အထက်ပါ ဘုရားပင့်ဂါထာကို ရွတ်ဆိုပြီး ပင့်လိုက်တဲ့အခါ ဘုရားရှင်ဟာ မကြွလာပါဘူး။ ဗုဒ္ဓဘာသာတွေရဲ့ ဘုရားက အခြားဘာသာ ဘုရားတွေလို အထက်ကောင်းကင် တစ်နေရာမှာ အသက်ရှင်လျက် ရှိတာ မဟုတ်ပါဘူး။ တစ်နေရာမှာ အသက်ရှင်လျက်ရှိတာ မဟုတ်တဲ့အတွက် ဘုရားရှိခိုးမယ့်လူရဲ့ ပင့်လျှောက်ချက်ကိုလဲ မကြားနိုင်ပါဘူး။
ဒါကြောင့် ဘုရားရှင်ဟာလဲ ကြွလဲ မကြွရောက်ပါဘူး။ ဒီနေရာမှာ ပရိတ်ရွတ်ခါနီး နတ်ပင့်တာနဲ့ သွားမရောသင့်ပါဘူး။ နတ်တွေဆိုတာက အသက်ထင်ရှား ရှိနေတယ်။ အဝေးက ပြောသံ ဆိုသံ ပင့်သံကို ကြားနိုင်လောက်တဲ့ ဒိဗ္ဗသောတ နတ်နားကလဲရှိတော့ ပင့်တာကို နာလိုရင် လာပါတယ်။ ဘုရားရှင်ကတော့ သက်တော်ထင်ရှားကလဲ မရှိတော့တဲ့အတွက် ဘယ်သူက ဘယ်လိုပင်ပလို့မှ မကြွနိုင်ပါဘူး။

No comments:
Post a Comment