ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

ဘုရားရှင် လေးဆယ့်ငါးဝါ အတွင်း ဟောတော်မှုခဲ့တဲ့ ဒေသနာတွေကို ဘာဖြစ်လို့ တရားလို့ ခေါ်သလဲ?

ဘုရားရှင်ဟောခဲ့တဲ့ ဒေသနာတော်တွေဟာ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း မရှိဘဲ ပုဂ္ဂိုလ်မရွေး၊ လူမျိုးမရွေး မိမိရဲ့ ပင်ကိုသဘောတရားအတိုင်း ဖြောင့်ဖြောင့်မတ်မတ် ဆောင်ရွက်တတ်လို့ ဓမ္မတရားလို့ ခေါ်တယ်။ လောဘ ဒေါသတရားတွေဟာ ဘယ်ပုဂ္ဂိုလ် ဘယ်ဒေသမှာပဲဖြစ်ဖြစ် လိုချင်တယ်၊ ကြမ်းတမ်းတယ်၊ အဲဒီ လောဘဒေါသရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှဟာ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ်၊ ဆင်းရဲသူပဲဖြစ်ဖြစ်၊ သူဌေးပဲဖြစ်ဖြစ် အပါယ်ငရဲ ကျရောက်ရမယ်။

အလားတူပဲ ဒါန သီလမှုတွေကို လူပဲလုပ်လုပ်၊ နတ်ပဲလုပ်လုပ်၊ သူဌေးပဲလုပ်လုပ်၊ ဆင်းရဲသားပဲလုပ်လုပ် ကောင်းကျိုးခံစားရမယ်။ လူချမ်းသာ နတ်ချမ်းသာကို ရမယ်။ အဲဒီလို ပုဂ္ဂိုလ် ဒေသမရွေး မျက်နှာမလိုက် မိမိရဲ့ မှုလသဘောအတိုင်း ဆောင်ရွက်တတ်လို့ တရားလို့ ခေါ်ပါတယ်။

No comments:

Post a Comment