ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 22 July 2012

လျှပ်စစ်မီးမလိုသော ရေခဲသေတ္တာ



သူကတော့ Mohammed Bah Abba ဆိုတဲ့ပုဂ္ဂိုလ်ပါ။ လျှပ်စစ်ဓါတ်အားမလိုတဲ့ ရေခဲသေတ္တာလေးကို တီထွင်ခဲ့တဲ့သူပါ။ ထိုတီထွင်မှုအတွက်သူ့ကို Rolex Award $100,000 ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ထိုရေခဲသေတ္တာဘယ်လိုအလုပ်လုပ်သလဲဆိုတော့ပထမဦးဆုံး မြေအိုးအကြီးထဲကို မြေအိုးအသေးလေးကို ထည့်ရပါတယ်တဲ့။



ပြီးရင်ဟာနေတဲ့နေရာကို စိုနေတဲ့သဲတွေ ဖြည့်ရပါတယ်တဲ့။



ပြီးရင်စိုနေတဲ့ အဝတ်စနဲ့ အုပ်ထားရပါတယ်တဲ့။ သဲ၊ အဝတ်စမှ ရေများအငွေ့ပြန်လာခြင်းဖြင့်အိုးထဲမှ အပူများကိုဖယ်ရှားပေးလိုက်နိုင်ပါတယ်တဲ့။အစားအသောက်တွေ အအေး တွေထည့်ပြီးတော့ပေါ့။



ဒါဟာ သဘာဝအတွင်း အလုပ်လုပ်နေတာဖြစ်ပြီး၊ ဈေးလဲပေါပါတယ်၊ အလွယ်တကူလဲ ပြုလုပ်နိုင်တဲ့ တီထွင်မှုတစ်ခုပါ။ ထိုအိုးထဲမှာ အစားအသောက်တွေ၊ အအေးတွေသိုလှောင်ထားနိုင်ပြီး အပူချိန် ၁၅ ကနေ ၂၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ဖြင့် အအေးခံထားနိုင်ပါတယ်တဲ့ ခင်ဗျာ..........



ပျော်ရွှင်ကြပါစေနော်။ ခေါင်းလောင်းသံဂျာနယ်မှာတွေ့လို့ပြန်ရှယ်လိုက်တာပါ။

မူရင်းလင့်ခ် ကျော်ဇင် ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment