နိကာယ်ငါးရပ်၊ ပါဠိတော်၊ အဌကထာ၊ ဋီကာတွေမှာ ပုတီးစိပ်တာနဲ့ ပတ်သက်ပြီး ဟောထားရေးထားတာ မတွေ့ရပါဘူး။ ယခု ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အိမ်တိုင်းမှာလိုလို ပုတီးရှိပြီး လူကြီးတိုင်းလိုလို ပုတီးစိပ်ကြပါတယ်။ ပိဋကတ်တတ်ကျွမ်းတဲ့ ဆရာတော်ကြီးများလဲ ပုတီးစိပ်ကြပါတယ်။
ဒါပေမယ့် မြန်မာဆရာတော်တွေ ပြုစုရေးသားတဲ့ ကျမ်းဂန်တွေမှာလဲ ပုတီးစိပ်တာနဲ့ ပတ်သက်ပြီး ရေးထားတာ မတွေ့ရပါဘူး။ ဒါပေမယ့် ဘာသာရေး လိုက်စားတဲ့ လူတွေရော ဘုန်းကြီးတွေရော မြန်မာတစ်ပြည်လုံးမှာ ရှေးအခါကတည်းက အခုထိ ပုတီးစိပ်နေကြတာပါပဲ။
စိပ်ရင်လည်း အပြစ်တော့ မဖြစ်ပါဘူး။ ပုတီး သမိုင်းကို လေ့လာမိသလောက်တော့ အာရပ်တွေဘက်က စတယ်ဆိုပဲ။ ဟိုအရင် ကတည်းက ဗုဒ္ဓ ဆင်းတုတွေတွေမှာလဲ ပုတီးနဲ့ပုံ မကြည်ညို မိပါဘူး။ ဆရာတော်ကြီးတွေ ကိုယ်တိုင်လည်းစိပ်နေတာဆိုတော့ ပြောရခက်ခက်ပဲ ၊စိပ်ရင်လည်း အပြစ်တော့ မဖြစ်ပါဘူး။ အားမနာတမ်း ဝေဖန်ရရင်တော့ ထေရ၀ါဒ ဗုဒ္ဓသာသနာမှာ ပုတီးမရှိဘူး မလိုဘူး။ ပွင့်ပွင့်လင်းလင်း အမြင်လေး ပြောရရင်တော့ ၀ိပဿနာလို ဘာဝနာ ပွားရင် ပုတီးက အရှုပ်သက်သက်သာ ဖြစ်လိမ့်မယ်။
ReplyDelete