ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 8 October 2010

ငါးရံ့မင်းပရိတ်တော်ဖြစ်စဉ် ပါဠိတော် အကျိုးသွား

ငါးရံ့မင်းပရိတ်တော်ဖြစ်စဉ် ၀တ္ထု
ဘုရားအလောင်းတော်နုစဉ် ငါးရံ့မင်း ဖြစ်စဉ်က တစ်ခုသော နွေရာသီတွင် မိုး အလွန်ခေါင်လှသဖြင့် ရေကန်တွင်းရှိ ရေများခန်းခြောက်သည်ထက် ခန်းခြောက်ပြီး ငါး၊ လိပ်၊ သတ္တ၀ါများမှာ ရေထဲတွင် မကူးခပ်နိုင်၊ မလူပ်ရှားနိုင်ဘဲ ရေပေါ်သို့ ပေါ်လာလေသည်။

ထိုပေါ်လာသော လိပ်၊ ငါး၊ ဖား စသော ရေနေသတ္တ၀ါတို့ကို ကျီး၊ စွန်များနှင့် လင်းတများက လာရောက် ထိုးသုတ် ဆယ်ယူ စားသောက်ခြင်းကို ခံကြရလေတော့သည်။

ထိုအဖြစ်ကိုမြင်ရသော အလောင်းတော် ငါးရံ့မင်းမှာ မိမိ၏ အမျိုးအဆွေ ရေနေသတ္တ၀ါများကို ကြာမျိုးငါးပါးနှင့် ပြည့်စုံစွာ သာယာအေးမြ ရေပေါလှသော ကန်ကြီးတို့ကို ရှာဖွေ ရွှေ့ပြောင်းပေးချင်လှသော စိတ်ဆန္ဒပြင်းပြ သော်လည်း လူသတ္တ၀ါများကဲ့သို့ စွမ်းနိုင်သောဘ၀ မဟုတ်သဖြင့် များစွာပင် စိတ်ဒုက္ခရောက်၍ နေရရှာလေတော့သည်။

ကြာလေ ရေခန်းလေ အဖြစ်ဆိုးလေ ဆိုရမည့် ဒုက္ခကို မရူရက် မမြင်ရက်သည့် အဆုံးတွင် -
“သိတတ်သည့်အရွယ်မှစ၍ ယနေ့ထိ သူတစ်ပါး၏ အသက်ကို သေစေလိုသော စိတ်ဖြင့် စားမျိုခဲ့ခြင်း မရှိပါ။ ဤမှန်ကန်သော သစ္စာစကားဖြင့် မိုးများရွာသွန်းပါလော့” ဟု သစ္စာပြုလိုက်တော့သည်။

ထိုသို့ သစ္စာပြုလိုက်သည်နှင့် တစ်ပြိုင်နက် ပူပြင်းလှသည့် နေမင်းကြီး အရှိန်ကွယ်ပျောက်ကာ ကောင်းကင် တစ်ပြင်လုံး အုံ့မိုင်း ညိုမည်း လျှပ်စီးရောင်ဝင်းကာ ပြင်းစွာ ထစ်ချုန်း သည်းစွာသော မိုးကြီး ရွာချလိုက်လေတော့သတည်း။

ထိုအချိန်မှစ၍ ငါးရံ့မင်းပရိတ် (ခေါ်) မစ္ဆသုတ်တော် ဖြစ်ပေါ် ရွတ်ဆိုပွားများခဲ့ကြပါသတည်း။

ငါးရံ့မင်းပရိတ် (ခေါ်) မစ္ဆရာဇသုတ်ပါဠိ
(၁) ပူရေန္တံ ဗောဓိ သမ္ဘာရေ၊
နိဗ္ဗတ္တံ မစ္ဆ ယောနိယံ။
အာစရိ စိတဉ္စ ဉာတတ္ထံ၊
မဟာမေဃံ ပ၀ဿိယ။

(၂) သဿာပေသိ ဂိမှာနေပိ၊
မစ ၦရာဇာ မဟာဒေယာ။
သုတ္တဿ တေဇသာ ယဿာ၊
သုတ္တနံ္တ၀ ဘဏာမ ဟေ။

(၃) ပုနာပရံ ယဒါ ဟောမိ၊
မစ ၦရာဇာ မဟာသေရ။
ဥဏှေ သူရိယ သန္တာပေ၊
သရေ ဥဒက ခီယထ။

(၄) တတော ကာကာ စ ဂိဇ္ဈာ စ၊
ကင်္ကာ ကုလလ သေနကာ။
ဘက္ခယန္တိ ဒိဝါရတ္တိံ၊
မစ္ဆေ ဥပနိသီဒိယ။

(၅) ဧ၀ံ စိန္တေ သဟံ တတ္ထ၊
သဟ ဉာတီဟိ ပီဠိတော။
ကေန နုခေါ ဥပါယေန၊
ဉာတီ ဒုက္ခာ ပမောစယေ။

(၆) စိန္ထယိတွာန ဓမ္မတ္ထံ၊
သစ္စံ အဒ္ဒသ ပဿယံ။
သစ္စေဋ္ဌတွာ ပမောစေသိံ၊
ဉာတီနံ တံ အတိက္ခယံ။

(၇) အနုဿရိတွာ သတံဓမ္မံ၊
ပရမတ္ထံ ၀ိစိန္တယံ။
အကာသိံ သစ္စကိရိယံ၊
ယံ လောကေ ဓုဝသဿတံ။

(၈) ယတော သရာမိ အတ္တာနံ၊
ယတော မတ္တာသ္မိ ၀ိညုတံ။
နာဘိ ဇာနာမိ သဉ္စိစ္စ၊
ဧကံ ပါဏံပိ ဟိံသိတံ။
ဧတေန သစ္စ၀ဇ္ဇေန၊
ပဇ္ဇုန္နော အဘိ သဿတု။

(၉) အဘိတ္ထနယ ပဇ္ဇုန္န၊
နိဓိံ ကာကဿ နာသယ။
ကာကံ သောကာယ ရန္ဓေဟိ၊
မစ္ဆေ သောကာ ပမောစယ။

(၁၀) သဟကတေ သစ္စ၀ရေ၊
ပဇ္ဇုန္နော အဘိ ဂဇ္ဇိယ။
ထလံ နန္နဉ္စ ပူရေန္တော၊
ခဏေန အဘိ ၀ဿထ။

(၁၁) ဧ၀ရူပံ သစ္စ၀ရံ၊
ကတွာ ၀ီရိယ မုတ္တမံ။
ဝဿာပေသိံ မဟာမေဃံ၊
သစ္စတေဇ ဗလဿိတော။
သစ္စေန မေ သမော နတ္ထိ၊
ဧသာ မေ သစ္စပါရမီ။

ငါးရံ့မင်းသုတ်တော် ရွတ်ဆိုရခြင်း၏အကျိုး
ငါးရံ့မင်းသုတ်တော်ကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်းအားဖြင့် ရွာစေချင်သောမိုးကို သွန်းဖြိုး ရွာစေနိုင်ပါသည်။ အလွန်ပူလောင်ပြင်းပြသော ရာသီတွင် ရွတ်ဖတ်ပါက မိုးကာလမဟုတ်၍ မိုးမရွာသည့်တိုင် အုံ့အုံ့မိုင်းမိုင်းနှင့် အပူရှိန်လျော့ပါးပြီး လေပြည်လေအေး တိုက်ခတ်ခြင်းအားဖြင့် အပူရှိကြောင့် ဖြစ်စေသော ရောဂါဘေးများ ကင်းဝေးစေနိုင်ပါသည်။

အထက်ဖော်ပြပါ ငါးရံ့မင်းသုတ်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

2 comments:

  1. တစ်ကယ်တော့ ပရိတ် တရားတော်တွေ ဆိုတာ သစ္စာ ပြုတာတွေ များတယ်လို့ပဲ သိထားပါတယ်။

    ဥမာ အနော်သိတဲ့ အင်္ဂုလိမာလ သုတ်တော် လိုပေါ့လေ။

    ReplyDelete
  2. ကျေးဇူးပဲနော်...
    ငါးရံ့မင်း ပရိတ်တော်ရဲ့ ဖြစ်စဉ်လေး တွေကို သိခွင့်ရလိုက်တဲ့ အတွက်..

    ခင်မင်စွာဖြင့်
    ဇော်သိင်္ခ

    ReplyDelete