ငါးပါးသီလမှာ သီလတစ်ပါးကို စောင့်ထိန်းလို့ ရရှိတဲ့အကျိုး။ မစောင့်ထိန်းလို့ လွန်ကျူးလို့ ရရှိမယ့် အပြစ်တွေကို ယှဉ်တွဲပြထားတယ်။ အခုပြမှာက သီလအားလုံးဆိုင်တဲ့အကျိုး ဖြစ်တယ်။
အာနန္ဒာ၊ အပြစ်မရှိကောင်းသော သီလအကျင့်တို့သည် စိတ်နှလုံးရဲ့ ကြည်သာရွှင်လန်းခြင်း အကျိုးရှိကုန်၏လို့ ဘုရားရှင် ဟောထားပါတယ်။
ပြီးတော့ သီတင်းသုံးဖော် မိတ်သင်္ဂဟတို့ရဲ့ ကြည်ညိုခံရသူ၊ မေတ္တာပို့ခံရသူ၊ အလေးပြုခံရသူ၊ အချီးမွမ်းခံရသူဖြစ်ချင်ရင် သီလကို ဖြည့်ကျင့်စောင့်ထိန်း ရမယ်လို့လည်း ဘုရားရှင် ဟောထားပါတယ်။
ကိလေသာ အညစ်အကြေးကို ဂင်္ဂါယမုနာ မြစ်ရေနဲ့ ဆေးလို့ မစင်၊ သီလရေစင်နဲ့ဆေးမှ စင်ကြယ်နိုင်ပါတယ်။ ရာဂစတဲ့ အပူမီးကို မိုးရေမြစ်ရေနဲ့ ငြိမ်းသက်လို့မရ။ သီလရေစင်နဲ့သာ ပက်ဖျန်းမှ ငြိမ်းအေး နိုင်ပါတယ်။
သီလဟာ နတ်ပြည်တက်ရန် တစ်ခုတည်းသော စောင်းတန်း၊ နိဗ္ဗာန်ဝင်ရန် တစ်ခုတည်းသော တံခါးပေါက် ဖြစ်ပါတယ်။
သီလရှိသူမှာ အောက်ပါအကျိုး ၅-ပါးကို ရနိုင်တယ်။
(က) စည်းစိမ်ဥစ္စာ ကြွယ်ဝတယ်။
(ခ) ဂုဏ်သတင်း ကျော်စောတယ်။
(ဂ) ပရိသတ်ထံ ရဲရဲရင့်ရင့် ကပ်နိုင်တယ်။
(ဃ) မတွေမဝေ သေရတယ်။
(င) သေပြီိး နတ်ပြည်ရောက်တယ်။
စသည်ဖြင့် သီလရဲ့အကျိုး အမျိုးမျိုး ပြောကြားထားပါတယ်။

Thursday, 2 September 2010
သီလအကျိုးတရားတွေဟာ ဘာတွေလဲ ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment