ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 19 September 2010

မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာလေးပါးကို ဘာဖြစ်လို့ အပ္ပမညာ ဗြဟ္မ၀ိဟာရ၊ ဗြဟ္မစရိယ တရားလို့ခေါ်သလဲ?

သူတပါးရဲ့ အကျိုးစီးပွားကို လိုလားခြင်း၊ ဆင်းရဲဒုက္ခရောက်နေတဲ့ ဒုက္ခိတသတ္တ၀ါတွေကို ဒုက္ခာမုစ္စန္တု-ဆင်းရဲဒုက္ခမှ ကင်းလွတ်ကြပါစေလို့ ပွားများတာကို ကရုဏာ သနားကြင်နာခြင်းလို့ ခေါ်ပါတယ်။

ဒီတရားလေးပါးဟာ အတိုင်းအတာမရှိများပြားတဲ့ သတ္တ၀ါတွေကို အာရုံပြုပြီး ပွားများရတဲ့အတွက် အပ္ပမညာ တရားလို့ ခေါ်ပါတယ်။

ဒီတရားလေးပါးကို ပွားများနေခြင်းဟာ မြင့်မြတ်တဲ့နေခြင်းဖြစ်လို့ ဗြဟ္မ၀ိဟာရလို့ ခေါ်ပါတယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အကျင့်တရားတွေဖြစ်လို့ ဗြဟ္မစရိယတရား မြန်မာလို ဗြဟ္မစိုရ်တရားလို့လဲ ခေါ်တာဖြစ်ပါတယ်။

No comments:

Post a Comment