ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 14 July 2012

ဒိန်းမတ် နိုင်ငံက တိရစ္ဆာန်ရုံမှာ ကျားကိုက်လို့ တဦးသေဆုံး



အခင်းဖြစ်ခဲ့တဲ့ ကျားလှောင်ချိုင့် ဂိတ်အ၀င်၊ ဒိန်းမတ် ကိုပင်ဟေဂင်တိရစ္ဆာန် ရုံဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် တိရစ္ဆာန်ရုံမှာ အသက် ၂၀ ၀န်းကျင်ရှိတဲ့ အမျိုးသား တယောက်က ခြံစည်း ရိုးကျော်ပြီး ကျား လှောင်ခြံထဲ ၀င်ခဲ့ရာက ကျားတွေ ၀ိုင်းကိုက်သတ်လို့ သေဆုံးသွားပါတယ်လို့ AP သတင်း တရပ်မှာ ဖော်ပြထားပါတယ်။






ရဲပြောခွင့်ရ ပုဂ္ဂိုလ် Lars Borg က ပြောတာတော့အကိုက်ခံရသူဟာ အာဖဂန်ဖွား လူငယ်တယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁ လကမှ ဒိန်းမတ်နိုင်ငံသား ဖြစ်ခဲ့သူပါတဲ့။ သူဟာ သူ့ကိုယ်သူ အဆုံးစီရင်တာ ဟုတ်မဟုတ် ဆိုတာလည်း ပြောရ ခက်ပါ တယ်တဲ့။

အခုတော့ လည်ပင်း၊ လည်မျို၊ ရင်ဘတ်၊ မျက်နှာ၊ ပေါင်တို့မှာ ကျားတွေ ၀ိုင်းကိုက်ထားတဲ့ ဒဏ်ရာများနဲ့ သေဆုံးသွားတာပါ လို့ ပြောပါတယ်။

ကိုပင်ဟေဂင် တိရစ္ဆာန်ရုံ မန်နေဂျာက ပြောတာတော့ နှစ်ပေါင်း ၁၅၂ နှစ် အတွင်း ဒီဖြစ်ရပ်ဆိုးဟာ ပထမဆုံးဖြစ် ပါတယ်တဲ့။


သတင်း-အိမ့်သံစဉ် 

မူရင်းလင့်ခ် sai lin ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment