ဆုပေးတယ်ဆိုတဲ့ ဝေါဟာရက တွင်ကျယ်နေပေမယ့် အမှန်မှာတော့ ဆုပေးတာမဟုတ်ပါဘူး။ ဒီလို ရတနာသုံးပါး ဆရာသမားတွေကို ရှိခိုးရတဲ့အတွက် ဒီအကျိုး-ဒီအကျိုးတွေကို ရနိုင်တယ်လို့ နည်းညွှန်လမ်းပြဟောပြောတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ရှိခိုးကန်တော့တဲ့ ပုဂ္ဂိုလ် တောင်းတဲ့ဆုတွေဟာ ပြည့်စုံပါစေလို့ထပ်ဆင့် ဆန္ဒပြုပေးတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တစ်စုံတစ်ရာကို ရချင်လုပ်ချင်နေတဲ့ ပုဂ္ဂိုလ်ကို လုပ်ဖြစ်သွားအောင် အားပေးတိုက်တွန်းတဲ့ သဘောလဲ ဖြစ်ပါတယ်။
ဆုတောင်းခန်းမှာ ဆုဟာတောင်းလို့ မရပေမယ့် တကယ်ရစေမယ့် လက်တွေ့ လုပ်ဆောင်မူကို နိုးဆော်ပေးသလိုဖြစ်လို့ ဆုတောင်းလိုက်တာလို့ပဲ ဆုဟာ ပေးလို့မရပေမယ့် ဆုပေးခံရတဲ့ပုဂ္ဂိုလ်က ဒီဆုတွေကို လိုချင်စိတ်ဖြစ်လာပြီး လက်တွေ့ လုပ်ဆောင်ချင်စိတ်ကို နိုးဆွပေးရာရောက်တဲ့အတွက် ဒီနိုးဆွချက်အရ လက်တွေ့တကယ် လုပ်ဆောင် တကယ်အကျိုးရနိုင်တဲ့အတွက် ဆုဟာ ပေးသင့်ပါတယ်။ ဆုပေးမှုဟာ တိုက်ရိုက် အကျိုးမရစေပေမယ့် အခုလို သွယ်ဝိုက်တဲ့နည်းနဲ့ အကျိုးရစေတာကို မြော်မြင်ပြီး ရှေးဆရာတော်များက ဆုပေးတဲ့အစဉ်အလာကို တီထွင်ထားခဲ့တာ ဖြစ်ပါတယ်။

Friday, 1 October 2010
ဘုန်းကြီးတွေက ဆုပေးပေမယ့် ပေးတိုင်းမရဘူးဆိုရင် ဘာဖြစ်လို့ ဆုပေးတဲ့ အစဉ်အလာကို ရှေးဆရာတော်ကြီးများ တီထွင်ခဲ့ပါသလဲ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
ဆုတောင်းခြင်း။ ။ ဆုတောင်းခြင်းဆိုတာ ထေရဝါဒဗုဒ္ဓဘာသာဝင်တို့  အတွက် မရှိမဖြစ်လိုအပ်တဲ့ အကြောင်းတရားတစ်ခု လို့  ယူဆပါတယ်။ ဘာဖြစ်လို့  လဲ.? အကြောင်းကောင်းရှိမှ အကျိုးကောင်းဆိုတာဖြစ် လာရတာပါ။ အကြောင်းကောင်းတွေ သတိတရရှိနေဖို့  အတွက်၊ ကုသိုလ်အကြောင်းတရားတွေမမေ့မပျောက် ဖြစ်နေရဖို့  အတွက်၊ လုပ်မိနေဖို့ အတွက် သတိတွေ၊ အသိတွေ အမြဲတမ်းရှိနေဖို့  အတွက်ရည်ရွယ်ချက်အားဖြင့် ဆုတောင်းဆိုတာရှိနေ ရတာပါ။ ဒါပေမယ့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ မဆိုလိုပါဘူး။ ဘာကြောင့်လဲ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ရတနာသုံးပါး ကိုယုံကြည်မှုအပြည့်နဲ့  မကိုးကွယ် မဆည်းကပ်သေးလို့ ပါ။ ရတာသုံးပါးကို ယုံကြည်မှု အပြည့်နဲ့  ကိုးကွယ်ပြီ၊ ဆည်းကပ်ပြီဆိုရင် ဆုတောင်းတိုင်းပြည့်စုံပါတယ်။ ဒါပေမယ့် အကုသိုလ် ကံ အကျိုးပေးဟာ မကုန်သေးဘူးဆိုရင်တော့ အဲဒီအကုသိုလ် ကံရဲ့  အနှောက်အယှက်တွေက ရှိနေအုံးမှာပါ။ ဒါကြောင့် ဆုတောင်းဟာ ရသည်ရှိ၊ မရသည်ရှိအကြောင်းမဟုတ်ပါ။ ကောင်းတာဖြစ်ဖို့  အတွက် ကောင်းတာတွေကိုလုပ်နေဖို့  ကအဓိကပါ။
ReplyDeleteပုလဲနက်