒနာ၊ မိမိပြုစုနေကျ မိသားစု၊ ထိုသုံးခု၊ တစ်ခုခုတို့အပေါ် ထိုမကျေချမ်းစိတ်၊ နှလုံးမသာစိတ်ဖြင့်ပင် သေလွန်ရချေသော်ကား -
ဒေါသကငါ့ကို ဆွဲသဖြင့်လည်းကောင်း
ငါကလည်း ဒေါသကို ဆုပ်ကိုင်ထားမိသဖြင့်လည်းကောင်း
နှစ်ဦးသား ထွေးလားလုံးလား သွားရမည့်ဘုံကား ငရဲတည်း။ ထိုငရဲ၌စွဲသော အပူမှန်သမျှ ငါ့ပေါ်သို့ထိုးကျလာသော ငါ့ဒေါသပူများချည်းတည်း။
ဤမသိ၊ မသိကြိုက်၊ မသိမုန်း သုံးမျိုးတို့သည် မသိခြင်း၊ သိသော်မှ မေ့မေ့ဖြင့်ခံစားရသော ဆိုးကျိုးများချည်း မှတ်ပါလေ။
ဤကား မေ့ခြင်း၏ နောင်ကျိုး ဆိုးပြစ်များတည်း။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment