ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 23 January 2013

ရှင်မဟာရဋ္ဌသာရ ဂမ္ဘီသာရ ဆုံးမစာ (အနုသာသန ဆုံးမစာဟုလည်း ခေါ်သည်)

(၁) အနုသာသန, ကျိုးကြောင်းပြပိမ့်, မိဘရှေ့ညွှန်, ဆရာမွန်တို့, ဝေဖန်ပဲ့ပြင်, ကြားသင်သမျှ, သြ၀ါဒကို, နားဝဖန်လဲ, နားမရဲလျှင်, လွန်ကဲရိုညွှတ်, ဆည်းပူးတတ်သည်, ကောင်းမြတ်ဇာတ, သားမွေးဘ, ဆုံးမစကား, ဤကြောင်းလျားကို, မှတ်သားစိုက်စိုက်, ၀မ်းထဲပိုက်လော့, စရိုက်သုံးလတ်, ကျင့်ဝတ်ထူးခြား၊ လူသုံးပါးနှင့်၊ မပြားရောပြွမ်း၊ ပေါင်းဖက်ကျွမ်းလည်း၊ မ၀ှမ်းပယော၊ သူ့သဘောကို၊ လိုက်လျောညီထွေ၊ ကျင့်တတ်စေ။



(၂) ပွတ်ဆိုမုသား၊ နူတ်သံပျားသို့၊ စီးပွားလိုယောင်၊ ရူပဆောင်လျက်၊ မှားအောင်ပြစ်ရှာ၊ ကြံတတ်စွာသား၊ မေတ္တာချည်းနှီး၊ လူ့ခွေးမြီးနှင့်၊ တသီးတခြား၊ တစ်ပါးပြည်ရွာ၊ မရှောင်သာ၍၊ မကွာပေါင်းဖော်၊ ပြုငြားသော်လည်း၊ အပေါ်ကားယှဉ်၊ အထဲကြဉ်၍၊ စိတ်ယှဉ်နှိမ့်ချ၊ အာစာရဖြင့်၊ ကာလအလိုက်၊ သူ့အကြိုက်ကို၊ စရိုက်ညီထွေ ကျင့်တတ်စေ။



(၃) မျက်မြင်လောက၊ နောင်ကာလဟု၊ ဘ၀နှစ်ပါး၊ ကြံထောက်ထား၍၊ စီးပွားမဟုတ်၊ ခင်ပွန်းယုတ်ကို၊ ခွာထုတ်ပေါင်းဖော်၊ ရှိလိုသော်လည်း၊ ရူမြှော်တိုင်းတွဲ့၊ ရှေ့နောက်ငဲ့၍၊ ဖြစ်မဲ့ကြဉ်ရှောင်၊ စွန့်ရအောင်လျှင်၊ တတ်ခေါင်ကြံစည်၊ ပညာဆည်၍၊ အရှည်ငံ့ထွေ လင့်တတ်စေ။



(၄) အရှည်လင့်လင့်၊ အသင့်မြှော်လျက်၊ ကြံခေါက်ရက်တည့်၊ နှောင့်ယှက်သောဖြစ်၊ ဆံတရစ်မျှ၊ အပြစ်မဲ့စွာ၊ လွတ်ခွင့်သာမူ၊ ကန္တာတောထဲ၊ ခရီးခဲဝယ်၊ ကျားရဲသစ်ရူး၊ ဘီလူးသဘက်၊ ဘေးသူဖျက်အား၊ ရက်ရက်ဆောစွာ၊ စွန့်လိုက်ခွာသို့၊ မိစ္ဆာဖော်ပေါင်း၊ သူမကောင်းကို၊ စဉ်ကြောင်းဝေးမြေ လွှင့်တတ်စေ။



(၅) သူကြီးသခင်၊ အရှင်တို့ငယ်၊ ခိုင်းပါယ်သမူ၊ အမ,ပြု၍၊ ကြည့်ရူဖန်ဆင်း၊ လူခပင်းအား၊ ဖြည့်တင်းသိမ်းမွေး၊ စာကျေးလယ်ယာ၊ ခန့်သောခါမူ၊ ပညာထောက်ထား၊ ရည်သွားကြောင်းလမ်း၊ မေးစူးစမ်း၍၊ ပေးကမ်းဝေဖန်၊ မစ,ဟန်လုပ်၊ ဟုတ်လွန်သိထွေချင့်တတ်စေ။



(၆) ဖြစ်ခေါင့်ဖြစ်ခဲ၊ နက်နဲဆင်ခြင်၊ မြော်မြင်ရှေ့နောက်၊ တစ်ခေါက်လောက်သား၊ စံမြောက်က၀ိ၊ ပညာရှိကို၊ နှမိနှမြော၊ မရောမပြွမ်း၊ စူးစမ်းမဲ့ဟန်၊ မေ့လျော့ကျန်မူ၊ ဖော်ညွှန်ရည်သွား၊ မင်းစီးပွားကြောင့်၊ ထောက်ထားနိုင်းရည်၊ မင်းရိပ်ကြည့်၍၊ မင်း၏စိတ်ညာဉ်၊ ရွှင်မြူးစဉ်ဝယ်၊ ဆိုလျှင်ဆိုခွင့်၊ အချိန်လင့်၍၊ ချီးပင့်မြောက်ထွေ မြင်တတ်စေ။



(၇) မှည့်ခေါ်မည်ရည်၊ ဆိုခုံတည်၍၊ နူတ်ခြည်ပေါ်လျှံ၊ ပွဲအလံဝယ်၊ အသံဖြစ်ကာ၊ ပြောပရှာသား၊ ၀ါစာချိုပျား၊ သူ့စကားကို၊ အားမကျဆန်း၊ ၀ါစာချိုပျား၊ သူ့စကားကို၊ အားမကျဆန်း၊ မျက်နှာပန်ဖြင့်၊ ရွှင်လန်းမြူးရယ်၊ အကယ်ကယ်သို့၊ လှယ်ပယ်ပြောဖော်၊ ပြုငြားသော်လည်း၊ နာပျော်စရုပ်၊ ရိပ်ခြည်မြုပ်၍၊ စက်ဆုပ်ထဲခွာ၊ တို့စိတ်မှာကို၊ သိသာမဲ့ထွေ ကျင့်နိုင်စေ။



(၈) ၀ါသနာထွတ်၊ ကောင်းရာညွတ်သား၊ သူမြတ်တို့နှင့်၊ အကြိမ်သင့်၍၊ ဆိုခွင့်ဆိုရာ၊ ရှိသောခါတုံ၊ သုဘာသိတ၊ ပိယဓမ္မာ၊ သစ္စာဟုတ်မှန်၊ အင်းလေးတန်နှင့် ပြညွှန် ထုံးကောင်း၊ မကြားတောင်းကို၊ ကျိုးကြောင်းညီစွာ၊ ဉာဏ်ပညာဖြင့်၊ စိတ်ဖြာခွဲဝေ ယှဉ်နိုင်စေ။



(၉) မနော်ရဟ၊ လူ့ဘုံကျသို့၊ မြင်ကတိမ်းညွှတ်၊ သည်းအူပြတ်မျှ၊ ဆွတ်ဆွတ်ကြင်ဖွယ်၊ ဆင်းနိကာယ်ဖြင့်၊ တင့်တယ်ရုပ်သွင်၊ အထွတ်တင်သည်၊ ဖြစ်ကျင်ကစား၊ ထွေပြားစွန်းငြိ၊ ပညာရှိတို့၊ ဘေးတိပြစ်တင်၊ ရောက်မည်ထင်မူ၊ ဆံမျှင်လေသံ၊ မပျံ့စသာ၊ ဆိတ်ကွယ်ရာ၌၊ ရှောင်ခွာမအား၊ တွေ့မြင်ငြားလည်း၊ သူ့သားစားတတ်၊ ဘီလူးမှတ်၍၊ မညွတ်စေရ၊ စိတ်လောဘကို၊ နိစ္စမြဲနေ၊ ဖျဉ်နိုင်စေ။



(၁၀) ဟီရိသြတ္တပ်၊ စောင့်ကြပ်မကင်း၊ လူခပင်းအား၊ သတင်းညာကျေ၊ ကြားလေသဖြင့်၊ သင့်မတင့်ဟု၊ မတင့်မတယ်၊ ရှက်ကြောက်ဖွယ်တည့်၊ ငြိတွယ်ပြစ်တင်၊ ဆိုလိမ့်ထင်မူ၊ ပြည်းဖြင့်တွက်ရေ၊ အထွေထွေလျှင်၊ ရွှေငွေအတိ၊ တောင်ရှိဟူလောက်၊ ရှေ့ဝယ်ရောက်လည်း၊ ညှီငေါက်ချွဲးခန်း၊ မှတ်ထင်းပန်း၍၊ တပ်စွန်းမဲ့ထွေ ကြဉ်နိုင်စေ။



(၁၁) ငါးမည်သတင်း၊ အရင်းမှန်လှ၊ မြတ်စာရဖြင့်၊ လောဘကြီးစွာ၊ အဘိဇ္ဈာကြောင့်၊ ပညာမဲ့ငြား၊ အကျင့်မှားမူ၊ ဆီးတားမငဲ့၊ ထိုးခုတ်အံ့ဟု၊ တံ့တံ့မလွဲ၊ လကန်နက်စွဲ၍၊ မောင်းမဲခြိမ်းခြောက်၊ သူငါရောက်လျှင်၊ ယွင်းဖောက်ကြည့်ငဲ့၊ စောင့်သကဲ့သို့၊ တုန်လဲ့ လန့်ထိတ်၊ ကြောက်သည့်စိတ်ဖြင့်၊ ပရိစ္စယ၊ ကိုယ်ကိုမ၍၊ သီလကျင့်ထုံး၊ ဆောက်တည်သုံး၍၊ နှလုံးမြဲနေ၊ ယှဉ်နိုင်စေ။



(၁၂) ဆိုဖွယ်တရား, နှစ်ဖက်သားတို့, ပိုင်းခြားစိမ့်ငှာ,ကပ်ပေးလှာမူ, ဖြောင့်စွာရိုးရိုး, သဘောကိုးလျက်, တံစိုးဥစ္စာ, မျက်နှာကြီးငယ်, မရွယ်မထောက်, ရွံ့ကြောက်မဲ့ထွန်, မေ့ကျန်မောဟ, ဒေါသမရူ, ဆုံးဖြတ်မူလည်း, မနုလမ်းဟောင်း, တမျဉ်းကျောင်းဝယ်, တိမ်းစောင်းမရှိ, သမာဓိဖြင့်, ကတိမယွင်း တည်စေမင်း။



(၁၃) အတိဂမ္ဘီ, အင်ညီဖြောက်မြား, သူ့ရည်သွားကို, မှတ်သားရူမြော်, လူသူတော်တို့, ရွှင်ပျော်ဖန်လဲ, တွေ့မရဲလျှင်, ဆက်လွန်ကျူး, သူ့ထက်ထူးသား, ကျေးဇူးအနှစ်, စုံသည်ဖြစ်လျက်, ပွဲလယ်ချက်ဝယ်, ဖိုးန၈်ကုန်းကောင်း, အစွံနှောင်းသို့, ကံဟောင်းလှူကြွေး, မမီသေး၍, ကြာနှေးခဲအပ်, လွန်ငြိုငြင်လည်း, ပန်းပင်ပူဆာ, ဗျာပါဝိတက်, နှောင့်ယှက်မကျန်, လောကဓံ၌, နိယံမကွေ, ဖြစ်မြဲပေဟု, သံဝေတရား, ၀မ်းဝယ်ထား၍, တတ်အားသမျှ, လှူဒါနနှင့်, သီလကြည်ညို, ချမ်းရိပ်ခို၍, ကိုသိုလ်နှီးရင်း စည်စေမင်း။



(၁၄) ဒါနသီလ, နိစ္စမချန်, ဓိဋ္ဌာန်ရွှင်ဖြိုး, စောင့်သောကျိုးတည့်, မစိုးမရိမ်, စည်းစိမ်ခိုင်ဖြီး, ရွယ်တိုင်ပြီးမူ, ဆွေမျိုးနီးစပ်, ထက်ကြပ်မကင်း, ကျေးရင်းကျွန်ချာ, မေတ္တာစိတ်ဝင်, တိုင်ပင်နိုင်းချက်, ပေါင်းဖက်တူနေ, အဆွေခင်ပွန်း, လူရဟန်းအား, သိမ်မြန်းကြည့်ရူ, သင်္ဂြိုဟ်မူ လည်း, တစ်ခုမကျန်, သဘောမှန်လျက်, သူမွန်တကာ, စဉ်လာရှေးလမ်း, ကျင့်မြဲတမ်းဖြင့်, စိတ်ဝမ်းဖြောင့်စင်း ကြည်စေမင်း။



(၁၅) မဏီဇောတ, ပြည်တန်မြနှင့် သိင်္ဂီရွှေညာ, ရတနာလည်း, အ၀ါလျှံလက်, ရောင်ခြည်ထွက်မူ, စုံမက်ဝှဲးချီး, အဘိုးကြီး၏, တသီးဆိုဖွယ်, လူတို့ဝယ်လည်း, ကြီးငယ်အမျက်, စောင်းမာန်ထွက်မူ, ပေါင်းဖက်နှောနှီး, အများငြီး၏, အတီးလက်သုံး, ဤသည်ထုံးကို, ယူကျုံးပိုက်သွင်း, သားမောင်မင်းလည်း, မုန်းပြင်းဒေါသ, စိတ်နာဂကို။ ဉာဏ်လှချွန်ကင်း မြဲစေမင်း။



(၁၆) ရှေးကမကျွမ်း, လူစိမ်းရမ်းကို, စုံစမ်းစာနာ, လိမ္မာနားဝင်, အကောင်းထင်လျက်, ဆင်ခြင်မရှိ, သတိလွတ်ထွေ, ပြောမိလေသား, မချေသူ့နား, ကွယ်စကားကို, အများထင်အောင်, ပြယ်သည်ယောင်သို့, ပွဲဘောင်ဆိုထုံ့, တစ်ဖန်လူံ့မူ, နူတ်တုံ့မလဲ, မျက်နှာလွဲ၍, ၀မ်းထဲထွေငေါ်, မပွက်ဖော်တည့်, သည်သော်တမူ, အပြစ်ဟူ၍။ မှတ်ယူစိတ်သွင်း ရှိစေမင်း။



(၁၇) ဆိုင်ပြိုင်အားအန်, လက်မတန်မူ, ချစ်ဟန်ပေါ်ကောင်း, အထဲချောင်းလျက်, စည်းပေါင်းညီညွတ်, တစ်သမတ်ဖြင့်, ယွင်းချွတ်မရှိ, ညီလေပြီးကား, တစ်ရက်ရက်, ဖြိုနိုင်ခက်ချိမ့်, ရန်ဘက်ထိုသူ, သဘောတူနှင့်, အယူဖောက်လှဲ နှလုံးကွဲမူ, မခဲတို့ဝယ်, ဖျက်သော်လွယ်ဟု, ဥပါယ်တမျင်, နက်စွာယှဉ်၍, စိတ်ယာဉ်ကွေ့သည်, သူ့ကြံရည်ကို။ ရိပ်ခြည်ဖမ်းခြင်း မိစေခြင်း။



(၁၈) ထဲပကွယ်မြင်၊ မထင်နှစ်ထွေ၊ နိတုံရွှေသို့၊ မြဲနေတံတစ်၊ သဘောကျစ်သား၊ ကျိုးပြစ်သိမြော်၊ မိတ်သူတော်နှင့်၊ ပေါင်းဖော်သော့အား၊ သူနှစ်ပါး၏။ စီးပွားတက်ဟန်၊ မြင်လတွန်သော်၊ မမှန်ယွင်းဖောက်၊ နှလုံးကောက်တို့၊ တဖျောက်ဆိတ်ဆိတ်၊ ထဲစိတ်ဝန်တို၊ မရူလို၍၊ နူတ်ချိုခွန်းသာ၊ ပျက်ကြောင်းရှာ၍၊ မှာမှာမွှေချောက်၊ တစ်ကောက်တစ်ပါး၊ အယူမှားအောင်၊ စကားပေးငင်၊ အကယ်မြင်သို့၊ ပြစ်တင်ပြညွှန်၊ ကျိုလိုဟန်နှင့်၊ ဆန်ကန်နူတ်ထား၊ စကားသွယ်ဝိုက်၊ ချင့်အကြီုက်ဖြင့် ကုန်းတိုက်ပြုသည်၊ သူဖျက်ရည်ကို၊ ရိပ်ခြည်သြဇ၊ တစ်ခွန်းဟက။ ခဏချက်ချင်း သိစေမင်း။



(၁၉) မိတ်ရန်ဝိုးဝါး၊ သူတစ်ပါး၏၊ ၀ှက်ထားမြဲကျိတ်၊ ထဲကြံစိတ်ကို တုံဆိတ်ကွယ်ရာ၊ ကြားပေလှာမူ၊ ၀မ်းသာအားရ၊ နောက်ကာလလည်း၊ သိကသည့်တူ၊ ဆိုပါဟူ၍၊ ပျူပျူငှာငာ၊ ချစ်မူရာနှင့်၊ နောင်ခါမရှောင်၊ ဆိုချင်အောင်လျှင်၊ သွေးဆောင်နှစ်ထောင်း၊ လှည့်ဖြားယောင်း၍၊ နူတ်ကောင်းဖြည်းညှဉ် သာစေမင်း။



(၂၀) လွယ်လင့်တကူ၊ မယူအပြစ်၊ မုန်းချစ်ဝိုးဝါး၊ ထိုသူအားလည်း၊ ဆံများလေသံ၊ မပျံ့ရအောင်၊ ကွယ်ရှောင်ခဲခက်၊ ရိပ်ခြည်ဝှက်၍၊ ပြန်ပွက်မဆို၊ ၀မ်းထဲသိုမူ၊ သူလျှိုတမန်၊ ရောက်ဟန်တွေ့လည်း၊ နတ်ကြံစည်ဖြင့်၊ ကြားသည်သူ့နူတ်၊ ဟုတ်မဟုတ်ကို။ အားထုတ်စိုင်းပြင်း နာစေမင်း။



(၂၁) သင်္ကာမကျေ၊ အနေမကျ, ဒွိဟ၀ိုးဝါး, နှစ်ပါးတွေးယူ, မှားသောသူ၏, အမူအရာ, ကြောင်းချာစေ့ရေ, လုပ်ကြံထွေကို, အနေကျကျ, သိပြီးမှတည့်, တစမရှောက်, ရွယ်တိုင်းထောက်၍, စွန့်မြောက်မဲ့ထွန်, အရေးပွန်လျက်, ဘေးရန်ပျောက်လွင့်, အကြည့်ဖြင့်လျှင်, အသင့်ကြံနိုင်, အပြီးတိုင်အံ့, ကြံ့ခိုင်နှလုံး, ဤကျင့်ထုံးလည်း, လက်သုံးအမြဲ, ဆောင်ယူစွဲ၍။   ။ဝမ်းထဲပိုက်သွင်းပါစေမင်း။



(၂၂)  အဋ္ဌာရသ, သိပ္ပကျေးဇူး, အထူးထူးကို, ဆည်းပူးဖွေရှာ, သင်သောခါလျှင်, ဆရာကောင်းထံ, ကျိုးနွံ တရှည်, ရိပ်ခြည်ကြည့်လျက်, တပည့်ကျင့်ဝတ်, ညီညွတ်စွာမူ, ကုန်အောင်ပြု၍, အာယုဆုံးစွန်, ပြောင်းချိန်တန်မှ, ပြညွှန်ရိပ်ခြည်, ဆိုအံ့သည်ဟု, ဆောက်တည်လျှို့ဝှက်, ပြင်မထွက်သား, သိခက်ခဲလှ, ကိလိဋ္ဌကို, မှတ်ရအောင်အောင်, ရည်စောင်နှိမ့်ချ, ဆည်းကပ်ခ၍။   ။နေ့ညမကင်း-တွေ့စေမင်း။



(၂၃) ထံရင်းထက်ကြပ်, မြဲဆည်းကပ်သား, သုံးထပ်ဗာဟီ ကျမ်းရိုးမှီ၍, ရာသီအင်္သာ, လိတ္တာဖမ်းထွေ, အချေအတင်, အလျင်အလျား, အစားအမြှောက်, အလှောက်အနော, အရောအကူ, အယူအနုတ်, အကုတ်အကြည်း, ရေသွန်းလှည်းသို့, တွက်နည်းသွင်သွင်, သင်ပုန်းပြင်၌, မထင်အရေး, အက်ဒွေးမမြှော်, မူးမော်ဘနန်း, ကိန်းခန်းအညီ, တိထီနက္ခတ်, ချင့်ဆုံးဖြတ်၍, ပါဒ်ဗီဇနာ, ပြန်ခရာဝယ်၊ မှန်စွာကြည်လင်၊ အပြီးစင်သည်၊ ဗေဒင်အမှတ်၊ ဤအတတ်လည်း။   ။မပြန်စင်းလျင်း-လေ့စေမင်း။



(၂၄) အလိုက်အလိုက်၊ လူတို့၌၀ယ်၊ ကြက်တိုက်အန်ခတ်၊ ဇယ်လွတ်ပြေးချီ၊ ဗလီပြေးဖမ်း၊ လက်ပမ်းလက်ပွေ့၊ ကျင့်လေ့ကျင်လည်၊ ဆိုစသည်တုံ၊ အရည်အစွမ်း အတတ်သွမ်းဟု၊ မကျွမ်းမကျင်၊ နားမ၀င်မူ၊ သဘင်ပွဲထံ၊ ရောမပြွံသော်၊ ရှက်ရွံကဆုတ်ဆိုင်း၊ ရိုင်းစိုင်းမတ်လတ်၊ ဖြစ်တို့တတ်စွ၊ လွတ်မချန်၊ ဤရေးဟန်လည်း၊ မကျန်မကြွင်း-စေ့စေမင်း။



(၂၅) နေ့ခင်းဌာန၊ ကာလမြှော်ရူ၊ ရွေးချယ်ပြုလျက်၊ လွယ်မူမလျင်၊ ဆင်ခြင်ကြံစည်၊ ထိုရှည်ထောက်ထား၊ စီးပွားတိမ်နက်၊ ယုတ်တက်ဖွေရှာ၊ တွေးစာနာလျက်၊ ဥစ္စာပစ္စည်း၊ ပညာဆည်းလည်း။   ။ထန်သည်းမပြင်း-မွေ့စေမင်း။



(၂၆) ရမ္မက်ဒေါသ၊ မောဟမြှေးယှဉ်၊ ပုထုဇဉ်တို့၊ ရှောင်ကြဉ်ခဲစွာ၊ ကိလေသာကြောင့်၊ တစ်ခါတစ်ရံ၊ အကြံမရှိ၊ မှားယွင်းမိလည်း၊ သတိလည်းပြု၊ မကောင်းမူ၌၊ အဏုမြူညက်၊ ဆံတစ်ရွက်မျှ။   ။လေ့ကျက်မဲ့လျှင်း-မေ့စေမင်း။



(၂၇) ထိုမှတတန်၊ အရှင့်ဝန်၌၊ မကျန်ညဉ့်နေ့၊ ကြံအောက်မေ့လော့၊ အရှေ့အနောက်၊ တောင်မြောက်ခန်းဝါ၊ လက်ျာလက်ဝဲ၊ အုံ့တဲဝင်းတပ်၊ နေရပ်ရုံးစု၊ စီရင်မူတုံ၊ မေရုဓိပ္ပ၊ မြတ်ဒေသဟု၊ ပဉ္စအာလိန်၊ တာဝတိံဝယ်၊ စောင့်ချိန်ရန်တား၊ ငါးတန်ခြားလျက်၊ သိကြားနေရာ၊ ပြည်အောင်ချာကို၊ မိစ္ဆာတုန်မဲ့၊ ကြံသကဲ့သို့၊ နိုင်းရှဲ့ပုံယူ၊ ထို့အတူလျှင်၊ ရန်သူမှိက်မှား၊ ကြံလှည့်ငြားလည်း၊ ကြိုးစားအန်ထောင်၊ မဖြစ်အောင်လျှင်။   ။လုပ်ဆောင်ဖန်ဆင်း-တုံစေမင်း။



(၂၈) ရာဇ၀ံသား၊ မှန်စွာလက်သုံး၊ နည်းထုံးရှေးတီး၊ လွန်လေပြီးသား၊ သူကြီးမင်းစိုး၊ ကျင့်ရိုးကျင့်စဉ်၊ ကျင့်ထုံးယှဉ်၍၊ ကျင့်လျဉ်ကျင့်တမ်း၊ ကျင့်မြဲလမ်းကို၊ စူးစမ်းနက်တံ၊ ဝေးရှည်လံသား၊ ပုံစံမှတ်မိ၊ ပညာရှိကို၊ သတိကြည်မော၊ ကျမ်းသဘောဖြင့်၊ နှီးနှောတကိုယ်၊ ပြောဆိုဖူးတွေ့၊ မေးမြန်းလေ့ကျက်၊ ရက်နေ့မပြတ်၊ ညိညွတ်တိုင်ပင်၊ နိုင်းဆင်ခြင်၍။   ။သိမြင်ကျယ်ဝင်း-စုံစေမင်း။



(၂၉) ပွင့်လင်းချမ်းသာ၊ ကြီးမြင့်ရာဟု၊ မှန်စွာသမူ၊ လေးဖိုးစုသား၊ စတုစက္က၊ ဓမ္မတရား၊ အကြောင်းများဝယ်၊ ကြိုးကြားမျက်မြှော်၊ အကြိုက်တော်လျက်၊ မပေါ်မလွင်၊ ဂုဏ်အင်ငုပ်တိမ်၊ စည်းစိမ်ခွန်အား၊ ရည်သွားအခန့်၊ ပွားပြန့်ကျိုးပေး၊ အရောက်နှေးလည်း၊ နီးဝေးတိုရှည်၊ ကြံစည်ထောက်ထား၊ မမေ့မှားလင့်၊ ကုန်သွားယာလယ်၊ လုပ်ဖွယ်ဆောင်ခင်း၊ မပျင်းလုံ့လ၊ ၀ါယာမဖြင့်၊ ဒုက္ခဖျင်းသိမ်၊ ကြောင့်ကြငြိမ်၍။   ။စိုးရိမ်ပျောက်ကင်း-ယုံစေမင်း။



(၃၀) စတုမဓူ၊ ဟူသာရသာ၊ သကာတခြား၊ ပျားလည်းမလွတ်၊ ထောပတ်ဦးဆီ၊ အညီဖော်မြောက်၊ တောမြွေဟောက်ကို၊ ဆိပ်တောက်ပွားဆေး၊ ၀အောင်ကျွေးသော်၊ အရေးထူပြား၊ ဖြစ်သည်များကို၊ ထောက်ထားနိုင်းတု၊ ထုံးစံရူ၍၊ ပြုစုသ၍၊ အဓလေ့လည်း။   ။အောက်မေ့ကြံခင်း-ပုံစေမင်း။



(၃၁) ဘုံနန်းထွတ်ခေါင်၊ လုပ်ဆောင်ပြီးလွယ်၊ ငြမ်းသဖွယ်လျှင်၊ မပယ်ဦးဘဲ၊ ကြဉ်ဖဲရှောင်ခွာ၊ မတတ်သာ၍၊ ခြင်းရာသိလျက်၊ မြွေဆိပ်တတ်သို့၊ ပေါင်းဖက်ခဲလှော်၊ လူမတော်ကို၊ အဖော်ရဆန်း၊ ၀မ်းသာပမ်းဖြင့်၊ သိမ်းမြန်းမစ၊ စံပဆောင်ရွက်၊ နှစ်သက်ဖွယ်မူ၊ ကုံအောင်ပြုလည်း။   ။အကုအကင်း-ပါးစေမင်း။



(၃၂) အရင်းအနှစ်၊ နွယ်မြက်ပင်ချုံ၊ လုံးစုံမြေသား၊ မျိုးဆွေဝါး၌၊ ထွေပြားမကြံ၊ သက်နှံစိုက်စိုက်၊ အရှင်၌လည်း၊ ထဲပိုက်ဧကန်၊ အချစ်လွန်လျက်၊ တော်မှန်ရဲရင့်၊ မူကျင့်ခြင်းရာ၊ ပြည့်စုံစွာသား၊ ပညာကြီးထူး၊ ထိုသသူကို၊ မှတ်ယူ တွေးထောက်၊ ရွေးချယ်ကောက်၍၊ ထပ်လျှောက်ဆင့်ပြန်၊ မစ, ဟန်လည်း။   ။အားအင်လုံရင်း-များစေမင်း။



(၃၃) အာဒိဝယ၊ ငယ်ရွယ်ကပင်၊ နိစ္စမမေ့၊ ဆုံးမလေ့သား၊ နောက်ရှေ့မြင်သိ၊ ပညာရှိနှင့်၊ ပေါင်းမိချစ်ခင်၊ ကျွမ်းကျင်လျင်က၊ ဖူးမြင်တင်မေး၊ လွန်မြတ်လေးလျက်၊ ဝေးလည်းမမေ့၊ တွေ့လည်းမရဲ၊ လွန်ဆကဲလျက်၊ ယှဉ်နွဲနှီးနှော, ကြည်တပ်မောသည်, နှောင်းကြွင်းဆင်ခြင်, စီးပွားမြင်၍, ဂုဏ်အင်မချို့, ကောင်းရာပို့သား, လူတို့ကျင့်တမ်း, ဤကြောင်းလမ်းကို, စုံစမ်းမပြတ်, သက်ဆုံးမှတ်လော့, မလျွတ်မလွှဲ, လူခပဲ၌, ဖြစ်မြဲနိယံ, လောကဓံကြောင့်, တစ်ရံတစ်ကြိမ်, စိုးရိမ်နှောင့်နှေး, ကြံရေးခဲစွာ, ဖြစ်သောခါတုံ, ချမ်းသာဆောင်ဘူး, သူ့ကျေးဇူးကို, ထိမ်မြူးမရှိ, မိမိပစ္စည်း, သိမ်းဆည်းကျိတ်နှက်, ရေတစ်စက်မျှ, မထွက်ရသာ, သူ့မှာရကြောင်း, ချောင်းမြောင်းနှီးနွယ်, အကယ်ကယ်သို့, ပြက်ရယ်ချိုးချိုး, နူတ်သာဖြိုးလျက်, အကျိုးကားပျောက်, အပြစ်ရောက်အောင်, ကွေ့ကောက်လိမ်လည်, ကြံစည်ရို့ကတ် လျည့်ပတ်တတ်သည်, ယွင်းချွတ်ဖောက်လဲ, လူစဉ်းလဲကို, ကြဉ်ဖဲရှောင်ကွင်း-ဝေးစေမင်း။



(၃၄) ပစ္စုပ္ပန္န, ဘ၀နောင်ခါ, ချမ်းသာရတန်, တော်မှန်အကျင့်, ကိုယ်နှင့်သူအား, စီးပွားထပ်မျှ, ဆောင်တတ်လှသား, ဖြူဆွစိတ်ကြံ, နတ်စံမြှော်သိ, ပညာရှိကို, ဇာတိတစ်ပါး, ဝေးမြေခြားလည်း, စီးပွားမြတ်နိုး, တွေ့အောင်ကြိုးလျက်, ကြည်ဖြိုးရွှင်ပျ, တူနေရအောင်, နိစ္စအမြဲ, ပေါင်းယှဉ်တွဲ၍။   ။ဝမ်းထဲချစ်ခြင်း-လေးစေမင်း။



(၃၅) သက်ကြီးဘေးဘိုး, ကျင့်ရိုးအညီ, ထုံးစံမှီ၍, အ၀ီအလျဉ်, အစဉ်အသင့်, နိမ့်မြင့်ဆင်ခြင်, ဂုဏ်အင်များနည်း၊ ပစ္စည်းလျော့တင်း၊ အရင်းအပွား၊ ရည်သွားရှိမဲ့၊ ပြိုင်နိုင်းရှိ၍၊ လေးတွဲ့စာနာ၊ ပေးကမ်းခါလည်း။   ။ပညာမြှော်တင်း-ရွေးစေမင်း။



(၃၆) ရှေးပါရမီ၊ ပြည့်စုံညီ၍၊ နိုင်းမြီးမထင်၊ ရည်သွာအင်လည်း၊ လူတွင်ငြားလှ၊ ဖြစ်တော်စွာဟု၊ ဒိဗ္ဗသြဇာ၊ နတ်သုဒ္ဓါနှင့် ဇိဝှာဝိညာဉ်၊ နှစ်ပါးယှဉ်သို့၊ တွေ့စဉ်ခဏ၊ နှစ်သာရကို၊ ဆံမျှမကွယ်၊ သိမြင်လွယ်သား၊ နှံ့ကျယ်ပညာ၊ မြတ်ဆရာ၌၊ မေတ္တာဆုကြီး၊ ကျေးဇူးမှီ၍။  ။ ကောင်းချီးဆောက်နှင်း-ပေးစေမင်း။



(၃၇) ဗဟုသုတ, သိပ္ပပညာ, ဆည်းပူးရှာ၍, ဆရာကောင်းထံ, ထုံးစံလေ့ကျက်, မှတ်ခေါက်ရက်တည့်, အနက်အနဲ, အရဲအရင့်, အကျင့်အဟန်, အမှန်အတော်, အမြော်အမြင်, ဂုဏ်အင်ထူးခြား, သူ့ရည်သွားကို, ထောက်ထားခွဲခြမ်း, သိနိုင်စွမ်းဟု, ချီးမွမ်းဗိုလ်လူ, အံ့ရာမူသား, မဉ္ဇူပန်းဦး, ကြိုင်နံ့မြူးသို့။   ။ကျေးဇူးသတင်း-မွှေးစေမင်း။



(၃၈) က၀ိလေးမည်, ပြည့်စုံတည်သား, ဇာနည်သထွတ်, ဆရာမြတ်ဝယ်, မပြတ်နိယံ, နည်းနာခံ၍, သာစံရိပ်ငြိမ်, စည်းစိမ်တန်ခိုး, ရှေးကျိုး ကောင်းညွှန်, ပွားပြန့်နောင်လာ, တိုးတက်ရာသည့်, အင်္ဂါခုနှစ်, ကျေးဇူးနှစ်နှင့်, ရန်စစ်အောင်နေ, လေးထွေအကျင့်၊ လေးဆင့်သင်္ဂြိုဟ်, ယွန်းသိုမရှိ, ဂတိလေးသွယ်, မှတ်ဖွယ်ဖွယ်၌, ဓိပ္ပာယ်အနက်, ပြက်ပြက်ထင်စွာ, မသိသာမူ၊ သင်္ကာပျောက်ဆေး၊ စင်အောင်မေး၍၊ ကျင့်ရေးကျင့်သုံး၊ ကျင့်မြဲထုံးကို၊ နှလုံးပိုက်သွင်း-တွေးစေမင်း။



(၃၉) ထိုမှတထွေ၊ တိုင်းခြေရပ်စည်၊ ပြည်၏ကိစ္စ၊ သတ္တ္ကရဇ္ဇင်၊ ခုနှစ်အင်လည်း၊ သိမြင်မကျန်၊ ယဉ်ထန်သမုဒ်၊ ဖြည်းသုတ်လေသာ၊ ရာဇာယမ၊ နေလပဇ္ဇန်၊ ၀သုန္ဓရာ၊ ဒေါဝါသိကြား၊ ရှစ်ပါးဤသို့၊ မင်းတို့မှတ်ဖွယ်၊ ပုံသွယ်တသီး၊ သူကြီးကျင့်မူ၊ ဂုဏ်ခြောက်စုနှင့်၊ ဆယ်ခုဓမ္မ၊ ဗလငါးတန်၊ စွမ်အန်သုံးကြောင်း။ မကြာတောင်းသား၊ နည်းကောင်းကျမ်းဝန်း၊ အဆန်းဆန်းလည်း၊ မေးမြန်းဖွေရှာ၊ မှတ်သားနာ၍။   ။သင်္ကာပျောက်ကင်း-စင်စေမင်း။



(၄၀) ထိုမှတစ်ပါး၊ ယောက်ျားတကာ၊ ဖွေရှာနိစ္စ၊ တတ်အပ်လှသား၊ သိပ္ပရတနာဆင်မြင်းမှာတုံ၊ သမ္ဘာရင့်ညောင်း၊ တုမဲ့တောင်းသား၊ စောလောင်းရန်နင်း၊ ဥတိန်မင်းဟု၊ ၀ှန်ပြင်းကျော်ထိတ်၊ ခေါင်းပဏ္ဍိတ်၏၊ ကျိတ်လိတ်သင်ထွေ၊ ဥပဒေ၌၊ တက်နေလုံးခြုံ၊ စီရင်တုံ၍၊ စေ့စုံများကျယ်၊ စီးနင်းဖွယ်လည်း၊ တင့်တယ်ပြဿ၊ ဓာရဏဖြင့်၊ လေ့လမကင်း-ကျင့်စေမင်း။



(၄၁) သံသရာစက်၊ အဆက်ဆက်က၊ လေ့ကျက်ဖူးစွာ၊ ၀ါသနာကြောင့်၊ ပညာရင့်ကြောင်း၊ သူတော်ကောင်းတို့၊ ကျိုးကြောင်းဟုတ်လှ၊ ထုံးစံပြသား၊ ဆုံးမစကား၊ ကျေးဇူးများကို၊ ကြားကြားသရွှေ့၊ ရွှင်ပျော်မွေ့လျက်၊ နေ့လည်းအစဉ်၊ ညဉ့်လည်မကွာ၊ မှတ်သားနာယူ၊ ဖွေရှာစူးစမ်း၊ ပြောဆိုကျွမ်းလည်း၊ စိတ်ဝမ်းကြည်လင်၊ သားရွှေစင်ကို၊ တိုင်ပင်လျှို့ဝှက်၊ ထဲနက်ရေခြား၊ ပြင်တစ်ပါးသို့၊ မကြားစေချင်၊ မမြင်စေလို၊ မဆိုစေမူ၊ အစုစု၌၊ မြှော်ရူသတိ၊ မင်းရိပ်သိလျက်၊ မျက်စိမမြင်၊ ခေါ်လျှင်မကြား၊ လျှာမဲ့ငါးသို့၊ ဆွေဝါးခင်ပွန်း၊ ဖွေးမေးမြန်းလည်း၊ တစ်ခွန်းမပွား၊ မင်းစကားကို။   ။ပိုက်ထားဝမ်းတွင်း-ကြေစေမင်း။



(၄၂) ရန်သူညိုးဖက်၊ နှောင့်ရှက်ငြိတွယ်၊ အန္တရာယ်တည့်၊ အကယ်မျက်မြင်၊ စိုးစဉ်းထင်မူ၊ သေရှင်အရေး၊ နှစ်တွေးမရည်၊ စွန့်အံ့သည်ဟု၊ ဆောက်တည်သောလျောက်၊ စွန့်ခွင့်ရောက်မူ၊ ရွံ့ကြောက်မဲ့ထွန်၊ အရှင့်ဝန်၌၊ ကုမ္ဘဏ်ယက္ခ၊ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်လော၊ အ၀ှန့်နောင်လာ၊ လူတကာတို့၊ ပြောရာဥဒါန်း၊ ကမ္ဘာထွန်းလည်း။   ။မော်ကွန်းဖြစ်လျှင်း-လေစေမင်း။



