ရှားရှားပါးပါးရောဂါတစ်မျိုးကြောင့် ခေါင်း၊ ခြေ၊ လက်များ ကြီးကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် လူငယ်တစ်ဦးသည် သူ၏ ကြင်ဖက်ကို ရှာဖွေလိုကြောင်း DMသတင်းဌာန၌ မေလ ၃၀ ရက်နေ့တွင် ဖော်ပြသည်။
စိန်းမန်တက်ဇ် (၂၂ နှစ်) သည် Proteus Syndrome ဟုခေါ်သော ရှားရှားပါးပါး ရောဂါတစ်မျိုးကြောင့် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် နေရာကွက်၍ အဆက်မပြတ် ကြီးထွားလာနေသည်။ သူသည် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ဆင်ခြေဖုံး၌ နေထိုင်ပြီး ယခုအခါ ဟိုဟိုသည်သည် သွားလာဖို့ပင် ခက်ခဲ၍လာသည် ဟုဆိုသည်။
သူသည် ကလေးဘ၀မှ စတင်၍ ယင်းရောဂါကို ခံစားရခြင်းဖြစ်သည်။ ဘ၀၌ နေထိုင်ရ ခက်ခဲ၍လာသော်လည်း
မိတ်ဆွေများနှင့် မိသားစု၏ အားပေးထောက်ပံ့မှုကြောင့် သူသည် ဘ၀ကို ရဲဝံ့စွာ ဖက်တွယ်ထားနိုင်ခဲ့သည်။
စိန်းနှင့် သူ၏ မိသားစုသည် သူ့အတွက် ကြင်ဖက်ရရှိစေရန်အတွက် ဆေးကုသမှုတစ်ရပ်ကို မျှော်လင့်လျက်ရှိသည်။
သူ၏ဖခင်ဖြစ်သူ ၀ါဇာအလီက သူ၏သားသည် တစ်နေ့၌ ရောဂါပျောက်ကင်းကာ ဆိုက်ကားလုပ်ငန်း တစ်ခုကို ထူထောင်လျက် ဇနီးတစ်ယောက်ကို ရှာဖွေနိုင် လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မူရင်းလင့်ခ် Aye Myat Thu ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။
No comments:
Post a Comment