နန္ဒဝန်ရပ်ကွက်က အမျိုးသမီးကို facebook ပေါ်မှာ သု့ဘဝ ရုန်းကန်ရတဲ့ ဘဝ တစ်စိတ်တပိုင်းကို တင်ပေးလိုက်တာ... စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာ အမျိုးသားတစ်ဦးနဲ့ သူငယ်ချင်းတွေက သနားလို့ဆိုပြီး မုံရွာမှာရှိတဲ့ မိတ်ဆွေကို ဆက်သွယ်ပြီး ငွေ ၂ သိန်းခွဲ လှူလိုက်တာ ဒီနေ့ ဇူလိုင် ၉ ရက် မနက် ၉ နာရီမှာ ငွေပေးအပ်ခဲ့ပါတယ်။
မုံရွာ ရန်ကင်းရပ် ကိုလှမိုး နေအိမ်မှာ ဖေ့ဘုတ်တင်သူ နှင့်ကိုလှမိုးတို့ ပေးအပ်ခဲ့ပါတယ်။ သူ့ခမျာ ဝမ်းသာလွန်းလို့ မျက်ရည်ကျနေမိပါတယ်။ စင်္ကာပူက ငွေလှမ်းကူတဲ့ ကိုဝင်းထွဋ်နဲ့ သူငယ်ချင်းတွေ ဖေ့ဘုတ်တင်ပေးသူကို မုံရွာမောင် ကြားထဲက ဆက်သွယ်ပေးတဲ့ ကိုလှမိုး တို့ကို ကိုယ်စားကျေးဇူးတင်ကြောင်း ကျွန်တော် ကပြောပြလိုက်ပါတယ်။ (အမျိုးသမီးခင်ပွန်း ဆိုက်ကားသမား ဆုံးပြီးကတည်းက ၉တန်း၊ ၁တန်း၊ သူငယ်တန်း ကလေး ၃ယောက်နဲ့ အိမ်ခန်းလေး တစ်ခုမှာ အိမ်လ ခ တစ်သောင်းကျော်ကို ဆိုက်ကားနင်းရင်း ရုန်းကန်နေတဲ့ အမျိုး သမီး ဖြစ်ပါတယ်။)
Freedom News Group(Burma)
ဒီပိုစ်လေးကိုတင်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုကလေးတွေကို လုပ်ကျွေးနေတဲ့ အမေကို လေးစားလို့ပါ။ ပြီးတော့ဒီပိုစ်လေးကိုကြည့်ပြီး အလွယ်လမ်းလိုက်ပြီး ခိုးနေ၊ ဓါးပြတိုက်နေတဲ့သူတွေ အတုယူသင့်တယ်။ မိန်းကလေးဖြစ်ပင်မဲ့ရတဲ့ အလုပ်ကို ရသလိုလုပ်ပြီး ကောင်းကောင်းမွန်မွန် နေထိုင်သွားတယ်။ အတုယူလေးစားထိုက်ပါပေတယ်။
မူရင်းလင့်ခ် Aye Myat Thu ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။
No comments:
Post a Comment