ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 17 October 2010

အကျည်းတန်သောဘဲကလေး


ဤပုံပြင်ကလေးသည် အသက်အရွယ် ကြီးပြင်းလာလေလေ၊ ဘ၀အတွေ့အကြုံများ၍ စဉ်းစားဥာဏ် ရင့်သန်လာလေလေ၊ အတွေးအခေါ်ကို ပိုမို၍ အရသာခံစား နှစ်သက်လာလေလေဖြစ်၏။ အကျည်းတန်သော ဘဲကလေးသည် ယနေ့ စာရေးဆရာများ ကိုးကားစရာ ဂန္ထ၀င်ပုံပြင်တစ်ခု ဖြစ်နေလေပြီ။ စစ်ပြီးခေတ် ကျောင်းသူ ကျောင်းသား လူငယ်အများစုအဖို့ ဤပုံပြင်ကလေးကို ဇဝေဇ၀ါ ကြားဖူးရုံမဆသာ ရှိကြလိမ့်မည်။ ယခင်တစ်ကြိမ် တွေ့ဖူး ဖတ်ဖူးသူဖြစ်လျှင်လည်း ယခု ထပ်မံ၍ ဖတ်လိုကြပေလိမ့်မည်။


သည်တော သည်မြေကား သာယာလှဘိ၏။


နွေရာသီဖြစ်၍ ပြောင်းခင်းများ ၀င်းဝါကာ ဂျုံပင်များ စိမ်းလန်းလျက်ရှိသည်။ မြက်ခင်းစိမ်းများထဲတွင် မြက်ခြောက်တို့ကို အပုံကြီးများ ပြုလုပ်ထားသည်။ ခြေတံရှည်နီနီနှင့် ငှက်ကျားကြီးသည်လည်း ဟိုမှသည်မှ လမ်းသလားကာ သူ၏မိခင်ထံမှ သင်ကြားတတ်မြောက်ထားသည့် မာဂဓစကားကို ခပ်ကြွားကြွား ရွတ်နေလေသည်။ လယ်ကွင်းနှင့် မြက်ခင်းများပတ်လည်၌ သစ်တောကြီးများ ရံလျက်ရှိ၍၊ ဤသစ်တောကြီးများအတွင်းဝယ် နက်ရိုင်းသော ရေအိုင်များ တည်ရှိကြသည်။ မှန်၏။ သည်တောသည်မြေကား အမှန်ပင် ရွှန်းစိုသာယာလှဘိ၏။


နေရောင်ထဲတွင် ခြံကြီးတစ်ခုသည် ရေနက်မြောင်းများ ပတ်ချာဝိုင်းလျက် တည်ရှိပြီးလျှင် ခြံ၏ စည်းရိုးမှ ရေစပ်အထိ ကပ်စေးနှဲပင်ကြီးများ ပေါက်ရောက်ဖုံးလွှမ်းနေသည်။ အချို့သော ကပ်စေးနှဲပင်များမှာ ပင်စည်အောက်တွင် ကလေးငယ်များ မတ်တပ်ရပ်နေနိုင်သည်အထိ မြင့်မားလှသည်။ ဤနေရာကား တောနက်တောရိုင်းကြီးအလယ်နှင့် မခြားလှချေ။ ဤနေရာတွင် ၀မ်းဘဲမတစ်ကောင်သည် အသိုက်တစ်ခုလုပ်ကာ သူ့ဥများ ပေါက်လာစေရန် ၀ပ်လျက်နေသည်။ သူ့ဥများ ပေါက်ခဲလှသဖြင့် ၀မ်းဘဲမခမျာ လွန်စွာ ပင်ပန်းနွမ်းနယ်လျက်ရှိရာတွင် ဧည့်သည်များကလည်း အလာနည်းလှ၏။ အခြားသော ဘဲမများသည် ရေမြောင်းထဲတွင် အဟုန်အဆန် ရေကူးပျော်ရွှင်နေကြ၍ ကပ်စေးနှဲပင် အောက်ရှိ ၀မ်းဘဲမထံ လာရောက် စကားစမြည်း ပြောဆိုရန် စိတ်မကူးကြချေ။


နောက်ဆုံးတွင် ဥခွံကလေးများ တစ်ခုပြီးတစ်ခု ပွင့်လာ ပေါက်လာကြ၏။ ပီပီ….နှင့် အော်မြည်လျက် အကောင်ကလေးများသည် ဥခွံထဲမှ ခေါင်းပြူ၍ ကြည့်ကြ၏။


ချစ်ခနဲ ချစ်ခနဲ သူတို့မြည်ကြပြန်၏။ ထို့နောက် ဘဲကလေးများအားလုံးသည် ဥခွံများကိုနင်းကာ လျင်မြန်စွာ ထွက်လာကြပြီးလျှင် စိမ်းစိုသော သစ်ရွက်များအောက်တွင် ဘေးပတ်လည်ကိုလှည့်၍ ကြည့်ကြ၏။ အစိမ်းရောင်သည် မျက်စိကို အားရှိစေသောကြောင့် မိခင်ဘဲမသည် ဘဲကလေးများကို သဘောရှိ ကြည့်စေ၏။


ဤအချိန်တွင် ပုဂံမင်းနှင့် “ကမ္ဘာလောကကြီးဆိုတာ တယ်ကျယ်ဝန်းပါလား…” ဟု ဘဲကလေးများက ပြောကြ၏။ ဥခွံထဲ၌ နေခဲ့ရသည်ထက် ယခု ပြင်ဘက်တွင် နေရာထိုင်ခင်း ပိုမိုကျယ်ဝန်းဝန်းရှိသည်မှာ အမှန်ပင်ဖြစ်၏။


သက္ကရာဇ် ၁၂၁၄-ခုနှစ်တွင် အောက် မြန်မာနိုင်ငံကို အင်္ဂလိပ်များ သိမ်းပိုက်၍ “ဒီဟာ လောကကြီးတစ်ခုလုံးပဲလို့ နင်တို့ထင်နေကြသလား။ လောကဆိုတာ ဒီခြံကြီးရဲ့ ဟိုတစ်ဖက်ကိုကျော်ပြီး ဆရာဘုန်းတော်ကြီးရဲက လယ်ကွက်အထိကျယ်တယ်။ ဒါပေမဲ့ ငါလည်း အဲဒီအထိတော့ ဆုံးအောင်မသွားဖူးသေးဘူး။ ကဲကဲ…အခု နင်တို့အားလုံးစုံပြီလား..” ဟုဆိုကာ ၀မ်းဘဲမသည် ထ၍ကြည့်၏။ “ဟင်..မစုံသေးဘူး။ ဒီမှ ဥကြီးတစ်လုံး ကျန်နေပါသေးပါကလား။ ဘယ်လောက်ကြာအောင် နေရဦးမှာလဲမသိဘူး။ ငါတော့ တကယ်ပဲ ငြီးငွေ့လှပါပြီ…”


ဘဲမသည်ပြန်၍ ၀ပ်ရရှာ၏။


“ကဲ…ဘယ့်နှယ်လဲဟေ့” မေးရင်း ဘဲမအိုကြီးတစ်ကောင်သည် ၀မ်းဘဲမထံ အလည်ရောက်လာ၏။


“ဟောဒီ ဥတစ်လုံးက အတော်ကြာနေတယ်။ ပေါက်ပဲ မပေါက်နိုင်ဘူးရှင်” ဟု ၀ပ်နေသောဘဲမက ပြန်၍ဖြေ၏။ “ဒါပေမဲ့ ပေါက်လာတဲ့ ကလေးတွေကို ကြည့်စမ်းပါ။ ကျွန်မတို့မြင်ဖူးသမျှမှာတော့ အလှဆုံး ဘဲကလေးတွေလို့ မဆိုနိုင်ဘူးလား။ အားလုံး သူတို့အဖေနဲ့ သိပ်တူတာပဲ။ ဒါပေမဲ့ သူတို့အဖေ ကိုစိမ်းကားကြီးကတော့ ကျွန်မကို တစ်ခါမှ လာကြည့်ဖော်မရဘူး..”


“မပေါက်နိုင်တဲ့ဥကို ငါကြည့်စမ်းပါရစေ…”ဟု ဧသည့်သည် ဘဲမကြီးက ပြောပြီးနောက်…“ဟယ်..ဒီဟာ ကြက်ဆင်ဥကြီးပဲ။ တစ်ခါတုန်းက ငါလည်း ဒီလိုပဲ အလိမ်ခံရဖူးတယ်။ ကလေးတွေနဲ့ ဒုက္ခရောက်လိုက်တာအေ…၊ ဘယ်ကလေးမှ ရေထဲမဆင်းဝံ့တော့ဘူး။ ချော့မော့ပြီး ရေထဲခုန်ဆင်းခိုင်း တာလည်း မရဘူး။ ငါ အမျိုးမျိုးအော်၊ အမျိုးမျိုးခေါ်တယ်။ အလကားပါပဲ၊ အခု ညည်းဥကို ငါ သေသေချာချာ ကြည့်စမ်းပါရစေဦး။ ဟုတ်ပါပြီတော်…ကြက်ဆင်ဥပါပဲ။ ကဲ..ဒီဥကို အသာထားလိုက်။ တခြားကလေးတွေကိုသာ အရင် ရေကူးသင်ပေးပေတော့…”


“ကျွန်မတော့ ခဏလောက် ဆက်ဝပ်လိုက်ဦးမယ်လို့ အောက်မေ့တာပဲ”ဟု ဘဲမဆို၏။


“ဒီလောက်သပ်တာ ကြာလာမှတော့ တစ်ရက် နှစ်ရက် ဆပ်ဝပ်ရမယ်ဆိုရင်လည်း ၀န်မလေးတော့ပါဘူး …”


“ဒါတော့ ညည်းသဘောပေါ့” ဟု ပြောကာ ၀မ်းဘဲမအိုကြီးသည် ပြန်သွားလေ၏။


“ဒါတော့ ညည်းသဘောပေါ့” ဟု ပြောကာ ၀မ်းဘဲမအိုကြီးသည် ပြန်သွားလေ၏။


“တော်တော်ထွားတဲ့ ဘဲကလေး။ တခြားကောင်တွေနဲ့ လုံးလုံးမတူဘူး။ တကယ်ပဲ ကြက်ဆင်ကလေး ဖြစ်နေရော့သလား။ အဲလေ မကြာခင် သိရမှာပါပဲ။ ငါကိုယ်တိုင် တွန်းချချင်ချရပါစေ၊ သူ့ကိုတော့ ရေထဲဆင်းခိုင်းရမှာပဲ…”ဟု ၀မ်းဘဲမက တွေး၏။


>နောက်တစ်နေ့တွင် ရာသီဥတု ထူးခြားစွာ သာယာ၍ နေရောင်ခြည်သည် စိမ်းလန်းသော သစ်ပင်များပေါ်တွင် ၀င်းပလျက်ရှိ၏။ မိခင်ဘဲမကြီးသည် ကလေးများအားလုံးကို ခေါ်၍ ရေစပ်သို့သွား၏။ ထို့နောက် သူကိုယ်တိုင် ဖြုတ်ခနဲ ရေထဲသို့ ခုန်ဆင်းကာ “ဂတ်ဂတ်…လာကြ…လာကြီ” ဟူ၍ ခေါ်၏။ ဘဲကလေးများသည် တစ်ကောင်ပြီး တစ်ကောင် ရေထဲသို့ ခုန်ဆင်းကြလေ၏။ သူတို့သည် ရေထဲတွင် မြုပ်သွားပြီးနောက် ခဏကြာလျှင် ပြန်၍ပေါ်လာကာ လှပစွာ ကူးယက်နေကြ၏။ သူတို့ခြေထောက်များမှာ အလိုအလျောက် လူပ်ရှားနေသည်။ သူတို့အားလုံးပင် ရေထဲတွင် စုံညီစွာရောက်ရှိနေသည်။ အကျည်းတန်သော ဘဲညိုကလေးသည်လည်း သူတို့နှင့်အတူ ရေကူးလျက်ရှိ၏။


“ဟင့်အင်း…ဒါ ကြက်ဆင်မဟုတ်ပါဘူး” ဟု ဘဲမက ပြော၏။ “သူ့ခြေထောက်သူ အသုံးချပုံ ကြည့်စမ်း…ဘယ်လောက်လှသလဲ။ သူ့ ကိုယ်နေကိုယ်ထားကိုလည်း ကြည့်စမ်း…ဘယ်လောက်ဖြောင့် သလဲ။ အို…ဒါ ငါ့သားကလေးပါပဲ။ တကယ် သေသေချာချာကြည့်တတ်ရင် သူဟာ ဘဲချောကလေးတစ်ကောင်ပါပဲ။ ဂတ်ဂတ်…ကဲ…လာကြ၊ လာကြ၊ နင်တို့အားလုံး ငါနဲ့လိုက်ခဲ့ကြ။ လောကကြီးကို ငါလိုက်ပြမယ်။ ဘဲခြံထဲကိုလည်း ဆွေပြမျိုးပြသွားရမယ်။ ဒါပေမဲ့ ဘယ်သူမှ နင်တို့ကို ခြေထောက်နဲ့ မနင်းမိအောင် ငါ့အနားမှာသာ ကပ်နေကြ။ ကြောင်ကိုလည်း…သတိထား” ဟူ၍ ဘဲမကဆို၏။


ဤသို့ဖြင့် သူတို့သည် ဘဲခြံထဲသို့ ရောက်လာကြ၏။ ခြံထဲတွင် ကြောက်မက်ဖွယ် အဓိကရုဏ်းတစ်ခု ဖြစ်ပွားနေ၏။ ဘဲမိသားစုနှစ်စုသည် ငါးရှဉ့်ခေါင်းတစ်ခုကို ဆူညံစွာ ယှဉ်ပြိုင်လုယက်နေကြရာ နောက်ဆုံးတွင် ကြောင်က၀င်၍ ဆွဲယူပြေးလေသည်။


“အဲဒါသာ ကြည့်ပေတော့၊ လောကဆိုတာ ဒီလိုပဲ” ဟု မိခင်ဘဲမကဆို၏။သူကိုယ်တိုင်လည်း ငါးရှဉ့်ခေါင်းကို စားချင်လှသဖြင့် သူ၏နူတ်သီးဖြင့် မြေကိုထိုးဆွ၏။ “ကဲ…ကိုယ့်ခြေထောက်ကိုယ် အားပြုပြီး ကောင်းကောင်းလမ်းလျှောက်နိုင်အောင် ကြိုးစား။ ဟိုနားက ဘဲအိုမကြီးရှေ့ရောက်ရင် အားလုံး ခေါင်းကိုညွှတ်ထားရမယ်။ ဒီခြံထဲမှာ သူဟာအသက်အကြီးဆုံး အမျိုးအမြတ်ဆုံးပဲ။ သူ့မှာ မဟာဆီ မဟာသွေးပါတယ်။ ဒါကြောင့် သူဒီလောက်ဝတာပေါ့။ သူ့ခြေထောက်မှာ အနီရောင် အ၀တ်စပတ်ထားတာ မြင်ရဲ့ မဟုတ်လား။ ဒါဟာ အလွန်ထူးခြားတဲ့ အမှတ်အသားတစ်ခုပဲ။ ဘဲတစ်ကောင်အနေနဲ့ ဒါဟာ အကြီးမြင့်ဆုံး ခံယူရတဲ့ဂုဏ်ထူးပဲ။ အဓိပ္ပာယ်ကတော့ သူ့ကို အားလုံးကပဲ အသက်ရှည်စေချင်ကြတယ်။ သူ့ကို လူတွေကရော၊ တိရစ္ဆာန်တွေကရော အကြီးအကဲအဖြစ် အသိအမှတ်ပြုရမယ်လို့ ဆိုလိုတယ်။ ကဲ…အသင့်ပြင်ကြ။ ခြေချောင်းတွေကို အတွင်းဘက် စုမထားနဲ့။ မိကောင်းဖခင်သားသမီးဖြစ်တဲ့ ဘဲများဟာ ခြေချောင်ေးတွကို ဟောဒီလို အပြင်ဘက် ဖြန့်ထားရတယ်။ ဖေဖေတို့ မေမေတို့ အတုခိုး။ ကဲကဲ…နင်တို့လည်ပင်းကို ညွှတ်ပြီး ပါးစပ်က သြကာသလို့ ဆိုကြ…”


ကလေးများသည် မိခင်သင်သည့်အတိုင်း ပြုလုပ်ကြ၏။ သို့သော် အခြားဘဲများသည် သူတို့အား ၀ိုင်း၍ ကြေည့်နေကြရာမှ ဤသို့ မညှာမတာပြော၏။


“ကြည့်စမ်းပါဦး…ခြံထဲမှာ ဘဲတွေ ဒါလောက်အများကြီး ရှိနေတာကို နည်းသေားတယ်အောက်မေ့ပြီး သူတို့က ထပ်လာခိုကပ်နေဦးမှာတဲ့လား။ ပြီးတော့ ရှက်စရာ၊ ဟိုကောင်ကို ကြည့်စမ်း။ ဒါလောက်အရုပ် ဆိုးတာ တို့ ကြည့်မနေနိုင်ဘူးဟေ့…” ဟုဆိုကာ ဘဲတစ်ကောင်သည် ပြေးလာ၍ ဘဲညိုကလေး၏ လည်ပင်ကိုဆိတ်၏။


“ကြည့်စမ်းပါဦး…ခြံထဲမှာ ဘဲတွေ ဒါလောက်အများကြီး ရှိနေတာကို နည်းသေားတယ်အောက်မေ့ပြီး သူတို့က ထပ်လာခိုကပ်နေဦးမှာတဲ့လား။ ပြီးတော့ ရှက်စရာ၊ ဟိုကောင်ကို ကြည့်စမ်း။ ဒါလောက်အရုပ် ဆိုးတာ တို့ ကြည့်မနေနိုင်ဘူးဟေ့…” ဟုဆိုကာ ဘဲတစ်ကောင်သည် ပြေးလာ၍ ဘဲညိုကလေး၏ လည်ပင်ကိုဆိတ်၏။


“ဟုတ်တယ်၊ ရန်တော့မစဘူး၊ ဒါပေမဲ့ ဒီကောင်လေးက ထွားလွန်းအားကြီးတယ်။ သူများနဲ့လည်း တူဘူး။ အဲဒီတော့ သူ့ကို ဒုက္ခပေးရမှာပဲ” ဟု ဆိတ်သောဘဲက ပြန်ပြောလေသည်။


ထိုအခါ ခြေထောက်တွင် အနီရောင်အ၀တ်စပတ်ထားသော ဘဲအိုမကြီးက “ညည်းသားသမီးတွေဟာ ချောချောလှလှကလေးတွေပါပဲ၊ ဟိုတစ်ကောင်ကလွဲရင် အားလုံးပဲ လှကြပါတယ်။ သူကတော့ စုန်းပြူးပဲ။ သူ့ကို ပြုပြင်လို့ရရင် ကောင်းမှာပဲ” ဟု ဆို၏။


>“ဒါကတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ သခင်မကြီးရယ်…” ဟု မိခင်ဘဲမက ပြန်၍ဖြေ၏။ “ကျွန်မသားကလေးဟာ လှတော့ မလှပါဘူး။ ဒါပေမဲ့ အလွန်သဘောကောင်းပါတယ်။ ပြီးတော့ တခြားကလေးတွေလိုပဲ ကောင်းကောင်း ရေကူးတတ်ပါတယ်။ သူက ပိုပြီးတောင် ရေးကူးတော် ပါသေးတယ်။ သူရွယ်ရောက်ရင်တော့ လှလာပါလိမ့်မယ်။ ဒါလောက်လည်း ထွားကျိုင်းလာလိမ့်မယ် မထင်ပါဘူး။ ဥခွံထဲမျာ အချိန်တော်တော်ကြီးကြာအောင် နေခဲ့ရလို့ ခုလို ပုံပျက်ပန်းပျက် ဖြစ်ရရှာတာပါပဲ”


ဘဲမသည် ပြောရင်း ဘဲကလေး၏လည်ပင်းကို နူတ်သီးနှင့် ပွတ်သပ်ပေး၏။


“ပြီးတော့ သူဟာ ဘဲထီးကလေးဆိုတော့ အရုပ်ဆိုးပေမယ့် ဒါလောက်အရေးမကြီးပါဘူး။ သူဟာ အလွန်သန်စွမ်းမယ့် ဘဲကလေးပါ။ အခုပဲ သူ့ကိုယ်သူ ကောင်းကောင်းထိန်းနိုင်နေပါပြီ”


ဘဲအိုမကြီးက “တခြားကလေးတွေကတော့ ကြည့်ပျော်ရူပျော် လှလှပပတွေချည်းပါပဲ။ အေးလေ…ခြံထဲမှာ ပျော်ပျော်ရွှင်ရွှင် သင့်သင့်မြတ်မြတ်နေကြပေါ့။ ငါးရှဉ့်ခေါင်းတွေ့ရင်တော့ ငါ့ထံကိုယူခဲ့ကြ” ဟု သြ၀ါဒပေးသွားလေသည်။


ထို့နောက် သူတို့သည် ခြံထဲတွင် ပျော်ရွှင်စွာနေထိုင်ကြ၏။ သို့သော် ဥခွံထဲမှ နောက်ဆုံးပေါက်လာသော ဘဲကလေးခမျာမှာ အလွန်အကျည်းတန်လှသဖြင့် သူ့အား အခြားဘဲများ ကြက်များ အားလုံးတို့က ၀ိုင်း၍ ထိုးကြဆိတ်ကြ ပြောင်လှောင်သရော်ကြသည်ကို သနားစရာ ခံနေရရှာလေသည်။


“ဒီကောင် အားကြီးထွားတယ်” ဟု အားလုံးက အပြစ်ရှာကြ၏။ ထို့ပြင် ခြေတွင် အတက်များနှင့် မွေးလာသောကြောင့် သူ့ကိုယ်သူ ဧကရာဇ်ဘုရင်ဟူ၍ အထင်ရောက်နေသည့် ကြက်ဆင်ကြီးကလည်း သူ၏ အမွေးအတောင်များကို ဖွကာ ရွက်စုံဖွင့်၍ တိုက်လွှင့်လာသော သင်္ဘောကြီးတစ်စင်းပမာ ဘဲကလေးထံသို့ တစ်ရှိန်ထိုး ပြေးဝင်လာ၏။ ဘဲကလေးအနီးသို့ ရောက်သောအခါ ကြက်ဆင်ကြီးသည် လည်ချောင်းထဲမှ ဂလုဂလုဟူသော အသံမျာကိုအစ်ထုတ် ကြွေးကြော်ပြီး၊ မျက်နှာကြီး တစ်ခုလုံးမှာလည်း နီရဲလာ၏။ သနားစရာကောင်းသော ဘဲကလေးသည် ဘယ်မှာရပ်၍ ဘယ်သို့ ပြေးရမည်မသိ။ လွန်စွာ ကြောက်လန့်မိ၏။ အကျည်းတန်လွန်း၍ ဘဲခြံတစ်ခြံလုံး၏ လှောင်ပြောင်သရော်ခြင်းကို ခံရသဖြင့် သူ့တွင် ကြီးစွာ စိတ်ဆင်းရဲနေရလေသည်။


ဤသို့ဖြင့် ပထမနေ့ လွန်မြောက်သွား၏။ နောက်နေ့များတွင် အခြေအနေဆိုးသည်ထက် ဆိုးလာလေသည်။ အကျည်းတန်သော ဘဲကလေးအား အခြားဘဲ၊ ကြက်ဟူသမျှတို့က လိုက်လံနှိပ်စပ် ကြ၏။ သူ၏အစ်ကို အစ်မ မွေးချင်းများကပင် သူ့ကိုကြည့်၍ ဒေသထွက်ကြ၏။ “ဒီလောက် အရုပ်ဆိုးတဲ့ ကောင် ကြောင်ချီသွားပါစေ…” ဟူ၍ ရေရွတ်ကြ၏။ သူ့မိခင် ဘဲမကပင် “နင် တခြားမှာနေရင် ကောင်းမှာပဲ” ဟု ဆိုလေသည်။


အခြားဘဲများက သူ့အား ထိုးကြ၏။ ကြက်များက ၀ိုင်း၍ဆိတ်ကြ၏။ ကြက်စာကျွေးသော မိန်းကလေးကလည်း သူ့အားခြေထောက်နှင့် လှမ်း၍ကန်၏။


ထိုအခါ ဘဲကလေးသည် ကြောက်လန့်၍ ပြေးမိပြေးရာ ခြံကိုကျော်၍ ပြေး၏။ ခြံစပ် ချုံထဲရှိ ငှက်ကလေးများသည် လန့်၍ ထပြန်ကြလေသည်။


“ငါအရုပ်ဆိုးလွန်းလို့ ခုလို ဒုက္ခရောက်ရတာပဲ” ဟု ဘဲကလေးက တွေး၏။ ထို့နောက် မျက်စိကိုမှိတ်၍ ဆက်လက်ပြေးလေရာ တောဘဲများကျက်စားသော အင်းကြီးတစ်ခုသို့ ဆိုက်ရောက်လာလေသည်။ ဤနေရာတွင် တစ်ညလုံး ပုန်းအောင်းနေရ၏။ ဘဲကလေးမှာ လွန်စွာပင်ပန်း နွမ်းနယ်လှလေပြီ။


နံနက်မိုးသောက်ချိန်တွင် တောဘဲများသည် ထ၍ ပျံကြ၏။ ထိုအခါ ဧည့်သည်ဖြစ်သော ဘဲကလေးကို သူတို့မြင်လေသည်။


“ဟေ့…မင်း ဘယ်အမျိုးအနွယ်ထဲကလကွဲ့..” ဟူ၍ ဘဲကလေးအား သူတို့က မေးကြ၏။ ဘဲကလေးသည် သူတို့အသံထွက်ပေါ်လာသည့် နေရာတိုင်းသို့ လှည့်ပတ် မော့ကြည့်ကာ ဦးခေါင်းကို ညွတ်လျက် အရိုအသေပြု၏။


“မင်းဟာ ထူးထူးခြားခြား အရုပ်ဆိုး သူငယ်ပဲ။ ဒါပေမဲ့ တို့ကတော့ ဒါကို အရေးမထားပါဘူး။ တို့အမျိုးထဲက တစ်ယောက်ယောက်နဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်မပြုမိအောင်သာ ကင်းကင်းရှင်းရှင်နေပါ…”ဟု သူတို့ကဆို၏။


ဖြစ်မှဖြစ်ရပလေ…။ ဤအချိန်မျိုးတွင် ဘဲကလေးသည် ချစ်ရေးကြိုက်ရေး အိမ်ထောင်ရေးကိစ္စတွေကို နည်းနည်းကလေးမှ မတွေးမိပါချေ။ ဤကျူပင်များအကြားတွင် ပုန်းအောင်းလျက် ရွှံ့ထဲမှရေကို သောက်သုံးနေရလျှင်ပင် ကျေနပ်လှပါပြီ။


ဤ အင်းကြီးထဲတွင် ဘဲကလေးသည် နှစ်ရက်လုံးလုံး နေရ၏။ နောက်တစ်နေ့တွင် တောငန်း အထီးနှစ်ကောင် ပျံသန်းရောက်ရှိလာ၏။ သူတို့နှစ်ကောင်မှာ ဥမှပေါက်စ မြီးကောင်ပေါက်သာသာ ပျိုရွယ်သူများဖြစ်၍ အမူအရာ ၀င့်ကြွားကြွားရှိ၏။


“ဒီမှာ ရဲဘော်…ရဲဘော်ဟာ အကျည်းတန်တဲ့အတွက် ရဲဘော်ကို ကျုပ်တို့ သဘောကျတယ်။ အဲဒီတော့ ရဲဘောဟာ ကျုပ်တို့နဲ့အတူ လိုက်ပြီး စွန့်စားကြည့်စမ်းပါ။ ဒီနေရာနဲ့ သိပ်မဝေးတဲ့ အင်းတစ်ခုထဲမှာ အင်မတန်ချစ်စရာကောင်းတဲ့ တောငန်းမကလေးတွေရှိတယ်။ အားလုံး တိတိတာတာပြောတတ်တဲ့ အပျိုချောတွေချည်းပဲ။ ရဲဘော အရုပ်ဆိုးပေမယ့် တစ်ပွဲတစ်လမ်း ကံစမ်းကြည့်ဖို့တော့ အခွင့်ကြုံနိုင်ပါတယ်…”ဟူ၍ တောငန်းပျိုတစ်ကောင်က ဖိတ်ခေါ်၏။


ထိုအခိုက်မှာပင် ဒိုင်းဒိုင်းဟူသော သေနတ်သံနှစ်ချက် ထွက်ပေါ်လာပြီး တောငန်းပျိုနှစ်ကောင်သည် သေနတ်ထိမှန်၍ ရွှံ့ထဲသို့ထိုးကျသွား၏။ ရေများလည်း သွေးချင်းချင်း နီသွားလေသည်။ တစ်ဖန် ဒိုင်းဒိုင်းနှင့် သေနတ်သံများ ဆက်လက်ထွက်ပေါ်လာရာ ကျူပင်များအကြားမှ တောငန်းများသည် အုပလိုက်အုပ်လိုက်ထ၍ ပျံကြ၏။ ထို့နောက် တစ်ဖန် သေနတ်သံကြားရပြန်၏။ လူတစ်စု ငှက်ပစ်ထွက်လာခြင်း ဖြစ်လေသည်။ သေနတ်သမား မုဆိုးများသည် အင်းကြီး၏ပတ်လည်မှ ချောင်းမြောင်းလျက်ရှိသည်။ အချို့ သေနတ်သမားများသည် ကျူပင်ကျူတောများအပေါ် အုပ်မိုး ထိုးထွက်နေသည့် သစ်ပင်အကိုင်းများအကြားတွင် ထိုင်ကာ ပုန်းကွယ်ပစ်ခတ်နေကြ၏။ အပြာရောင် ယမ်းငွေ့များသည် သစ်ပင်ရိပ် အမှောင်ထဲမှ တလိပ်လိပ်ပေါ်ထွက်လာပြီး အင်းရေပြင်ပေါ်သို့ တဖြည့်ဖြည်းပျံလွင့်သွားသည်။ အမဲလိုက်ခွေးများသည် ရွှံ့ထဲတွင် တဇွတ်ဖွတ်နင်းကာ ပြေးလွှားလျက် ရှိရာ၊ ကျူပင်ကိုင်းပင်များအားလုံး ဖ၇ိုဖရဲလဲကျကုန်၏။ ဒုက္ခသည် ဘဲကလေးအဖို့ အလွန်ပင် ထိတ်လန်ကဖွယ် ဖြစ်လေသည်။ ဘဲကလေးသည် သူ၏ခေါင်ကို တောင်ပဲအောက်သို့ ထိုးသွင်းကာ ပုန်ေးအာင်းနေ၏။ ထိုအခိုက် ကြောက်စရာ အမဲလိုက်ခွေးကြီး တစ်ကောင်သည် ဘဲကလေးအနီးသို့ ရောက်လာ၏။ ခွေးကြီး၏ ပါးစပ်မှ လျှာတွဲလဲထွက်ကာ သူ့မျက်လုံးများမှာ ထိန်လန့်စရာ ပြူးကျယ်တောက်ပြောင်နေသည်။ ခွေးကြီးသည် သူ၏ နူတ်သီးကို ဘဲကလေးအနီးသို့ ထိုးကာ နမ်းကြည့်ပြီးနောက် ချွန်ထက်သော သွားများကို ဖြဲ၍ပြ၏။ သို့သော သူသည် ဘဲကလေးအာ မကိုက်ဘဲ ရေထဲသို့ တဇွက်ဖွက်နင်း၍ ထွက်သွားလေသည်။


“အမလေး…ဘုရားသိကြားမတာပါပဲ၊ ငါအရုပ်ဆိုးလွန်းလို့ ခွေးကတောင် ငါ့ကို မကိုက်ချင်ဘူး…” ဟု ဘဲကလေး သက်ပြင်းချမိ၏။


>သေနတ်များ တဒိုင်းဒိုင်း ဆက်လက်ပစ်ခတ်၍ ကျည်ဆန်များ တ၀ီဝီဖြတ်သန်းနေစဉ် တစ်ချိန်လုံးဝယ် ဘဲကလေးသည် ကျူပင်များအကြားတွင် ငြိမ်သက်စွာာ ၀မ်နေရရှာ၏။ နောက်ဆုံး နေအတော်စောင်း သောအခါမှ အရိပ်အခြည်ကိုကြည့်ကာ အင်းကြီးထဲမှ အလျင်မြန်ဆုံး ထွက်ပြေးခဲ့ရလေသည်။ လယ်ကွင်းများ မြက်ခင်းမျာကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်ခဲ့၏။ သို့သော် မိုးသက်မုန်တိုင်း ပြင်းထန်စွာ ကျရောက်နေသဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် လွန်စွာ ခက်ခဲပင်ပန်းလှလေသည်။


ညနေဘက်တွင် ဘဲကလေးသည် လယ်တဲပျက်ကလေးတစ်ခုသို့ ဆိုက်ရောက်လာ၏။ လယ်တဲကလေးမှာ ဟောင်းမြင်းဆွေးမြည့်လှပြီဖြစ်၏။ သို့သော မည်သည့်ဘက်သို့ ယိမ်းယိုင်ပြိုကျ ရမည်မသိ၍ ယနေ့တိုင် ဝေခွဲမရဘဲ ရပ်တည်နေရှာ၏။ မိုးသက်မုန်တိုင်းသည် တ၀ီဝီအော်မြည်၍ တိုက်ခတ်နေဆဲဖြစ်ရာ ဘဲကလေးသည် လွင့်ပါ မသွားစေရန် တဲ၏အနီးတွင် ခိုကပ်ကာ ထိုင်ချီတစ်လှည့် ထချီတစ်လှည့် ရပ်နားနေရတော့၏။ မုန်တိုင်းသည် ကြာလေ ပိုမိုပြင်ထန်လေဖြစ်လာ၏။ ထိုအခါ ဘဲကလေးသည် တဲကို သတိပြုကြည့်မိရာတွင် တဲတံခါးသည် ပတ္တာတစ်ချက်ပြုတ်နေသည့်ပြင် ခပ်စောင်းစောင်းပွင့်ဟနေသဖြင့် ထိုတံခါးအကြားမှ တဲအတွင်းသို့ လျှိုဝင်နိုင်ကြောင်းတွေ့ရ၏။ ဤသို့အားဖြင့် ဘဲကလေးသည် အတွင်းသို့ ၀င်ရောက်သွားနိုင်ခဲ့လေသည်။


ဤတဲကလေးတွင် လယ်သူမကြီးတစ်ယောက်၊ ကြောင်တစ်ကောင်နှင့် ကြက်မတစ်ကောင် နေထိုင်ကြ၏။ လယ်သူမကြီးသည် သူ့ကြောင်ကို သားသားလေးဟု ခေါ်၏။ ကြောင်သည် သူ့ကျောကို ခုံးထလာအောင်လုပ်ပြီး ညောင်ညောင်ဟု မြည်တမ်း၏။ တစ်ယောက်ယောက်က သူကျောအမွေးကို ပြောင်းပြန်သပ်လျှင် သူသည် မျက်လုံးမှ မီးထွက်လာအောင် စိတ်ဆိုးပြတတ်သေး၏။ ကြက်မမှာကား ခြေတံတို၍ ကိုယ်လုံးသေးသေးသွယ်သွယ်ရှိသဖြင့် လယ်သူမကြီးက တက်ပုမကလေးဟု ခေါ်၏။ မိန်းမကြီးသည် သူ့ကို သမီးအရင်းကဲ့သို့ ချစ်၏။


နံနက်မိုးလင်း၍ ဧည့်သည်ဘဲကလေးကို မြင်သောအခါ ကြောင်သည် ညောင်ညောင်နှင့် မြည်၍ ကြက်မက ကတော်၏။


“ဘာဖြစ်ကြတာလဲ…”ဟု ဆိုကာ လယ်သူမကြီးသည် ဟိုဟိုသည်သည် လိုက်လံကြည့်ရူရာ ဘဲကလေးကိုတွေ့၏။ သို့တော် တဲအမှောင်ထဲတွင် ကောင်းစွာမမြင်ရသဖြင့် ဘဲကလေးအား မျက်စိလည်လာသော ဘဲမတစ်ကောင်ဟု ထင်၏။


“တို့ ကံကောင်းလို့ ရှားရှားပါးပါး ရောက်လာတာပဲဟေ့…။ တို့တော့ မကြာခင် ဘဲဥစားရတော့မှာပဲ။ ဘဲထီးသာ မဖြစ်ပါစေနဲ့။ ဒါလည်း မကြာခင် သိရမှာပေါ့လေ…” ဟု လယ်သူမကြီးက ဆို၏။


ဤသို့အားဖြင့် ဘဲကလေးသည် ယာယီဧည့်သည်အဖြစ်ဖြင့် ဤတဲတွင် ရက်သတ္တသုံးပတ်ခန့် နေခွင့်ရလေသည်။ သို့သော် ဘဲကလေးသည် ဘဲဥများကိုတော့ ဥမပေးနိုင်ချေ။ ထို့ပြင် ဤတဲအိမ်တွင် ကြောင်သည် သူ့ကိုသူ သခင်ကြီးဟုထင်၏။ ကြက်မက သခင်မကြီးဟု ထင်၏။ သူတို့စကားပြောလျှင် “ဒီလောကကြီးမှာ တို့နှစ်ယောက်” ဟူသောစကားကို အမြဲသုံးလေ့ရှိ၏။ ကမ္ဘာလောကကြီးကို တစ်ဝက်ခြမ်းလျှင် ဤမှာဘက်ခြမ်း၌ သူတို့နှစ်ယောက် ရှိသည်။ ဟိုမှာဘက်ခြမ်း၌ အခြားသတ္တ၀ါအားလုံး နေထိုင်ကြသည်။ ထို့ပြင် သူတို့နှစ်ယောက်ရှိသော ဤမှာဘက်ခြမ်းက အခြားသတ္တ၀ါများနေထိုင်ရာ ဟိုမှာဘက်ခြမ်းထက် အစစအရာရာ အများကြီးသာသည်ဟူ၍ ကြက်မက စွဲမြဲယူဆထား၏။ ဧည့်သည် ဘဲကလေးက ဤအယူအဆကို အတည်မပြုနိုင်ဘဲ လူဆိုတာ တစ်ယောက် တစ်မျိုးစီ စွဲလမ်းယူဆတတ်ကြတာပဲဟု ပြန်လှန်တင်ပြသောအခါ ကြက်မက လက်မခံနိုင်ချေ။


ထိုအခါ ကြက်မက ဘဲကလေးအား “မင်း…ဥအုတတ်သလား” ဟု မေး၏။


“မအုတတ်ဘူး…


“ဒီလိုဆိုရင် မင်းတိတ်တိတ်နေတာ ကောင်းလိမ့်မယ်”


ထို့နောက် တစ်ဖန် ကြောင်က “မင်း ငါ့လိုကျောကို ခုံးပြီး ညောင်ညောင် မြည်တတ်သလား၊ မျက်လုံးထဲက မီးပွင့်အောင်ကော လုပ်တတ်သလား…”ဟု မေးပြန်၏။


“မလုပ်တတ်ပါဘူး…”


“အေး…ဒီလိုဆိုရင် နားလည်တဲ့လူတွေ စကားပြောနေတဲ့အခါမှာ မင်း ၀င်ပြီးမစွတ်နဲ့” ကြားလား။


ထိုအခါ ဘဲကလေးသည် တဲထောင့်တစ်ထောင့်တွင် ထိုင်၍ ငေးမိုင်နေရ၏။ ထို့နောက် တဲအတွင်းသို့ လန်းဆန်းသောလေနှင့် နေရောင်ခြည်များ တိုးဝင်လာသောအခါ ဘဲကလေးတွင် ရေကူးချင်သော စိတ်ဆန္ဒများ ထူးခြားပြင်းထန်စွာ ပေါ်ပေါက်လာလေသည်။ ဤအကြောင်းကို မနေနိုင်၍ ဘဲကလေးက ဖွင့်ပြောမိရာ ကြက်မက-


“မင်း ဘာတွေစဉ်းစားနေတာလဲ။ မင်းမှာ ဘာမှလုပ်စရာမရှိတော့ ဒီလိုပဲ ရောက်တတ်ရာရာ စိတ်ကူးယဉ်နေတာပေါ့။ ကြောင်လို ညောင်ညောင်မြည်၊ ဒါမှမဟုတ် ငါ့လို ကြက်ဥအု၊ ဒီလိုလုပ်မှ မင်း စိတ်ကူးယဉ်ရောဂါ ပျောက်မယ်” ဟု ဆို၏။


သို့သော် ဘဲကလေးက…


“ရေကူးရတာဟာ အလွန်ပျော်စရာကောင်ပါတယ်ဗျာ။ ရေထဲမှာ စုတ်ခနဲ ခေါင်းမြုပ်သွားအောင် ငုပ်ပြီး ဟိုအောက်ဆုံး သဲပြင်အထိ ကျွမ်းထိုးဆင်းလိုက်ရရ်င၊ လူဟာ ကိုယ်ရောစိတ်ရော အင်မတန် လန်းဆန်း သွားတာပါပဲ” ဟု ပြော၏။


“အင်း…ဟုတ်ပါလိမ့်မယ်၊ ဟုတ်ပါလိမ့်မယ်၊ အင်းမတန်ကြီး စည်းစိမ်ရှိမယ့်အလုပ်ပါပဲ” ဟု ကြက်မက သရော်၏။ “ငါတော့ မင်းဟာ ရူးနေပြီလို့ ထင်တာပဲ။ ကြောင်ကိုမေးစမ်းပါ။ ငါသိသမျှ သတ္တ၀ါ တွေထဲမှာ သူဟာ ပညာဥာဏ်အကြီးဆုံးပဲ။ ရေကူးရတာ ရေငုပ်ရတာဟာ ပျော်စရာကောင်းသလားလို့ သူ့ကို မေးကြည့်စမ်းပါ။ ငါ့ကိုယ်ငါတော့ ထည့်မပြောတော့ပါဘူး။ ပြီးတော့ တို့အိမ်ရှင် မေမေကြီးကိုလည်း မေးကြည့်စမ်းပါ၊ လောကမှာ မေမေကြီးထက် နားလည်တဲ့လူ မရှိတော့ဘူး။ မေမေကြီးဟာ မင်းလို ရေကူးချင်စိတ်ရှိမယ် ထင်သလား။ မင်းလို ရေထဲမှာငုပ်ပြီး သဲအထိ ကျွမ်းထိုးဆင်း ချင်တဲ့စိတ် ရှိမယ်ထင်သလား…”


“ကျွတ်တော်ပြောတာကို ခင်ဗျားတို့ နားမလည်ပါဘူး…”ဟု ဘဲကလေးကဆို၏။


“မင်းပြောတာကို တို့များက နားမလည်ဘူး၊ ဟုတ်လား။ ကဲ…ဆိုစမ်းပါဦး။ မင်းပြောတာကို ဘယ်သူကများ နားလည်မှာတဲ့လဲ။ မင်းက မင်းဟာ ကြောင်နဲ့ မေမေကြီးတို့ထက် ပိုပြီးနားလည်တယ်၊ တတ်တယ်လို့ ဆိုချင်သလား။ ဒီအထဲမှာ ငါ့ကိုယ်ငါတော့ ထည့်မပြောချင်ပါဘူး။ ဒီမှာ သူငယ်… ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထင်မကြီးနဲ့ သိလား။ ပြီးတော့ အခုလို မင်းကို ကြင်ကြင်နာနာ လက်ခံပြုစုထားတာတွေကို ကျေးဇူးတင်စမ်းပါ။ မင်းဒီအိမ်မှာ မှီခိုရင်း နွေးနွေးထွေးထွေး နေရတယ် မဟုတ်လား။ မင်းဒီအိမ်မှာ အတုခိုးနည်းယူလောက်တဲ့ မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းတွေနဲ့ တွေ့ရတယ်မဟုတ်လား။ ဒါပေမဲ့ မင်းက အပြောသမားဆိုတော့ မင်းနဲ့ဆက်ဆံရတာ သိပ်ပြီး မလွယ်လှဘူး။ ငါဟာ မင်းရဲ့ ကောင်းကျိုးအတွက် ပြောနေတယ်ဆိုတာ ယုံစမ်းပါ။ ငါ အခုပြောတာတွေကို မင်းကြိုက်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မိတ်ဆွစစ်ဆိုတာ ဒီလိုပဲ၊ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မှန်တဲ့အတိုင်း ပြောတတ်ကြတာပဲ။ အဲဒီတော့ ငါပြောသလို မင်းလုပ်စမ်းပါ။ ဥအုတတ်အောင်၊ ညောင်ညောင်မြည်တတ်အောင် မျက်လုံးထဲက မီးပွင်အောင် ကြိုးစားစမ်းပါ…”


ထိုအခါ ဘဲကလေးက…


“ကျွန်တော်တော့ ကမ္ဘာလောကကြီးထဲကိုပဲ စွန့်စွန့်စားစား ထွက်သွားတော့မယ်လို့ စိတ်ကူးတယ်” ဟု ပြော၏။


“ကဲ…ဒါဖြင့်လည်း ကြွတော်မူ…”ဟု ကြက်မက ဆို၏။


ဤသို့ဖြင့် ဘဲကလေးသည် ထွက်ခွာလာခဲ့၏။ ထို့နောက်သူသည် ရောက်လေရာတွင် သဘောရှိ ရေကူး၏။ ရေငုပ်၏။ သို့သော သူသည် အကျည်းတန်လှသည့်အတွက် သူ့အား သတ္တ၀ါတိုင်းက အထင်သေးရူတ်ချမြဲ ရူတ်ချကြလေသည်။


သို့နှင့်ပင် ဆောင်းဦးပေါက်ရာသီ ရောက်လာ၏။ တောထဲ၌သစ်ရွက်များသည် စိမ်းရာမှ ၀ါ၊ ၀ါရာမှ ညိုလျက်၊ လေပွေဝှေ့သောအခါ သစ်ပင်ထက်မှ ကြွေသက်ပျံဝဲ မြူးထူးကြ၏။ ဥတုမှာလည်း ပြောင်းလဲ၍ အေးချမ်းစပြုလာသည်။ တိမ်တိုက်များသည် မြေနှင့်နီးကပ်စွာ သက်ဆင်းလာသည်။ မြူတိမ်ထဲတွင် နှင်းပွင့်နှင်းဖတ်များ ထူထပ်စွာရောနှော ကျဆင်းလာသည်။ ခြံစည်းရိုးပေါ်တွင် ရပ်နားနေသော တောကျီးများပင်လျှင် ချမ်းရှာလွန်း၍ တအားအား အော်မြည်ကြလေသည်။ တွေးကြည့်ရုံမျှနှင့်ပင် အသွေးအသားထဲတွင် ချမ်းစိမ့်စိမ့် ဖြစ်လာစေနိုင်သော ရာသီပေတည်း။


သနားစရာ ဘဲကလေးခမျာမှာကား အအေးဒဏ်ကို ပြင်းထန်စွာ ခံစားရ၏။ တစ်ညနေတွင် နေမင်းသည် ၀င်တော့မည့်ဆဲဆဲ၊ လွန်စွာ သာယာလှပသည့်အချိန်ကလေး၌ ကြီးများ၍ ကျက်သရေရှိလှသော ငှက်အုပ်ကြီးတစ်အုပ်သည် တောခြုံများအကြားမှထ၍ တစုတဝေးပျံသန်းလာကြ၏။ ၀င်လုဆဲ နေရောင်တွင် သူတို့၏ အမွှေးအတောင်များသည် ဆွတ်ဆွတ်ဖြူ တောက်ပနေသည်။ သူတို့၏ လည်တိုင်များကလည်း ရှည်လျားကျော့ရှင်းလှသည်။ သူတို့ကား ငန်းငှက်များပေတည်း။ ဤငန်းငှက်များ သည် ထူးခြားသော အသံတစ်မျိုးဖြင့် အော်မြည်ကာ ကြီးမားထည်ဝါလှသော တောင်ပံတို့ကို ဖြန့်ကာလျက်၊ အေးမြသော ဤဒေသမျ နေရောင်ခြည် ၀င်ပသာယာသော ရေအိုင်များတည်ရှိရာ ပူနွေး သော တိုင်းပြည်များဆီသို့ စုပေါင်းပြောင်းရွေ့ ပျံသန်းလာခြင်းဖြစ်၏။ သူတို့သည် မိုးပြင်ထက်ဝယ် တဖြည့်းဖြည်း မြင့်သည်ထက် မြင့်တက် ပျံသန်းသွးလေရာ အကျည်းတန်သော ဘဲကလေးသည် သူတိုပအား အောက်မှ လှမ်းမျှော်ကြည့်ရူရင်း စိတ်ထဲတွင် ထူးခြားသော ဝေဒနာတစ်ခုကို ခံစားရ၏။ သူသည် ရေထဲတွင် ဘီးကဲ့သို့ ပတ်ချာလှည့် ကူးခတ်ရင်း သူ၏လည်တံကို အဆိုပါ ငှက်များဆီသို့ ဆန့််တန်းကာ ထူးခြားကျယ်လောင်လှသော အသံတစ်မျိုးဖြင့် အော်ဟစ်လိုက်မိ၏။ ထို့နောက် သူ့အော်သံနှင့်သူ ထိတ်လန့်သွားမိသေး၏။


ကျော့ရှင်းလှပ ရူမ၀နိုင်သော ဤငှက်ကြီးများကို မည်သည့်အခါမျှ သူ မေ့နိုင်လိမ့်မည်မထင်။ သူတို့ကို မျက်စိတဆုံး လှမ်းမျှော်ကြည့်ပြီးနောက် ဘဲကလေးသည် ရေထဲသို့ သဲပြင်အထိ ငုပ်ဆင်းမိ၏။ ရေပေါ်သို့ ပြန်တက်လာသောအခါတွင်လည်း စိတ်ထဲတွင် နေမထိ ထိုင်မထိ ဖြစ်နေမိ၏။ ဤငှက်များကို ချစ်ခင်မြတ်နိုးနေမိ၏။ ဤငှက်များအပေါ်၌ မနာလိုဝန်တိုသည့်စိတ် လုံးဝမဖြစ်ပေါ်ချေ။ မနာလိုစရာအကြောင်းလည်း မရှိပါချေ။ ဘဲကလေးအနေဖြင့် ဤအမည်မသိငှက်များကဲ့သို့ ချစ်စဖွယ်လှပသော အဆင်းသဏ္ဌာန်နှင့် ပြည့်စုံလာရန် အရေးကို အိမ်မက်ထဲမှာပင် မတွေးနိုင် မမျှော်မှန်း နိုင်ပါချေ။ မိမိကဲ့သို့ အကျည်းတန်သူတစ်ဦးအား ၀မ်းဘဲများက သည်းခံ၍ မိတ်ဆွေအဖြစ် ဆက်ဆံ ပေါင်းသင်းကြမည်ဆိုလျှင်ပင် မိမိမှာ အတိုင်းမသိ ၀မ်းမြောက်ရပေလိမ့်မည်။


ဤသို့ဖြင့် ဆောင်းဥတုသည် အေးသည်ထက် အေးမြလာ၏။ အေးလွန်း၍ ရေအိုင်အပေါ်မျက်နှာပြင်တို့ သည် ရေခဲပြင်ဖြစ်စပြုလာ၏။ ရေမျက်နှာတစ်ပြင်လုံး ခဲမသွားနိုင်စေရန် ဘဲကလေးသည် ရေထဲတွင် လှည့်ကာပတ်ကာ လူပ်ရှားကူးယက်ပေးနေရ၏။ သို့သော် သူရေကူးနိုင်သော ရေပြင်အ၀ိုင်းငယ်သည်ပင် တဖျပ်ဖျပ်နှင့် ခဲစပြုလာသည့်အခါ ဘဲကလေးသည် ခြေထောက်ကို အဆက်မပြတ် ကူးခတ်လူပ်ရှားပေးခြင်းဖြင့် ရေပြင်အပေါက် လုံးဝပိတ်မသွားနိုင်စေရန် ကာကွယ်နေရ၏။ နောက်ဆုံးတွင် ပင်ပန်းလွန်းလှ၍ သူတစ်ကိုယ်လုံး ဘာမျှမလူပ်ရှားနိုင်ဘဲ ရပ်တန့်သွားသည်။ ထိုအခါ ရေပေါက်ကလေးပိတ်အောင်ခဲသွားပြီး ဘဲကလေး၏ ကိုယ်သည် ရေခဲထဲတွင် ညပ်နေလေတော့သည်။



နောက်တစ်နေ့တွင် လင်းအားကြီးအချိန်တွင် လယ်သမားဦးကြီး တစ်ယောက်သည် ဖြတ်သန်းလာရင်း ဘဲကလေးကိုမြင်သော သူ၏ ရေခဲစီးဖိနပ်ကိုချွတ်၍ ရေခဲများကို ဖိနပ်နှင့်ထုခွဲကာ ဘဲကလေးကို ထုတ်ယူ၏။ ထို့နောက် သူအိမ်သို့ ဘဲကလေးကို ယူဆောင်သွားပြီး အိမ်ရှင်မထံ ပေး၏။


ဦးကြီး၏အိမ်တွင် ဘဲကလေးသည် ပြန်လည်ကျန်းမာလာ၏။ ဦးကြီး၏ ကလေးများသည် ဘဲကလေးနှင့်အတူ ကစားလိုကြ၏။ သို့သော် ဘဲကလေးသည် သူ့အား ဖမ်းဆီး ရိုက်နှက်မည်ထင်၍ ကြောက်လန့်တကြား ထွက်ပြေးသွားသောအခါ နွားနို့အိုးကို တက်နင်းမိ၍ ကြမ်းပြင်ပေါ်သို့ နွားနို့များ ဖိတ်စင်ကုန်တော့၏။ အိမ်ရှင်မသည် လက်ခုပ်တီး၍ ခြောက်လှန့်ရာ ဘဲကလေးသည် ထောပတ်စည်ထဲသို့ လိမ့်ကျပြန်၏။ ထိုမှတစ်ဖန် ဂျုံမူန့်စည်ထဲသို့ကျ၍ ခုန်ပျံထွက်လာသောခါ ဘဲကလေးမှာ နို့ရည်၊ ထောပတ်၊ ဂျုံမူန့် စသည်တို့ဖြင့် တစ်ကိုယ်လုံး ပေကျံနေတော့၏။ အိမ်ရှင်မသည် အော်ဟစ်၍ ဘဲကလေးအား မီးညှပ်တံဖြင့် ရိုက်၏။ ကလေးများကလည်း တစ်ဦးနှင့်တစ်ဦး အလုအယက် တိုးဝှေ့ကာ ဘဲကလေးကိုဖမ်းရန် ကြိုးစား၏။ သူတို့ ရယ်လည်းရယ်ကြ၏။ သောသောညံအောင် အော်လည်းအော်ကြ၏။ ကံအားလျော်စွာ အိမ်တံခါးပေါက်မှာ ပွင့်နေသဖြင့် ဘဲကလေးသည် ခုန်ပျံထွက်ပြေးကာ ချုံနွယ်များအကြားမှဖြတ်၍ ဆီးနှင်းပြင်ပေါ်သို့ ရောက်ရှိသွား၏။ အသစ်ကျဆင်းစ ဆီးနှင်းမွမွပေါ်ဝယ် ဘဲကလေးသည် ခြေကုန်လက်ပမ်းကျလျက် လဲလျောင်းပုန်းအောင်းနေရလေသည်။
ကြမ်းတမ်းလှသည့် ဤဆောင်းရာသီအတွင်း ဘဲကလေး တွေ့ကြုံ ခံစားရသမျှ ဆင်းရဲဒုက္ခအပေါင်းကို ပြန်ပြောင်းပြောပြရမည်ဆိုလျှင် လွန်စွာဝမ်းနည်းကြေကွဲဖွယ် ဖြစ်ပေလိမ့်မည်။ ဤတစ်ဆောင်းလုံး ဘဲကလေးသည် ကျူပင်များအကြား အင်းကြီးထဲတွင်ပင် လှည့်ပတ် သွားလာနေထိုင်ခဲ့၏။ ထို့နောက် နေရောင်ခြည်သည် တစ်စ တစ်စ ပြန်လည်ဝင်းပ နွေးထွေးလာ၏။ မိုးစွေငှက်ကလေးများလည်း သာယာစွာ မြည်ကြွေးလာကြ၏။ လှပသော နွေဦးရာသီ ရောက်ခဲ့ပြန်ပေပြီ။


ထို့နောက် ရုတ်ခြည်းလိုပင် ဘဲကလေးသည် သူ၏အတောင်ပံများကို ကောင်းစွာရိုတ်ခတ်နိုင်လာခဲ့၏။ လေကို အတောင်ဖြင့် ရိုက်ရာတွင် သူသသည် ရှေးကထက် ပိုမိုလျင်မြန်လာသည်။ အဝေးသို့ ပျံသန်း ရာတွင်လည်း ရှေးကထက် ပိုမိုလျင်မြန်လာသည်။ သူ့တွင် ဤသို့သော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို သူကိုယ်တိုင် နားမလည် မသိရှိသေးမိပင် သူသည် တစ်နေရာသို့ ပျံသန်းခဲ့ရာမှ ကြီးမားလှပသော ဥယျာဉ်ကြီးတစ်ခုအတွင်းသို့ အမှတ်မထင် ဆိုက်ရောက်သွားလေသည်။ ရနံ့ကြိုင်လိုင်သော ပန်းပင်ကြီးများသည် ဤဥယျာဉ်အတွင်း ကွေ့ဝိုက်စီးဆင်းနေသည့် ရေသွယ်မြောင်းကြီးတစ်လျှောက် စီတန်းပေါက်ရောက်လျက် စိမ်းညိုသော အကိုင်းအခက်များက ရေပေါ်သို့ အုပ်မိုးကာ အရိပ်ပေးနေကြ၏။ နွေရာသီ၏ကြည်နူးဖွယ် အလှအပများဖြင့် ဤနေရာသည် တင့်မောသာယာလှ၏။ များမကြာမီပင် ကျက်သရေရှိလှသော ငွေငန်းဖြူသုံးကောင်သည် ချုံနွယ်စပ်ထဲမှာထွက်ပေါ်လာကြ၏။ သူတို့သည် တောင်ပတဖျပ်ဖျပ်ခတ်ကာ ရေပေါ်တွင် ကျော့ကျော့မော့မော့ကလေး ကူးယက်လာ၏။ ဘဲကလေးသည် ခန့်ညားလှပသော ဤငန်းငှက်များကို ကောင်းစွာ မှတ်မိသိရှိလေပြီ။ သူ့စိတ်ထဲတွင် ပြောမပြနိုင်သော ၀မ်းနည်းမူ ဝေဒနာတစ်မျိုးကိုလည်း လိုက်လှဲစွာ ခံစားရ၏။


“အမျိုးမြတ်တဲ့ ဒီငှက်တွေရှိရာ ငါပျံသန်းသွားတော့မယ်။ ငါဟာ ဒီလောက်အကျည်းတန်ပါရက်နဲ့ သူတို့ဆီကို ၀ံ့ဝံ့စားစား ချဉ်းကပ်လာရဲရမလားဆိုပြီး သူတို့က ငါ့ကိုသတ်ချင်လည်း သတ်ပါစေတော့။ ဘဲတွေ၊ ကြက်တွေက ၀ိုင်းပြိး ထိုးကြ ဆိတ်ကြတာတွေ၊ ကြက်ခြံစောင့်မိန်းကလေးက နှိပ်စက်တာတွေ၊ တစ်ဆောင်းတွင်းလုံး တ်ငတ်အမွတ်မွတ် နေခဲ့ရတာတွေ၊ အဲဒီဒုက္ခတွေနဲ့စာရင် ငါ့အဖို့ ဒီငှက်တွေသတ်တာနဲ့စာရင် ငါ့အဖို့ ဒီငှက်တွေသတ်တာကို ခံလိုက်ရတာကမှ ပိုပြီးကောင်းပါလိမ့်မယ်”
ထို့နောက် ဘဲကလေးသည် ရေအိုင်အတွင်းသို့ ပျံဆင်းပြီး လှပသော ငန်းများဆီသို့ ကူးယက်သွား၏။ ငန်းများသည် သူ့ကိုမြင်သော် အတောင်များကိုဖြန့်၍ သူ့ထံသို့ စုန်ဆင်းလာကြ၏။


“ကျွန်တော့်ကိုသတ်ပါတော့…” ဟု ဆိုကာ ဘဲကလေးသည် ငန်းများ၏ရှေ့ ရေပြင်ပေါ်တွင် သူ၏ဦးခေါင်းကို ၀ပ်စင်းပေးလိုက်၏။ သူသည် သေရမည့်အရေးကိုသာ စောင့်စားနေ၏။


သို့သော် ကြည်လင်သောရေထဲတွင် သူမြင်ရသော အရား အဘယ်ပါနည်း…။ သူမြင်ရသည်မှာ သူ၏ အရိပ်ဖြစ်၏။ သို့သော် အလို…ကြည့်စမ်းပါဦး။ ဤအရိပ်ထဲတွင် သူသည် လည်ကုပ်တိုတို မွဲညိုညိုနှင့် ပုံဆိုးပန်းဆိုး အရုပ်ဆိုး အကျည်းတန်လှသော ဘဲကလေး မဟုတ်တော့။ သူငယ် ငန်းကလေးတစ်ကောင် ဖြစ်နေပါပြီကော…။


ငန်ငှက်ဥ အစစ်အမှန်သာလျှင် ဖြစ်ပါစေ။ ဘဲခြံထဲတွင် ဘဲမနှင့် ဖောက်စေကာမူ ငန်းဥမှ ငန်းကလေးသာလျှင် ပေါက်လေသည်။


တဖြစ်လဲလာသော ငန်းကလေးသည် လွန်စွာဝမ်မြောက်မိ၏။ သူသည် ဆင်းရဲဒုက္ခမျိုးစုံတို့ကို တွေ့ကြုံခံစားခဲ့ရသော်လည်း ယခု နောက်ဆုံးတွင် ဤသို့လှပသာယာာသော ပတ်ဝန်းကျင်ဝယ် ပျော်ရွှင်မူသုခ အပြည့်အ၀ရရှိလာသဖြင့် ကောင်းစွာ ကျေနပ်နှစ်သိမ့်မိ၏။ ရေအိုင်ထဲတွင် ဦးစွာရောက်နှင့် နေသော ငန်းကြီးများကလည်း ငန်းကလေးအား ခြံရံလျက် သူတို့၏နူတ်သီးများဖြင့် သူ့ကို ပွတ်သပ်ယုယကြကုန်၏။


များမကြာမီ ဥယျာဉ်ထဲသို့ ထပ်မံပစ်ချ၍ ငန်းများအား ကျွေးမွေးကြပြန်၏။ သူတို့အားလုံးကပင် အသစ်တိုးလာတဲ့ ငန်းကလေးဟာ အားလုံးထဲမှာ အလှဆုံးပဲဟေ့။ ငယ်ငယ်ကလေးနဲ့ သိပ်လှတာပဲ…”ဟု ချီးမွမ်းကြ၏။ ငန်းကြီးများကလည်း ငန်းကလေး၏ရှေ့တွင် ဦးညွတ်လျက် အသိအမှတ်ပြုကြ၏။


ငန်းကလေးသည် လွန်စွာရှက်သဖြင့် ဘာလုပ်ရမှန်းမသိ။ သူ၏ခေါင်းကို တောင်ပံများအကြားတွင် ၀ှက်ထားမိ၏။ လွန်စွာ ပျော်ရွှင်ဝမ်းသာမိသည်ကာ မှန်၏။ သို့သော် မာန်မာန တက်ကြွသည့်စိတ်မျိုး လုံးဝမရှိချေ။ မိမိသည် ယခင်က ရိုက်နှက်ဆဲရေး အထင်သေးခံခဲ့ရသည်များကို ပြန်တွေးမိ၏။ ယခုသော အားလုံးက ပင် မိမိသည် ငှက်တကာတွင် အလှဆုံးငှက်ကလေးဟု ပြောဆိုနေကြလေပြီ။ ရေအိုင်စပ်မှ ပန်းပင်ကြီးကပင်လျှင် ၄င်း၏ အကိုင်းအခက်များကို ရေပြင်နှင့် ထိလုခမန်း ဦးညွတ်လျက် မိမိကို ဂုဏ်ပြုနေလေပြီ။ ထိုအခါ ငန်းကလေးသည် သူ၏တောင်ပံများကို တဖျပ်ဖျပ်ခတ်လျက်၊ သူ၏ ကြော့ရှင်းသောလည်တိုင်ကို ချီတဲ့ကား၊ သူ၏ အသည်းနှလုံးထဲမှ နက်ရိုင်းလိုက်လှဲစွာ ထွက်လာသောအသံဖြင့် “အရင် အရုပ်ဆိုး အကျည်းတန်ဘဲကလေးဘ၀မှာ တုန်းကဆိုရင် ငါဟာ အခုလို ပျော်စရာ စိတ်ချမ်းသာစရာ တွေ့ရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ခဲ့ပါကလား…”ဟူ၍ ၀မ်းသာကြည်နူး ဥဒါန်းကျူးလိုက်မိလေတော့သည်။

No comments:

Post a Comment