ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 12 September 2010

ရုပ်ပွားဆင်းတုတော်နဲ့ စေတီတော်တွေဟာ ဆွမ်း သစ်သီးနဲ့ ရေချမ်းတွေကို တကယ်မဘုဉ်းပေး မသုံးဆောင်ဘဲ ဘာကြောင့် လှူဒါန်းဆက်ကပ် နေကြပါသလဲ?

ရုပ်ပွားဆင်းတုတော်နဲ့ စေတီတော်တွေဟာ လူတွေ ဆက်ကပ်ပူဇော်တဲ့ ဆွမ်း သစ်သီး ရေချမ်းတွေကို တကယ်မသုံးဆောင်တာ မှန်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလဲ ရုပ်ပွားဆင်းတုတော်တွေနဲ့ စေတီတော်ကို ဆက်ကပ်လှူဒါန်းတာ မဟုတ်ပါဘူး။

အဲဒီရုပ်ပွားဆင်းတုတော်တွေက ကိုယ်စားပြုထားတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းဆက်ကပ်ခြင်းသာ ဖြစ်ပါတယ်။ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းကိုးကွယ်ဆည်းကပ်မှုဟာ ဗုဒ္ဓသရဏဂုံဖြစ်သလို သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းဆက်ကပ်တဲ့ ဆွမ်း ရေချမ်းအလှူဟာလဲ အလှူဒါနမြောက်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေဟာ ဆွမ်းတော်တင်ကြခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment