ဖြစ်နိုင်ပါတယ်။ မေတ္တာပို့သူ ရရှိတဲ့အကျိုး ၁၁-ပါးထဲမှာ အိပ်မက်ဆိုးတွေ မမက်ဘူးလို့ ပါပါတယ်။ ဟောက်တယ်၊ ယောင်တယ်၊ သွားကြိတ်တယ်၊ အိပ်တဲ့အခါ ငြိမ်ငြိမ်ဆိမ်ဆိမ် သိပ်မရှိဘဲ လူးလှိမ့် ကန်ကြောက်ပြီး အိပ်ရတယ်ဆိုတာက သက်သက်သာသာ မအိပ်နိုင်တဲ့ သဘော၊ ချမ်းချမ်းသာသာ မနိုးရတဲ့သဘော ဖြစ်ပါတယ်။
မေတ္တာပွားများပြီး အိပ်ခြင်းဖြင့် အထက်ပါရောဂါတွေ ပျောက်ပြီး မေတ္တာအကျိုးတွေကို ခံစားရဖို့ ရှိပါတယ်။ ကျမ်းဂန်မှာ တိုက်ရိုက်မလာပေမယ့် ချမ်းသာစွာ အိပ်ရ၊ နိုူးရတယ်ဆိုတဲ့ မေတ္တာအကျိုး ၂-ပါးမှာ အကျုံးဝင်တဲ့အတွက် မေတ္တာအထူးပို့အိပ်တဲ့လူဟာ အအိပ်ကြမ်း၊ ဟောက်ခြင်း၊ သွားကြိတ်ခြင်းတွေ ပျောက်နိုင်ခြင်း ဖြစ်ပါတယ်။
ဆရာတော်ကြီး တစ်ပါးက ဟောက်တတ်တဲ့ ဒုလ္လဘရဟန်းတစ်ပါးကို နည်းပေးလမ်းပြ ပြုလုပ်ခဲ့ရာ တစ်လအတွင်း နည်းပါးသွားပြီး နှစ်လလောက်မှာ လုံးဝပျောက်သွားခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်တွေ့ကို သူငယ်ချင်းတွေကို တစ်ဆင့်ပြောပြရာက သူငယ်ချင်းတွေလဲ လက်တွေ့ ပျောက်ကင်း ခံစားရတယ်လို့ ဆိုပါတယ်။ ဟောက်တတ်၊ သွားကြိတ်တတ်၊ အအိပ်ကြမ်းတဲ့ ရောဂါတွေကို ကုနိုင်တဲ့ ခေတ်မီ ဆေးဝါးသိပ္ပံဆေး မရှိသေးဘဲ တန်ဖိုးမကြီးတဲ့ လက်တွေ့ပျောက်ကင်းနေတဲ့ ဘုရားရှင်ရဲ့ မေတ္တာဆေးတော်ကြီးကို ယုံကြည်စွာ မှီဝဲနိုင်ကြပါစေ။

Tuesday, 21 September 2010
ညအိပ်တဲ့အခါ ဟောက်တတ်၊ ယောင်တတ်၊ သွားကြိတ်တတ်၊ အအိပ်ကြမ်းတဲ့ လူတွေဟာ မေတ္တာများများ ပို့အိပ်ရင် အထက်ပါအကျင့်တွေ ပျောက်တယ်ဆိုတာ ဖြစ်နိုင်ပါသလား?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment