ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 3 September 2010

ငါးပါးသီလနဲ့ မတူတဲ့ သိက္ခာပုဒ် ၄-ခုကို အဓိပ္ပာယ်ကဘာလဲ ?


အဗြဟ္မစရိယာ မမြတ်သော မေထုန်အကျင့်ကို လုံးဝမပြုလုပ်ရဘူး။ ကာမေသုမိစ္ဆာစာရဆိုတာက ကိုယ့်ရဲ့ဇနီး၊ ကိုယ့်ရဲ့ ခင်ပွင်းမဟုတ်တဲ့ သူနဲ့ မေထုန်မှုမပြုရဘူး။ ဒီအဗြဟ္မစရိယ သိက္ခာပုဒ်ကတော့ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းနဲ့ ရော၊ သူတစ်ပါး သမီး ဇနီးခင်ပွန်းနဲ့ရော မေထုန်မှုမပြုရဘူး။

ဝိကာလဘောဇနာဆိုတာက နေ့ ၁၂နာရီကကျော်ရင် ဖျော်ရည် ဘိလပ်ရည် ကြံရည် ထန်းလျက် သကြား ကြံသကာကလွဲလို့ အခြားအစားအသောက် ဘာကိုမှ မစားမသောက်ရဘူး။

နစ္စ ဂီတ ဒါဒိတ-ဆိုတာက မကရ၊ မဆိုရ၊ မတီးမှုတ်ရ၊ ကတာ၊ ဆိုတာ၊ တီးတာကို မကြည့်ရ၊ နားမထောင်ရဘူး၊ ပန်းမပန်ရ၊ နံ့သာမလိမ်းခြယ်၊ ရေမွှေးမဆွတ်ရဘူး။

ဥစ္စာသယန မဟာသယန ဆိုတာက တစ်တောင့်ထွာထက် အထက်မြင့်တဲ့ ခုတင်ပေါ်၊ မွေ့ရာပေါ်မှာ မနေရ၊ မအိပ်ရဘူး။

No comments:

Post a Comment