ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 27 July 2012

ပုံတွေကြည့်ပြီး ဘဝမှာပျော်ပျော်နေရအောင်

သင် မပျော်ပဲ စိတ်ညစ်နေပါသလား ..... သူတို့တွေကို ကြည့်လိုက်ပါနော် ။
complaining

လုပ်အားခတွေ၊ဝင်ငွေတွေနည်းလို့ စိတ်ညစ်နေပါသလား ... ဒီလိုကလေးကိုကြည့်လိုက်ပါ ။

complaining
အဖော်မဲ့လို့ အထီးကျန်နေပါသလား။တိရိ စ္ဆာန်တွေလည်း လူတွေအတွက် သူငယ်ချင်းတစ်မျိုးပါပဲ။
အောက်ပုံကိုကြည့်လိုက်ပါ။
complaining
ဘဝက ခက်ခဲလို့အရှုံးပေးတော့မှာလား။ ဒီဘိုးဘိုးကို မြင်ကြည့်လိုက်ပါ ။
complaining
ဘဝက ကြမ်းတမ်းလို့စိတ်ပျက်နေပါသလား။ သူ့ထက်ပိုပြီး ရုန်းကန်နေရလား ။ကြည့်လိုက်ပါ။
complaining
ကားမရှိ၊ ဆိုင်ကယ်မရှိလို့ စိတ်ညစ်နေပါသလား...... သူတို့တွေကိုကြည့်လိုက်ပါ။
complaining

သားသမီးတွေက ကောင်းကောင်းမဆက်ဆံဘူးလား ။ ဒီဖွားဖွားကိုကြည့်လိုက်ပါ ။

complaining
အဆင့်မြင့်နည်းပညာနဲ့သင်ယူရတာ ပျင်းရိနေလား ။
မြေပြင်ပေါ်မှာ သင်ယူနေရတဲ့လူတွေကတော့ မပျင်းလောက်ဘူးထင်တယ်။
complaining

အစားစားရင် အသားပါမှစားတာလား ။

အသားမပြောနဲ့ ထမင်းနပ်မမှန်တဲ့လူတွေအများကြီး ရှိပါ၏ ။
complaining
မိဘရဲ့နွေးထွေးမှု မလုံလောက်ဘူးလို့ ခံစားနေရပါသလား ......။
မိဘမဲ့တဲ့ မသန်မစွမ်းကလေးတွေအများကြိး ရှိပါ၏ ။
complaining
ကစားစရာတစ်မျိုးပဲရှိလို့ ငြီးငွေ့နေပြီလား ..... ။
စက်ပစ္စည်းမပြောနဲ့... သံမှိုလေးတောင် မကိုင်ဖူးတဲ့ကလေးတွေအများကြီးရှိပါ၏ ။
complaining
ကမ္ဘာကျော်နာမည်ကြီး Adidas တံဆိပ်ပါတဲ့ ဖိနပ်မကြိုက်လို့ Nike တံဆိပ် ထပ်ဝယ်မလို့လား ။
တံဆိပ်တစ်ခုပဲရှိတဲ့ ရေသန့်ဗူးခွံဖိနပ်သာ စီးနေရတဲ့လူတွေ အများကြီးရှိပါ၏ ။
complaining
အိပ်ယာခင်း၊ ခေါင်းအုံးနှင့်စောင် အပြည့်အစုံပါတဲ့ အိပ်ယာပေါ်မှာတောင် မအိပ်ချင်သေးဘူးလား ။
ကြမ်းပြင်၊ မြေပြင်ပေါ်မှာအိပ်ကာ ဘယ်တော့မှပြန်မထတော့ပဲ ထာဝရအိပ်စက်သွားပါရစေ လို့ ဆုတောင်းပြီး အိပ်နေရတဲ့လူတွေလည်း အများကြီးရှိပါ၏ ။
complaining
ကဲ.... သူငယ်ချင်းတို့ရေ...
ပုံတွေကိုကြည့်ပြီးတော့ ဘာအသိတွေရသွားပါသလဲ။ ကျနော်ကတော့ လက်ရှိနေထိုင်နေတဲ့ဘဝကိုသာ တန်ဖိုးထားသင့်တယ်လို့ထင်ပါတယ်။ အဆင်မပြေမှုတွေကြုံတိုင်းလည်း ကိုယ့်ထက်ပိုပြီး အဆင်မပြေ
တဲ့လူတွေကိုကြည့်ပြီးတော့ အော်.. ငါ့ထက် အခြေအနေပိုဆိုးတဲ့လူတွေရှိသေးတာပဲ.. ငါ့ဘဝက အဲ့လောက်လည်းမဆိုးသေးပါဘူးလို့ ကိုယ့်ကိုယ်ကို အားပေးသင့်တယ်။ လက်ရှိ ရရှိနေတဲ့ဘဝသာ ကံကောင်းလွန်းလှပါပြီ ။ ဘယ်အရာကိုမှ မစွဲလမ်း၊မမက်မောပဲ ပျော်ပျော်သာနေထိုင်သင့်တယ်လို့
ထင်ပါတယ်... သူငယ်ချင်းတို့ကရော..... ဘယ်လိုလဲ ။
မူရင်းလင့်ခ် စိုင်းမင်းမင်းထွေး ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment