အထက်မေတ္တာမှာ ဖော်ပြခဲ့တဲ့ သြဓိသ အနောမိသ၊ ပုဂ္ဂိုလ် ၁၂-မျိုးဟာ ဆင်းရဲဒုက္ခ ကြုံတွေ့နေရင် သဗ္ဗေသတ္တာ ဒုက္ခာမုစ္စ န္တု = ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ သတ္တ၀ါအားလုံး ဆင်းရဲဒုက္ခမှ လွတ်ကင်းပါစေလို့ ကရုဏာ ၁၂-မျိုးကို ပွားရမယ်။ ပြီးတော့ အရပ် ၁၀-မျက်နှာမှာရှိတဲ့ ပုဂ္ဂိုလ် ၁၂၀ ကို ဆင်းရဲဒုက္ခ ရောက်နေကြတဲ့ အရှေ့အရပ်မှာ များသတ္တ၀ါ ဆင်းရဲကင်းကွာကြပါစေ စသည်ဖြင့် ကရုဏာ ၁၂၀- ပို့ရမယ်။ အဲဒီတော့ ကရုဏာ ၁၃၂-ပါး ဖြစ်သွားပါတယ်။
No comments:
Post a Comment