ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 23 July 2012

ဘရာဇီးလ် စပျစ်သီး ခေါ် Jabuticaba

သစ်ပင်ပေါ်မှာ ဘာတွေလဲ
 
Jabuticaba - A Tree that Fruits on its Trunk
ရုတ်တရက်ကြည့်ရင် ဂြိုလ်သားတွေ ဖန်တီးထားသကဲ့သို့ ထူးဆန်းစွာဖြင့် သစ်ပင်ကြီးတစ်ခုလုံး အကောင်တွေ တက်နေတယ်လို့ ထင်ရလောင်အောင် ပင်စည်ပေါ်မှာ ပြွတ်သိပ်စွာသီးတတ်တဲ့ အသီးတစ်မျိုးက ဘရာဇီးလ်စပျစ်သီးခေါ် Jabuticaba ဖြစ်ပါတယ်။ ဘရာဇီလ်းနိုင်ငံတွင် အထူးထင်ရှားသောအသီး ဖြစ်သောကြောင့် ဘရာဇီးလ်စပျစ်သီးဟု ခေါ်ဆိုကြသော်လည်း  ပါရာဂွေး၊ အာဂျင်တီးနားနဲ့ဘရာဇီးလ်စတဲ့ တောင်အမေရိက ဒေသတစ်ဝိုက်မှာ ပေါက်ရောက်တဲ့အပင် ဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးဖြစ်ပြီး ရင့်မှည့်ချိန်မှာ ခရမ်းရင့်ရောင် ရှိကာ အပင်ကနေ ခူးဆွတ်ပြီး အလွယ်တကူ စားသုံးနိုင်ပါတယ်။ ချိုသောအရသာရှိပြီး ဂျယ်လီပြုလုပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုကြပါတယ်။ အပင်ပေါ်တွင် ရင့်မှည့်နေသော အသီးကို ခူးဆွတ်ပြီးပါက ၃ရက်ခန့်အကြာတွင် ၄င်းအသီးများဟာ အချဉ်ပေါက်စ ပြုလာတတ်တဲ့အတွက်လည်း ကြာရှည် အထားမခံသောအသီး ဖြစ်တာကြောင့် အမြန်ဆုံး ယိုထိုးခြင်း၊ ဖျော်ရည်အဖြစ် ပြုလုပ်ရောင်းချခြင်းနဲ့ ၀ိုင်၊ အရက်အပြင်းစား စသည်တို့ကိုလည်း ချက်လုပ်ကြပါတယ်။



Jabuticaba ဖျော်ရည်ပုလင်း




Jabuticaba ယိုနှင့် အသီး


အကောင်တွေ တွယ်တက်နေသလို


အပင်တစ်ပင်ကြီးထွားလာဖို့ နှစ်များစွာ စောင့်ဆိုင်းရသော်လည်း အသီးသီးလာချိန်မှာတော့ တစ်ပင်လုံးပြွတ်အောင် သီးတတ်တာမို့ စိုက်ပျိုးထားသူများအတွက် အချိန်ကုန်ခံရကျိုးနပ်စေပြီး စိတ်ကျေနပ်မှု ရစေပါတယ်။   စွတ်စို၍ အက်စစ်ဓာတ်ရှိသော မြေအမျိုးအစားကို နှစ်သက်ပြီး တစ်နှစ်ကို ၂ကြိမ် အပွင့်ပွင့်တတ်ပါတယ်။ အပွင့်ပွင့်ဖို့အတွက် ရိုးတံရှိစရာမလိုဘဲ ပင်စည်ပေါ်နဲ့ သစ်ကိုင်းတွေပေါ်မှာတင်ဘဲ  ပွင့်လာတာဖြစ်ပါတယ်။

Jabuticaba - A Tree that Fruits on its Trunk

ပင်စည်ကနေ ဖောက်ထွက်လာဟန်




ပင်စည်နဲ့ သစ်ကိုင်းပေါ်မှာ ပြည့်အောင်ပွင့်တဲ့ပန်း


Jabuticaba - A Tree that Fruits on its Trunk

ပင်လုံးညွှတ်ဝေ




အသည်းယားစဖွယ်အသီးမှည့်များ




ခူးဆွတ်ထားတဲ့ အသီးများ




အမှည့်တစ်ဝင်းဝင်း


အပင်ကို ရေအမြဲတမ်းလောင်းပေးပြီး စနစ်တကျ စိုက်ပျိုးထားပါက တစ်နှစ်ပတ်လုံး အသီးအပွင့်များ မပြတ်အောင် သီးတတ်တဲ့အပင်မျိုးဖြစ်ပါတယ်။ အသီးအရွယ်အစားသည် ၄စင်တီမီတာခန့် ရှိပြီး အတွင်းတွင် အစေ့ကြီး ၄ခုခန့် ပါရှိပါတယ်။ အသီး၏ အတွင်းသားကို စားသုံးပြီး အခွံကို အခြောက်ခံကာ ပန်းနာရင်ကြပ်ရောဂါနဲ့ ၀မ်းပျက်ဝမ်းလျှောရောဂါတို့ကို ကုသရာတွင် အသုံးပြုကြပါတယ်။ အာသီးယောင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။ ထို့အပြင် ၄င်းအသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်သော ဓါတ်ပေါင်းများကိုလည်းတွေ့ရှိရပါတယ်။ ထို့ကြောင့်လည်း ထူးဆန်းတဲ့ ပုံသဏ္ဍာန်ရှိသော်လည်း ဆေးဘက်ဝင်ပြီး အသုံးတည့်သော အပင်တစ်မျိုးဖြစ်ပါတယ်။

မူရင်းလင့်ခ် thuya ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment