ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif
Sunday 29 July 2012
မက္ကစီကိုက လျှို့ဝှက်ဆန်းကြယ်ပြီးကြောက်မက်စရာ စုန်းကဝေဈေး
Russia’s"Pravda"ဆိုသည့်ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ ထိုင်ပြိုင်ပွဲက ကမ္ဘာ့ကြောက်စရာအကောင်းဆုံးနေရာများ ကိုရွေးချယ်ကြရာတွင် မက္ကစီကိုမြို့မှ Sonoraတွင် တည်ရှိပါတယ်။ ခေါ်စုန်းကဝေဈေးမှ ကမ္ဘာပေါ်တွင်ကြောက်စရာ အကောင်းဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နေသည်ဟု သတ်မှတ်ခံထားရခြင်းဖြစ်ပါသည်။ ထိုဈေးကတော့ လမ်းဘေးတွင် ကပ်ကာသေးငယ်သော ယာယီမဏ္ဍပ်များ ထိုးကာဖြင့် ရောင်းချကြပြီး ထိုရောင်းချသူများအနေနှင့် တစ်နေ့ကိုအခွန် 10$ ဆောင်ရရတယ်လို့ သိရပါတယ်။ ထိုအခွန်ငွေကိုဆောင်မှသာလျှင် ရောင်းချခွင့်ရှိပါတယ်။ ထိုဈေးသို့ နေ့စဉ်ဖွင့်လစ်ထားပြီး ကမ္ဘာ့လှည့်ခရီးသည်များ လာရောက်ကြည့်ရှုလည်ပတ်ကြတယ်လို့ သိရပါတယ်။ ထိုဈေးဟာတကယ်ကိုပဲ ထူးခြားဆန်းကြယ်မှုများနှင့်ပြည့်နေပြီး ထူးဆန်းသောနေရာတစ်ခုလည်းဖြစ်ပေသည်။ ထူးခြားသော ဂါထာစာအုပ်များ၊ မြွေသည်းခြေ၊ မြွေရေခွံ၊ အရှင်အကောင်များနှင့်၊ ဆန်းကြယ်သော လူရုပ်အလောင်းများ၊ အစွမ်းထက်သော ဆေးဝါးအောက်လမ်းများနှင့် ငှက်ပိတုန်းအစရှိသည့် ရှားပါးသောပစ္စည်းများကို ထိုဈေးတွင် ၀ယ်ယူရရှိနိုင်ပါသည်။ ကဲအားလုံးပဲ ကျွန်တော်ပြောတာနဲ့ တင်မယုံလောက်သေးဘူးလို့ ထင်မိပါတယ်။ ဒါကြောင့် အခုပဲထိုဈေးထဲကို ၀င်လိုက်ရအောင် ဘယ်သူလိုက်မလဲ...
ဈေးအ၀င်တစ်နေရာက ရောင်းရန်အတွက်ပြသထားသော လူအရိုးခြောက်အရုပ်တစ်ခု
မှော်ဂါထာဆန်ဆန်စာများ နှင့်ထိုအရိုင်းအသုံးဝင်ပုံကိုရေးသားထားခြင်းဖြစ်တယ်လို့ဆိုင်ရှင်ကရှင်းပြပါတယ်
လူရိုင်းများ နှင့် သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းများ အ၀တ်များကိုလဲသင်ဝယ်ယူရရှိနိုင်ပါတယ်
လူအရိုးဦးခေါင်းများ နှင့် လူကိုယ်မှ အင်္ဂါများကိုလဲဝယ်ယူနိုင်ပါတယ်
သတ္တ၀ါတို့၏ ကိုယ်အစိတ်အပိုင်းများ ဦးခေါင်းများကိုလဲ သင်လိုရင်လိုသလောက်ဝယ်ယူနိုင်ပါတယ်
လူအရိုင်းခြောက်ပုံစံရုပ်ထုအေသးစားများကိုရောင်းရန်ပြသထားခြင်းပါ
သင်ဝယ်ယူနိုင်တာတွေပါ အလည်ရောက်တုန်းဘာဝယ်ရပါလိမ့်နော် :P
ဆိုင်တစ်ဆိုင်တွင်တွေ့ ရတော့ နှစ်ချို့ လူဦးခေါင်းများပဲဖြစ်ပါတယ်
အခြားကိုးကွယ်မှုအပိုင်းများ နှင့်ပတ်သတ်သည့်အဆောင်များကိုလဲရောင်းချပါတယ်
ဒါကတော့ဈေးလမ်းဘက်တစ်နေရာက ဆေးများရောင်းသောဆိုင်အ၀င်ဝဖြစ်ပါသည်
ဒါကတော့ အဆောင်များ လို့ ပြောပါတယ်မိမိရင်သွေးလိုချင်ပါက ထိုအရုပ်များကို မည်သို့မည်ပုံပြုလုပ်ရသည်ကိုရောင်းချသည့် ပဟောဂဆရာများကပြောပြသည်လို့ သိရပါတယ်
ဒါကတော့ ဆေးဝါးများရောင်းတဲ့ဆိုင်ကဆေးဝါးတစ်ချို့ကိုပဲ ကျွှန်တော့်မိတ်ဆွေများတွေ့ရအောင်ရိုက်ခဲ့ပါတယ်
ဆေးဆိုင်အရှေ့ဘက်အ၀င်တစ်နေရာကနေ
သေမင်း နှင့် ပြီးဆုံးခြင်းတစ်ရားနှင့်ပတ်သတ်သော အရုပ်များ
ထိုဈေးကို ၄င်းနိုင်ငံအစိုးရမှ တရားဝင်ခွင့်ပြုထားခြင်းဖြစ်ပြီး လာရောက်လည် ပတ်ဝယ်ယူကြသော နိုင်ငံခြားသားဧည့်သည်များနှင့် အမြဲစည်ကားနေပါတယ် လေ့လာသူများ လည်းရှိပြီးရောင်းရတယ်လို့ ဆိုင်ပိုင်ရှင်တစ်ဦးကပြောပြပါတယ် ထိုမြို့လေးဟာလဲ ဒီဈေးကလေးနှင့်ပင် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ အားလုံးကိုအထူးကျေးဇူးတင်ပါတယ် ခင်ဗျာ......ဆက်လက်ကြိုးစားဆဲပါ
www.moba4all.org
(Myanmar Online Bloggers Association)
http://mcwaiyan.blogspot.com
Mc wai yan ! (ဘာသာပြန်သည်)
မူရင်းလင့်ခ် Mc wai yan ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။ 
No comments:
Post a Comment