ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 28 July 2012

ကမ္ဘာ့ ဈေးအသက်သာဆုံး ကားမှ ကမ္ဘာ့ ဈေးအကြီးဆုံး ကားအဖြစ် ပြောင်းလဲသွားတဲ့ တာတာနာနို

တာတာနာနို (Tata Nano) ဟူသည် ကမ္ဘာတစ်လွှားတွင် အမေရိကန် ဒေါ်လာ ၃၀၀၀ ဝန်ကျင်းဖြင့် ရောင်းချသောကြောင့် ကမ္ဘာ့ဈေးအသက်သာဆုံး ကားအဖြစ် နာမည်ကျော်ခဲ့သည့် အိန္ဒိယနိုင်ငံထုတ် ကားအသေးစား ဖြစ်သော်လည်း ရွှေငွေ ကျောက်မျက် ရတနာများဖြင့် ပြင်ဆင်လိုက်သောအခါ အမေရိကန်ဒေါ်လာ ၄.၆ သန်း တန်ကြေးရှိသည် ကမ္ဘာ့ဈေးအကြီးဆုံး ကားအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့ရသည်။

တာတာ ကားကုမ္ပဏီသည် ၎င်း၏နာနို မော်ဒယ် ကားလေးများကို  အနောက်တိုင်းနိုင်ငံများတွင် အသုံးပြုသော ကားများကဲ့သို့  ရှုတ်ထွေး များပြားသည့် လုပ်ဆောင်ချက်အချို့ မပါဝင်ဘဲ အိန္ဒိယနိုင်ငံ၏ ကြီးမားသော လူဦးရေ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အများတတ်နိုင်သော ငွေကြေးတန်ဖိုးဖြင့် ရောင်းချရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တာတာ ကားကုမ္ပဏီမှ နောက်ဆုံး ထုတ်ဖော်ပြသခဲ့သော နာနိုကားလေးအား ထတ်နိုင်သူ ရှားပါလိမ့်မည်။ တာတာ ကားကုမ္ပဏီသည် Goldplus ရတနာ လုပ်ငန်းနှင့် ပူပေါင်း၍ ကမ္ဘာ့ဈေးအကြီးဆုံး နာနိုကားတစ်စင်း ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာ များစွာဖြင့် ပြင်ဆင်လိုက်သောအခါ ကမ္ဘာ့ ဈေးအသက်သာဆုံး နာနိုကား၏ ဈေးနှုန်းသည် ဒေါ်လာ ၃၀၀၀ မှာ ဒေါ်လာ ၄.၆ သန်းသို့ ပြောင်းလဲ သွားတော့သည်။

worldfirstgoldjewelerycar

ထို အဖိုးတန် နာနိုကား ထုတ်လုပ်မှုတွင် ပါဝင်သော Goldplus jewelry ၏ ပြောကြားချက် အရ ထိုနာနိုကားလေးတွင် ၂၂ ကာရက် ရွှေ ၈၀ ကီလိုဂရမ်၊ ငွေ ၁၅ ကီလိုဂရမ်နှင့် ပုလဲ၊ ပတ္တမြား နှင့် မြ ကဲ့သို့သော အဖိုးတန် ကျောက်မျက် ရတနာပေါင်း ၁၀၀၀၀ ကျော်ဖြင့် အလှဆင်ထားသည်ဟု ဆိုသည်။
စက်တင်ဘာလ ၁၉ ရက်နေ့က မွန်ဘိုင်းရှိ တာတာ ခန်းမဆောင်တွင် Tata Group ၏ အကြီးအကဲ Ratan Tata မှ ထို အဖိုးတန် နာနိုကားကို ဖွင့်လှစ် ပြသခဲ့ခြင်းဖြစ်ပြီး ကားထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများ တည်ရှိရာ အိန္ဒိယ မြို့များတွင် ၆ လကြာ လှည့်လည် ပြသမည်ဟု သိရသည်။

worldfirstgoldjewelerycar1
worldfirstgoldjewelerycar2
 
မူရင်းလင့်ခ် shweba ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment