- လူသည် မိုးကို ဦးခေါင်းရွက်လျက်က သွားလေ့ရှိ၏။
- ခွေးသည် ထိုမိုးကို ကျောပေးလျက်က သွား၏။
ထိုခွေး မိုးကို ကျောပေးသွားနေသော် အောက်သို့ငုံ့ကြည့်၍သာ သွားနေမည်သာဖြစ်ရာ အောက်ကြည့် ကြည့်၍သွားနေသော ထိုခွေး၏ အသိသည်လည်း အောက်သိသာရှိရာ၏။ အထက် မော့မကြည့်သဖြင့် အထက်သိကာ မရှိနိုင်။
တစ်ဖန် ကန့်လန့်သွားသည် အရှေ့မှအနောက်သို့သော်လည်း ခရီးပေါက်ရာ၏။ သို့မဟုတ် မြောက်မှတောင်သို့သော်လည်း ခရီးပေါက်ရာ၏။ သို့မဟုတ် မြောက်မှတောင်သို့သော်လည်း ခရီးပေါက်ရာ၏။ အောက်မှအထက်သို့ကား အဘယ်နည်းနှင့်မျှ ခရီးမပေါက်နိုင်ပါ။
တစ်ဖန် ခွေး၏ အမူအကျင့်များကိုလည်းကြည့် -
(က) ကြိုက် ကြိုက်သလို၊ မိတ်လိုက်တတ်သော ဓလေ့ကို ခွေးဘယ်သောကာလမှ မမေ့။
(ခ) မုန်း မုန်းသလို လိုက်ကိုက်တတ်သောဓလေ့ ထိုခွေး ဘယ်တော့မှ မမေ့။
(ဂ) မသိ မသိသလို မသိလိုက်ဖာသာနေမူကိုလည်း ထိုခွေး ဘယ်တော့မှ မစွန့်။
- ထိုအမူအကျင့် သုံးခုတို့သည် ခွေးကိုင်လက်နက်များတည်း။
- ထိုအမူအကျင့် သုံးခုတို့သည် ခွေးပိုင်ဓလေ့ချည်းများတည်း။
- ထိုအမူအကျင့် သုံးခုတို့သည် ခွေးသုံယဉ်ကျေးမူများတည်း။
ထိုသုံးမျိုး ပိုင်ဆိုင်ထားသော ခွေးတိရစ္ဆာန် မည်သို့လျှင် အထက်သို့ တက်နိုင်ပါမည်နည်း။
ထိုသုံးမျိုးတို့သည့် မေ့-မသိမှလာသော သုံးပွင့်တစ်ခိုင်များဖြစ်ကြရာ ထိုသုံးပွင့်တစ်ခိုင်၌ အစွဲနာနေခြင်းက တစ်ကိစ္စ၊ ၀ဋ်တုံ့-၀ဋ်ကြွေးပေးချေစရာ ရှိနေသည်က တစ်ကိစ္စတို့ကြောင့် ထိုခွေးအထက်နှင့် အလှမ်းဝေးလွန်းလှချေသည်။ အထက်မရောက်သော် အထက်ရောက်သူတို့မှ ရနိုင်သောမဂ်ဖိုလ်ကို မည်သို့မျှော်ကြည့်နိုင်အံ့နည်း။ ထို့ကြောင့် ထိုအကျင့်ဆိုးသုံးမျိုးတို့ကို မဂ်ဖိုလ်၏ ကန့်လန့်အကျင့်ဟူ၍ မှတ်ခဲ့ပါလေ။
(၁) ကိုယ်မသိတိုင်း သူ့ကိုကြိုက်၍ သူ့ လိုက်စော်ကားခြင်းသည် မဂ်ဖိုလ်နှင့်ဝေးသော အကြောင်းတည်း။
(၂) ကိုယ်မသိတိုင်း သူ့ကိုမုန်း၍ သူ့သွားပြစ်မှားခြင်းသည်လည်း မဂ်ဖိုလ်နှင့်ဝေးသော အကြောင်းတည်း။
ထိုသို့ဖြစ်ရသည်မှ မသိသောအတိတ်ကံက တွန်းထိုးပို့ပေးလိုက်သော မသိအကျိုးပေး၊ မသိကောင်လေးဘ၀ ရောက်ရခြင်းကြောင့်တည်း။ ထိုသူ နိဗ္ဗာန်ရရပါလို၏ မည်မျှအော်အော် ပုံဖော်ရန်ကား ခဲယဉ်းပြီ။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏ နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment