ရှေးဦးစွာ သီလဖြူစင်အောင် စောင့်ထိန်းရမယ်၊ ပြီးတော့ သမာဓိတည်ကြည်အောင် သမထဘာဝနာကို အားထုတ်ရမယ်။ သမာဓိ အားကောင်းလာတဲ့အခါ ရုပ်နာမ်တရားတွေရဲ့ မမြဲမူ၊ ဆင်းရဲမူ၊ အစိုးမရမူကို သုံးသပ်ဆင်ခြင်ကာ ၀ိပဿနာ ဘာဝနာကို ပွားများရမယ်။ တရားအားထုတ်နည်း အကျယ်ကိုသိချင်ရင် သိသုဒ္ဓိမဂ် မြန်မာပြန်ကျမ်းတွေကို ဖတ်ရမယ်။ လက်တွေ့တရား အားထုတ်ချင်ရင် ရိပ်သာတစ်ခုခုကို သွားပြီး ဆရာကောင်းထံ ချဉ်းကပ်၍ ဇွဲလုံ့လကောင်းကောင်းနဲ့ အားထုတ်ကြရမယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အဆင့်သုံးဆင့်ကို အစဉ်အတိုင်း အားထုတ်သွားရင် မဂ်ဖိုလ်နိဗ္ဗာန် အကျိုးထူးကို ခံစားရပါမယ်။
No comments:
Post a Comment