ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 29 July 2012

Amazon တောထဲမှလူသားစား Piranhasငါးမျိုး

Piranhasငါးမျိုးစိတ်သည်ကမ္ဘာပေါ်မှလူသားစားငါးမျိုးစိတ်ထဲတွင်ပါဝင်ပြီး။အဆိုးဆုံးငါးမျိုးစိတ်ပင်ဖြစ်ပါသည်။
၎င်းတို့သည်အုပ်စုဖွဲ့ကာနေထိုင်တတ်ပြီးအညီနံ့တစ်ခုခုရသည်နှင့်တစ်ပြိုင် နက်တည်း ထိုနေရာကို ရှာဖွေနိုင်ပြီး လူသားဖြစ်နေပါက တစ်ကောင်ပြီးတစ်ကောင် ကိုက်ဖြတ်စားသောက်လိုက်သောအခါတွင် ခဏလေးအတွင်းမှာအပင် အရိုးပဲကျန်ရှိနိုင်ပါတော့သည်။ လူသားစားငါးမျိုးပင်ဖြစ်ပါသည်။ အင်မတန်ကြောက်စရာကောင်းပါသည်။ အကောင်းအသေးလေးအရွယ်ကတည်းကပင် လူသားကို စားသုံးနေပြီဖြစ်ပါသည်။ 

Piranhas လူသားစားငါးသည် ပစ်မှတ်တစ်ခုကိုတွေ့သည်နှင့် တစ်ပြိုင်နက်ဝုန်းကနဲဆိုသလိုပင် ငြိမ်သက်နေသော ငါးအုပ်ကြီးသည် ထိုပစ်မှတ်သားကောင် နောက်သို့ အလျင်အမြန်ပင်ရောက်အောင်သွားကာ ထိုသားကောင်ကို တစ်ကောင်စီအလုအယှက်ပင် ဆွဲစားပါတော့သည် မကြာခင်အချိန်အတွင်းမှာပင် အသားစတစ်စမျှမကျန်တော့ပေ အရိုးကိုသာတွေ့မြင်ရ လိမ့်မည်။ ၄င်းတို့သည်နေရာတိုင်းတွင်တွေ့ရလေ့မရှိတတ်ပဲ ယခု Amazon တောထဲမှ မြစ်ကြီးထဲတွင်တော့ အများအပြားတွေ့ ရပါသည်။မိတ်ဆွေတို့ကိုတော့ မှာလိုက်ပါရစေ တကယ်လို့များ Amazon တောထဲကိုရောက်ခဲ့ရင်ဖြင့် မြစ်တွေ့တိုင်းရေမချိုးပါနဲ့လို့။

 Amazon တောထဲကိုရောက်ရင်ဖြင့် ရာသီဥတုကတော့ နှစ်မျိုးကိုသာတွေ့ရပါတယ်။ တစ်မျိုးက နွေရာသီ၊ နောက်တစ်မျိုးကတော့ဖြင့် မိုးရာသီဖြစ်ပါသည်။ ၄င်းတို့သည် နွေရာသီခြောက်သွေ့သောကာလတွင်တော့ သိသာထင်ရှားစွာ အုပ်စုလိုက်ဖွဲ့၍ နေတတ်ခြင်းမရှိပဲ။ ရေများသော ဘက်တွင်တော့ကြောက်ရပါသည်။ ထို့ကြောင့်နေနားတွင် သွားရောက်သောသူများသည် ထိုအချိန်တွင်သတိ အင်မတန်ထားကာ နေရပါသည်ထိုငါးမျိုးသည် အခုန်လဲတတ်ပြီး သွားများဟာလဲ အင်မတန်ထက်မြက်သည်ကို သိရပါသည်။

 
Piranhas ငါးမျိုးစိတ်၏ဒေါသ မာန်ဖီနေပုံဖြစ်ပါသည်။

 
ရေကန်ထဲသို့ ကျွန်တော်တို့ ဈေးက၀ယ်လာတဲ့ခွေးအသေတစ်ကောင်ကိုစတင်ပစ်ချလိုက်ပါတယ်ငါးအုပ်ထဲ

 
ကျွန်တော်တို့ ပစ်ချထားတဲ့ခွေး အနားတွင်အုပ်စုလိုက် အပြုံလိုက်နဲ့ အသားစားငါးများ

 

မကြာခင်အချိန်တွင် ကျွန်တော်တို့ ရဲ့ ခွေးကလေးကိုကြည့်ပါဦးမိတ်ဆွေတို့ အရိုးပဲကျန်ပါတော့သည်။

 
Piranhas ငါးမျိုးသည် အခြားသာမာန်ငါးများနှင့်မတူပဲ သွားများသည် လွှသွားကဲ့ပင်ချွန်ထက်နေပြီး မျက်လူံးများဟာလဲအရောင်မတူညီပေ စားသုံးနေသောငါးများနှင့်မတူပါ

 
ငါး၏ကိုယ်အရွယ်အစားပင်ဖြစ်ပါတော့သည် သည်အကောင်ကတော့အသေးအကောင်ပါ ဒါအသေးပဲဖမ်းလို့ ရတယ် အကြီးကတော့ ကျွန်တော်တို့ကိုကိုက်လိမ့်မယ်လေ

 
အေ၇ှ့ ပိုင်းကကြည့်တော့ ငါးမြင်းဆိုတဲ့ စားတဲ့ ငါးနဲ့တော့ခပ်ဆင်ဆင်ပဲ ဒါပေမယ့်ဒီငါးကတော့စားလို့ မရပါဘူးတဲ့

 
သူ့ မှာလဲလူတွေလဲသွားမျိုးနဲ့ သွားဖုံးတွေပါတွေတောင်ပါ ပါသေးတယ်

 
သူ့ ပါးဟပ်ကတော့ အခြားငါးများနဲ့ မတူမေးရိုးကအနည်းငယ်ချွန်နေပါတယ်ငါးမန်းလိုလဲမဟုတ်

 

ကျွှန်တော်တို့နွေရာသီပိုင်း သွားတာဆိုတော့ အကောင်းကြီးတွေကိုမတွေ့ရပဲ အခုပုံတွင်ပြထားသလို အကောင်းအသေးမျိုးကိုသာတွေ့ရပါသည်။ 

ယခုလိုနွေပိုင်းအချိန်ဆိုအကောင်းကြီးမျိုးများသည် ရေအောက်ပိုင်း ဂူနေရာများ ချိုင့်ကြီးများတွင် ခိုအောင်းနေ တတ်ပါသည် မိုးတွင်းဆိုလျှင်တော့ သိပ်မသွားရဲဘူးပဲ အခုတောင်မော်တော်နဲ့သွားရင်းငါး ကိုကြည့်ချင်တာနဲ့ ဖမ်းလိုက်တာ တော်သေးတယ် အသေးလေးလာဟပ်ပြီးမိလို့ပေါ့ မဟုတ်ရင်ငါးအုပ်က ပျော်နေလောက်ပြီသိရင်လေ နွေရာသီစားတော်ပွဲကြီးဖြစ်ပြီပေါ့ မဟုတ်ရင်တော့ မိတ်ဆွေတို့လဲ ယခုငါးအကြောင်းမသိရတော့ဘူး။ ကျွန်တော် ငါးအစာဖြစ်သွားရင်လေ။

 ကျေးဇူးတင်ပါသည်။

(Myanmar Onlone Bloggers Association)
Mc wai yan !
 
မူရင်းလင့်ခ် Mc wai yan ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။ 

No comments:

Post a Comment