ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 28 July 2012

အတူတူ ရေချိုးကြရအောင် (ချောကလက်ရေချိုးကန်)

Switzerland နိုင်ငံ Geneva မြို့ အတွင်း မြို့လယ်ခေါင်မှာ ဖွင့်လစ်ထားတဲ့ Beauty salon တစ်ခုမှာ လာရောက် အလှပြင်သူတွေအတွက် အထူအဆန်းတစ်ခုကို ပြုလုပ်ပေးထားတာ ကတော့ ချောကလက် အရည်တွေကို မိမိလိုသလို ထည့်ပြီး ရေချိုးနိုင်တဲ့ ဆွဲဆောင်မှုပါတဲ့ဗျာ၊ အသုံးပြုသူတွေ အဆင်ပြေစေဖို့အတွက် အရာရာ အဆင်ပြေအောင် ဖန်ထီးထားတယ် လို့လည်း သိရတယ်ခင်ဗျ၊ စုံတွဲတွေလည်း အသုံးပြုနိုင်သတဲ့လေ၊ ချောကလက်ရည်ကြောင့် အရည်ပြားက ဆဲလ်တွေကို မထိခိုက်အောင်လည်း နည်းပညာတွေနဲ့ ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။
 
 
ထိုဆိုင်တွင် မျက်နှာ နှင့်ဆံပင် ပြုပြင်နေသည့် အမျိုးသမီးတစ်ဦးအားတွေ့ ရစဉ်.။
 

    ချော့ကလက် ရေချိုးကန်အတွင်း ရေစိမ် နေကြသည့် ချစ်သူနှစ်ဦးကိုလဲတွေ့ ရစဉ်..

ရေချိုးရင်းနဲ့လည်း မိမိသုံးဆောင်လိုသမျှကို သုံးဆောင်နိုင်ပြီး အခုလိုချော့လက်ကန်ထဲမှာ စိမ်နေရင်း ချော့လက်ကိုလည်း သုံးဆောင်လျှင် ပိုမိုရ်ျအဆင်ပြေနိုင်ကြောင်း ဆိုင်ရှင်ရဲ့ပြောပြချက်အရ သိရပါတယ်။



သူငယ်ချင်းကော ချော့ကလက် ရေချိုးကန်ထဲမှာ ရေချိုးချင်နေပြီလား၊ တစ်ယောက်တည်းတော့ မသွားနဲ့နော်၊ ကျနော့ကိုလည်း ခေါ်သွားနော်...... အဟိ 

မူရင်းလင့်ခ် shweba ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

 

No comments:

Post a Comment