ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 8 October 2010

ပဋ္ဌာန်း ၂၄-ပစ္စည်းအကျဉ်း

ပဋ္ဌာန်း ၂၄-ပစ္စည်း ဖြစ်တော်စဉ်
ဂေါတမ မြတ်စွာဘုရား သခင်သည် ဘုရားဖြစ်တော်မူပြီးလျှင် နေရာ(၇)မျိုး ပြောင်းလဲ၍ စံမြန်းတော်မူသည်ကို သတ္တဌာနဟု အများသိကြလေသည်။ ထိုသတ္တဌာန စံနေတော်မူစဉ် ရတနာဃရ စံအိမ်တော်အတွင်း၌ အလွန်ခက်ခဲ နက်နဲလှသော ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်သုံးသပ်တော်မူမှ ကိုယ်တော်မှ ခြောက်သွယ်သော ရောင်ခြည်တော်များ တပြိုင်တည်း ထွက်ပေါ် ကွန့်မြူး လာလေသည်။ ထိုအချိန်မှစ၍ ၂၄-ပစ္စည်း ပဋ္ဌာန်းဒေသနာတော် စတင်ဖြစ်ပေါ် ရွတ်ဆိုပွားများခဲ့ကြသတည်။

ပဋ္ဌာန်းပါဠိတော်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပစ္စယုဒ္ဒေသပါဠိ
ဟေတုပစ္စယော

အာရမ္မဏပစ္စယော

အဓိပတိပစ္စယော

အနန္တရပစ္စယော

သမနန္တရပစ္စယော

သဟဇာတပစ္စယော

အညမညပစ္စယော

နိဿယပစ္စယော

ဥပနိဿယပစ္စယော

ပုရေဇာတပစ္စယော

ပစ ၦာဇာတပစၥေယာ

အာသေ၀နပစ္စယော

ကမ္မပစ္စယော

ဝိပါကပစ္စယော

အာဟာရပစ္စယော

ဣန္ဒြိယပစ္စယော

ဈာနပစ္စယော

မဂ္ဂပစ္စယော

သမ္ပယုတ္တပစ္စယော

ဝိပ္ပယုတ္တပစ္စယော

အတ္ထိပစ္စယော

နတ္ထိပစ္စယော

ဝိဂတပစ္စယော

အ၀ိဂတပစ္စယောတိ

မစ္စယုဒ္ဒေသော နိဋ္ဌိတော။

(ပဋ္ဌာန်း ၂၄-ပစ္စည်း အကျဉ်းပြီး၏)

ပဋ္ဌာန်း၂၄-ပစ္စည်းရွတ်ဖတ်ရခြင်းအကျိုး
ပဋ္ဌာန်း၂၄-ပစ္စည်း ပစ္စယနိဒ္ဒေသပါဠိကို အမြဲမပြတ် ရွတ်ဖတ် ပွားများသူတို့မှာ အရပ်ရှစ်မျက်နှာမှ ဘေးရန်များကို ကာဆီး ဟန့်တား နိုင်ခြင်း၊ သူခိုး၊ ဓားပြရန်၊ မကောင်းဆိုးဝါး၊ အောက်လမ်းပညာဖြင့် ကြံစည်သူတို့ရန်မှ ကင်းဝေးစေပါသည်။

အထက်ဖော်ပြပါ ပဋ္ဌာန်း ၂၄-ပစ္စည်းပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment