ယနေ့ ကျွန်ူပ်ပြုလုပ်ခဲ့တဲ့ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး လှူဒါန်းမူဒါနကုသိုလ်၊ ဆောက်တည်ခဲ့တဲ့ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကုသိုလ်၊ ပရိတ်တော်ကို ရွတ်ဖတ်ကာ မေတ္တာပွားများခဲ့တဲ့ ဘာဝနာကုသိုလ် အဖို့အစုကို ကျေးဇူးရှင် အမိအဘ အဘိုးအဘွား ဆွေမျိုး မိတ် သင်္ဂဟနှင့် အိမ်သူ အိမ်သားအားလုံး၊ ဆွေမျိုး တော်မတော်သော ပြိတ္တာအားလုံး ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ ရွာစောင့်နတ်၊ မြို့စောင့်နတ်၊ သာသနာတော်စောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ အစရှိတဲ့ နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့အားလည်းကောင်း၊ ယမမင်းအားလည်းကောင်း အမျှပေးဝေပါ၏။ ကိုယ်စီ ကိုယ်ငအားလုံး အမျှရကြပါစေသတည်း။ အားလုံး ကြားကြားသမျှ အမျှ ရကြပါစေသတည်၊ အမျှ…အမျှ…အမျှ ယူတော်မူကြပါကုန်လော့-လို့ အမျှဝေရပါတယ်။
မြန်မာလူမျိုး ဗုဒ္ဓသာသနာ ၀င်တို့ရဲ့ သိပ်ပ်ပ်.... ချစ်စရာကောင်းတဲ့ ဓလေ့လေးပါ။
ReplyDelete