ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 17 September 2010

နိကာယ်ငါးရပ် ပိဋကတ်သုံးပုံဟာ ဘုရားရှင်ကိုယ်စား ဖြစ်တယ်ဆိုတာ မှန်ပါသလား?


မှန်ပါတယ်။ ဘုရားရှင် ကိုယ်တော်တိုင်က ဒီအတိုင်းပဲ မိန့်ကြားခဲ့ပါတယ်။ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံခါနီးမှာ ညီတော်အာနန္ဒာဟာ ငိုကြွေးပူဆွေးနေပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က “ချစ်သား အာနန္ဒာ၊ ငါဘုရား ပရိနိဗ္ဗာန်စံသွားရင် သင်တို့မှာ ဆရာမရှိတော့ပြီဆိုပြီး အားငယ်နေပါသလား။ အားမငယ်နဲ့။ ငါဘုရား မရှိပေမယ့် ငါဟောခဲ့တဲ့ သုတ် အဘိဓမ္မာနဲ့ ၀ိနည်းတရားတွေဟာ ငါဘုရားရဲ့ကိုယ်စား သင်တို့ရဲ့ဆရာ ဖြစ်ပေလိမ့်မယ်” ဟု ဟောခဲ့ပါတယ်။

ဘုရားရှင် ဟောတော်မှုခဲ့တဲ့အတိုင်း ယခုသာသနာ ၂၅၀၀-ကျော်လာသည်အထိ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကပဲ ဘုရားရှင်ကိုယ်စား ဆောင်ရွက်နေတဲ့အတွက် သာသနာတော်ဟာ အခုအချိန်အထိ တည်တံ့နေခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment