ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 26 September 2010

ဒါနဟာ သံသရာ ရှည်စေတယ်ဆိုတာ မှန်ပါသလား?

မဟုတ်ပါဘူးး။ သံသရာမှ လွတ်မြောက်လိုတဲ့ အလောင်းတော်တွေဟာ ဒါနဟာ သံသရာမှ ထွက်မြောက်ကြောင်းဖြစ်လို့သာ ဒါနပါရမီကို ပြုလုပ်ကြပါတယ်။ ပါရမီ ၁၀-ပါးမှာ ဘုရားလောင်းတွေဟာ ဒါနပါရမီကို ပထမဆုံးဖြည့်ကြပါတယ်။

အလောင်းတော်ဟာ မိမိအတွက် ခုဘ၀ နောက်ဘ၀ သာယာရေးအတွက် ဘာတစ်ခုမျှ မတောင့်တကြ၊ သတ္တ၀ါအများ ကောင်းစားစေလို ချမ်းသာစေလိုသော စေတနာသာထား၍ လှူဒါန်းပေးကမ်းကြတယ်။ ဤဒါနမျိုးကို ပါရမီမြောက်ဒါနလို့ ခေါ်ပါတယ်။

အကယ်၍ တောင့်တလိုလျှင်လည်း သံသရာမှ လွတ်မြောက်ရေးအတွက် နိဗ္ဗာန်ကိုသာ တောင့်တ၏။ ထိုတဏှာမှ လွတ်ရာနိဗ္ဗာန်ကို တောင့်တသော ၀ိဝဋ္ဋနိဿိတဒါနသည် သံသရာကို မရှည်စေသည့်ပြင် သံသရာမှ မြန်စွာ လွတ်မြောက်ကြောင်းပင် ဖြစ်နိုင်ပါတယ်။

2 comments:

  1. ဒါနကိုပယ်ချင်တဲ့စကားအောင်ပိုင့်ရှေ့လာပြောရင်အရမ်းမုန်းတယ် လှူတဲ့နေရာမှာ နိဗ္ဗာန်မျက်
    မှောက်ဘဝတိုတိုနဲ့ရောက်ရပါလို၏ဆုတောင်းရင်ပြီးတာပဲဟာက

    ReplyDelete