(၄၃) အနီးအဝေး၊ အနှေးအလျင်၊ စီရပ်မစ၊ အငှအဝေ၊ အစေအပါး၊ အရာကြီးငယ်၊ ပြုဖွယ်ဖွယ်၌၊ လိုမယ်ကိစ္စ၊ ဟူသမျှကို၊ အားရအောင်အောင်၊ ရည်စောင်ထဲလာ၊ ကြိုးသောခါလည်း၊ ညီညာအားထုတ်၊ သဘောဟုတ်ဖြင့်၊ မယုတ်မလွန်၊ တော်မှန်ဖြောင့်စင်း၊ မှားယွင်းမရှိ၊ သမာဓိနှင့်၊ သတိငံ့ဆည်၊ စောင့်သပ်သည်တွင်၊ ဆံခြည်တဘန်၊ တပ်စွန်းမချစ်၊ လောဘဖြစ်၍။   ။တင်ပြစ်လွတ်ကင်း-ကွေ့စေမင်း။



(၄၄) လျှို့ဝှက်သဲကြံ၊ နတ်စံရည်ကောင်း၊ သူ့အကြောင်းကို၊ ချောင်းနှောင်းနှီးနွယ်၊ သိအောင်ရွယ်မူ၊ ပွဲကျယ်အရပ်၊ မတင့်အပ်ဝယ်၊ ထက်ကြပ်မကွာ၊ နေကာမတွေ့၊ ကြည့်၍မမြှော်၊ နားသော်မကြား၊ လူမူများကို၊ ၀ှက်ထားမြဲကြိတ်၊ ထဲကြံစိတ်ဖြင့်။   ။တိတ်တိတ်ဝှက်ခြင်း-မြဲစေမင်း။



(၄၅) ခပ်သိမ်းကိစ္စ၊ ဟူသမျှလည်း၊ လုံ့လမလျော့၊ မပေါ့မမေ့၊ ညဉ့်နေ့မဟူ သတိမူ၍၊ မေးမြူကြောင်းလမ်း၊ ဖူးစမ်းစာနာ၊ နက်ပညာဖြင့်၊ ရှေ့လာနောက်နှစ်၊ ကြံစိစစ်သော၊ အပြစ်ကိုယ်ဝယ်၊ ဆိုဖွယ်ရိပ်ထင်၊ မရောက်ခင်က၊ အမြင်မရှိ၊ တွေးမသိသည်၊ မျက်စိမပွင့်၊ ဉာဏ်မရင့်တို့။   ။အကျင့်အခြင်း-တွေ့စေမင်း။



(၄၆) ဂမ္ဘီသာရ၊ နာမ,သာချမ်း၊ ဆုံးမကျမ်းဝယ်၊ အဓိပ္ပာယ်ကား၊ စင်ကြယ်ချောမြေ့၊ ဤ၀ယ်ရွေ့လျှင်။   ။စေ့စေ့သန့်စင်-ပြီးအောင်မြင်၏။



(၄၇) ရွှေနန်းသခင်၊ ဘုရင်ခေါင်ထွတ်၊ မင်းမြတ်ဆရာ, ရဋ္ဌသာဟု, ပညာထင်ပေါ်, ထေရ်မြတ်ကျော်လျှင်, လေးတော်ထင်ရှား, ချီးပင့်ညွှန်း၍, ထူးဆန်းမြားမြောင်, ကျမ်းကုန်အောင်မှ, ယူဆောင်ဓိပ္ပာယ်, ကျင့်ဖွယ်ဖွယ်ကို, ရွေးချယ်သီရုံး, ပန်းနှယ်ကုံး၍, နှလုံးတန်ဆာ, ဖြစ်စိမ့်ငှာဟု, လင်္ကာချိုမြ၊ မန့်ဟသား၊ ခေါ်ထတွင်မူ၊ အနုသာသန၊ ပိုဒ်စချီဦး၊ မည်ထူးသညီ၊ ဂမ္ဘီသာရ၊ နာမကြိုင်ရွှမ်း၊ ဆုံးမကျမ်း၌၊ အကျွမ်းတ၀င်၊ နားမတင်သား၊ ခဲအင်ဆစ်မျက်၊ အနက်ဓိပ္ပာယ်၊ အသွယ်သွယ်ကို၊ သိလွယ်စိမ့်ငှာ၊ ပညာစိန်ကျောက်၊ ထိုးသွင်းဖောက်၍၊ ခွဲကောက်ယူငင်၊ စမ္ပယ်ထင်သား၊ မြန်ခွင့်တံခွန်၊ ဤစာမွန်ကို၊ လေးတန်မျိုးဖော်၊ မြတ်သူတော်တို့၊ ရွှင်ပျော်ဆကဲ၊ အမြဲနူတ်ဝယ်၊ သရဇ္ဈာယ်၍၊ မှတ်ဖွယ်နည်းနာ၊ အဖြာဖြာကို၊ ပညာယူဆ၊ ကျက်လေ့ကမူ၊ ဘ၀ဤတွင်၊ ခုမျက်မြင်၌ ဂုဏ်အင်များပုံ၊ လူစွယ်စုံဟု၊ လူ့ဘုံရပ်သူ၊ အံ့ရာမူလိမ့်၊ မဉ္ဇူပန်းသွင်၊ ပတ်လွှံ့ပေါ်စ၊ ပထမက၊ နေ-လထင်ရှား၊ နှစ်ပါးထွန်းသည့်-ဖွယ်တည်း။



ဂမ္ဘီသာရ ဆုံးမစာ ပြီး၏။



သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။

1 comment: