ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 17 September 2010

စာပေ ပရိယတ်သင်ကြားနည်း ဘယ်နှစ်မျိုးရှိသလဲ?

စာပေ ပရိယတ်သင်ကြားနည်း သုံးနည်းရှိပါတယ်။

၁။ အလဂဒ္ဒုပမာမြွေအလမ္ပာယ်ဆရာနှင့် တူသော စာသင်နည်းဆိုတာက မြွေအလမ္ပာယ်ဆရာဟာ မြွေဆေး ပြီးတယ်ဆိုပြီး မြွေကို ခေါင်းတို့ အမြီးတို့လုပ်ရာ မြွေက ကိုက်လိုက်တော့ သေရသလို စာပေကျမ်းဂန်တွေကို သင်တဲ့လူဟာ သူတစ်ပါးကို ဟိုမေး ဒီမေး ဒုက္ခပေးဖို့ ရည်ရွယ်ချက်နဲ့ သင်တာမျိုးဖြစ်တယ်။

၂။ နိဿရဏတ္ထ = လွတ်မြောက်ရေးအတွက် သင်နည်းဆိုတာက စာပေကျမ်းဂန်ကို တတ်အောင် သင်တယ်။ တတ်ပြီးတော့ မိမိကိုယ်တိုင်လဲ ၀ဋ်ဒုက္ခကင်းလွတ်အောင် ကျင့်မယ်။ သူတပါးကိုလဲ ၀ဋ်ဒုက္ခမှ ကင်းအောင် လေ့ကျင့်ဖို့ ညွှန်ကြားပြသမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ကြားနည်းမျိုး ဖြစ်တယ်။

၃။ ဓမ္မဘဏ္ဍဂါရိက = တရားဘဏ္ဍာစိုး စာသင်နည်းဆိုတာက ရဟန္တာ အရှင်မြတ်တွေဟာ မင်္ဂဖိုလ်နိဗ္ဗာန်ရပြီး ဖြစ်ပေမယ့် တရားတော်တွေ မပျောက်မပျက်ရအောင် ထိန်းသိမ်းတဲ့အနေနဲ့ သင်ကြားခြင်းမျိုးဖြစ်တယ်။

အဲဒီသုံးမျိုးထဲက နံပါတ် ၂။ နိဿရဏတ္ထ စာသင်နည်းမျိုး သင်ဖို့၊ သင်ပြီးရင် ကိုယ်တိုင်လဲကျင့်၊ သူတစ်ပါးကိုလဲ ကျင့်အောင် ဟောပြောပြသဖို့ လိုပါတယ်။

No comments:

Post a Comment