ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 30 July 2012

မျောက်က ကျားပေါက်ကို နို့တိုက်

စနေနေ့က ဘန်ကောက်မြို့ပြင် Samut Prakan Crocodile Farm and Zoo မှာ ချင်ပန်ဇီ တကောင်က ကျားပေါက်လေးကို နို့တိုက်နေတာပါ။


စမွတ်ပရာကန် ခရိုင်ထဲက မိချောင်းမွေးမြူရေးစခန်း နဲ့ တိရစ္ဆာန်ဥယျာဉ် ဖြစ်ပါတယ်။

တိရစ္ဆာန်တွ ဒီလို ချစ်ခင်နေကြတာကို သတင်းမှာ တွေ့ရပေမယ့် လူသားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေမှာတော့ မျက်နှာချင်း မဆိုင်နိုင်ကြ၊ ရန်စောင်ကြ၊ စစ်ခင်းကြ၊ ခုတ်ထစ်နေကြတာတွေ တွေ့နေရပါတယ်။


ချင်ပန်ဇီက အသက် ၂ နှစ်၊ နာမည်က Do Do

ကျားပေါက်က ရက် ၆၀၊ နာမည်က Aorn

"ခဏလေး ... ၊ ခဏလေး ... ငါ မြည်းကြည့်အုံးမယ်......"

"ရော့ ...ရော့ ...၊ ရပြီ၊ ရပြီ၊ ရပြီ ... မပူဘူး၊ ကောင်းမှ ကောင်း..."

  “ဒီတဘူးကုန်ရင် အိပ်ရမယ်နော် ....”
ကိုကြီးပေါက် (စလေ)ဆိုဒ်မှ ကူးယူတင်ပြခြင်းဖြစ်ပါသည်။
 
မူရင်းလင့်ခ် အရှင်ကောသလ္လ(မစိုးရိမ်) ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

အိန္ဒိယက အဆင့်မြင့်သူခိုးလုံခြုံရေး သော့များ


မူရင်းလင့်ခ် နော်ဆိုင်ဟတ်ပါ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

အိန္ဒိယစက်လှေ

မူရင်းလင့်ခ် နော်ဆိုင်ဟတ်ပါ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

ရောင်စုံ ပုရွက်ဆိတ်လေးတွေပါ


 
ပုရွက်ဆိတ်လေးတွေက သူတို့စားတာလေးတွေကို သူတို့လေးတွေရဲ့ဝမ်းဗိုက်မှာ လာပေါ်ပါတယ်... ဒီပေါ်ကပုံတွေကတော့ Mohamed Babuရဲ့ စမ်းသပ်ထားတဲ့ ရိုက်ချက်တွေပါပဲ။ ကြံကြံဖန်ဖန် စမ်းသပ်ခြင်းလဲ ဖြစ်ပါတယ်။ ဘယ်လိုကင်မရာမျိုး အသုံးပြု၍ ရိုက်ထားလေသနည်းတော့ မပြောတတ်။ကြည့်ရတာတော့ ကြည့်ကောင်းလှပေ၏။ကိုယ်တွေမြင်ဖူးတဲ့ ပုရွက်ဆိပ်ဆိုတာတွေက မဲမဲတူတူးလေးတွေ၊ပုစိညှောင့်တောင့်လေးတွေ မိုလို့  သူတို့ ဗိုက် ဘာအရောင်ရှိလဲ သေချာမသိ။

ခါချဉ်ဆိုလား အဲအကောင်တွေကို စမ်းရင်တော့ ရမည်ထင်၏။ ဟုတ်မဟုတ် စမ်းသပ်ချင်ရင်တော့ ခါချဉ်တွေ လိုက်ဖမ်းပြီးစမ်းပေတော့။ အရောင်တစ်မျိုးထဲစားရင်တော့ ဗိုက်မှာ တစ်ရောင်ထဲပေါ်မှာပေါ့။

nawnaw နော်ဆိုင်ဟတ် လားရှိုး
မှတ်ချက်။  ။ မီးအိမ်ရှင် မှ ယူလာပါသည်။

မူရင်းလင့်ခ် နော်ဆိုင်ဟတ်ပါ ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

ကလေးအရွယ်ရှိ ဖားကြီး မလေးရှားမှာဖမ်းမိ


 
အသက် ၇ နှစ် (သို့) ၈ နှစ် အရွယ် ကလေး တစ်ယောက်ရဲ့ အလေးချိန် နဲ့ ညီမျှတဲ့ ဖားကြီးတစ်ကောင်ကို မလေးရှားနိုင်ငံ Negeri Sembilan ပြည်နယ်မှာ ဖမ်းမိခဲ့ပါတယ်။ ကီလိုဂရမ် ၂၀ ရှိပါသတဲ့။

ဒီရဲ့ ဧရာမ ကုန်းနေ ရေနေသတ္တဝါ ဖားကြီးကို Orang asli လို့ခေါ်တဲ့ လူနည်းစု တိုင်းရင်းသားမျိုးနွယ်ဝင်တစ်ဦးက ဖမ်းခဲ့တာပါ။
 
Gemencheh တောင်တန်းဒေသမှာ ဖမ်းမိတဲ့ ဒီဖားကြီးကို တယ်လီဖုန်းကင်မရာကိုင်သူတယောက်က အထက်ပါပုံအတိုင်း မှတ်တမ်းတင်ထားပါတယ်။ 

မလေးငွေ RM 500 (US 167) ပေးပြီး ၀ယ်ပေမယ့် ဖားဖမ်းသူက RM 1000 (US 335)တောင်းနေတယ်လို့ ဆိုပါတယ်။
 
(ဘလော့ဂ်တစ်ခုမှ ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်)
 
မူရင်းလင့်ခ် မောင်အောင်နိုင် ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။
 

အမြီးပေါက်တဲ့ လူသားများ

တိရစ္ဆာန်တွေမှ အမြီးပေါက်တာ ဟုတ်ပါဘူးဗျာ၊ လူတွေမှာလည်း အသားပိုလို့ခေါ်တဲ့ အမြီးတွေပေါက်နေကြပါတယ်။

မွေးကတည်းက အမြီးလေးပေါက်နေတာပါ။( အရက် ဘီယာသမားတွေအတွက်အမြည်းဟုတ်ဘူးနော်)

 
လန့်စရာကြီးပါဗျာ။(တောင်တွေးမြောက်တွေး မတွေးကြနဲ့ဦး)

မူရင်းလင့်ခ် မောင်အောင်နိုင် ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

Sunday, 29 July 2012

ခေတ် အဆက်ဆက်က လေယာဉ်တင် သဘောင်္ကြီးများ

 
မူရင်းလင့်ခ် Ko Thu Rain ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

ကမ္ဘာ့အကြီးဆုံးလေယာဉ်...(World's Biggest Airplane)

ဒီလေယာဉ်ဟာ (Antonov 225)လို့အမည်ရပြီး ရုရှားနိုင်ငံကထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘီးပေါင်း ၃၂ ဘီးပါရှိပြီး ကမ္ဘာ့အကြီးဆုံးသော လေယာဉ်တစ်စီးလဲ ဖြစ်ပါတယ်။


















































မူရင်းလင့်ခ် အာရုံအိမ်မက် ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။