ပရိယတ် စာပေတတ်မြောက်တယ်ဆိုတာက သာသနာရဲ့ ပထမအဆင့်ပဲရှိသေးတယ်။ သတဲ့အတိုင်း ကျင့်ခြင်းဆိုတဲ့ ပဋိပတ် လက်တွေ့လုပ်ငန်းကို လုပ်ဖို့လိုတယ်။ လက်တွေ့ ကျင့်ကြံအားထုတ်မှ ပဋိဝေဓဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကိုရမယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ဆိုတာက ဗုဒ္ဓဘာသာရဲ့ အထွတ်အထိပ် ပန်းတိုင်ပဲ၊ ပန်းတိုင်ရောက်အောင် မသွားဘဲ လမ်းတစ်ဝက်မှာ ရပ်နေတဲ့ ဆရာတော် ဦးပေါဌိလကို ဘုရားက ကဲ့ရဲ့တော်မှုခြင်း၊ သတိပေးတော်မှုခြင်း ဖြစ်ပါတယ်။
ပရိယတ်သာတတ်ပြီး ပဋိပတ်မကျင့်တဲ့သူဟာ နွားတွေကို အငှားကျောင်းတဲ့ နွားကျောင်းသားနဲ့တူတယ်။ နွားကျောင်းသားဟာ နွားမတွေကို အစာကျွေး ရေတိုက်ရပေမယ့် နွားနို့တော့ မသောက်ရဘူး။ နွားရှင်ကသာ နွားနို့ကို သောက်ရတယ်။ ဒါကြောင့် နွားအငှား ကျောင်းသူ မဖြစ်စေပဲ ကိုယ့်နွား ကိုယ်ကျောင်းပြီး ကိုယ်တိုင် နို့ညှစ်စားသူဖြစ်ဖို့အတွက် သိအောင်လဲ သင်၊ သိတဲ့ အတိုင်း ကျင့်ကြံအားထုတ်ပြီး မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ ဗုဒ္ဓဘာသာပန်းတိုင်ကိုရောက်အောင် သွားကြဖို့လည်းလိုပါတယ်။

Friday, 17 September 2010
ပိဋကသုံးပုံ ဂုဏ်ဆောင်ပြီး စာချနေတဲ့ ဆရာတော် ဦးပေါဌိလကို ဘုရားရှင်က ဘာဖြစ်လို့ တုစ္ဆ= အလကား အသုံးမကျတဲ့ရဟန်းလို့ ဆိုပါသလဲ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment