ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 17 September 2010

နည်းကောင်းတစ်ခုကို ယူပြီး အားထုတ်ရုံနဲ့ မဂ်ဖိုလ်ကို ရနိုင်တယ်ဆိုရင် ပရိယတ္တိစာပေကို အပင်ပန်းခံပြီး သင်ဖို့ လိုပါသေးသလား?


လိုပါတယ်။ အိမ်တစ်အိမ်ပေါ်ကို တက်တဲ့အခါ နောက်ဆုံး လှေကားအထစ်ကို နင်းပြီး အိမ်ပေါ်ကို ရောက်တယ်။ အောက်ဆုံးနဲ့ အလယ်လှေကားထစ်တွေကနေပြီး အိမ်ပေါ်လှမ်းတက်လို့ မရပါဘူး။ ဒီလိုဖြစ်လို့ အောက်ဆုံး လှေကားထစ် အလယ်လှေကားထစ်တွေဟာ အိမ်ပေါ်ရောက်ဖို့ မလိုအပ်ဘူးလို့ မဆိုနိုင်ပါဘူး။ အောက်ဆုံးထစ် အလယ်ထစ်တွေ မရှိရင် အပေါ်ဆုံး လှေကားထစ်ကို ဘယ်လိုရောက်မလဲ။

လူတွေဟာ သရက်ပင်ကို မစားကြဘူး။ သရက်သီးကိုတော့ သူတို့ စားကြားပါတယ်။ ဒါပေမယ့် သရက်ပင်ကို ဒုက္ခခံ မစိုက်ဘဲနဲ့တော့ ဘယ်ကရမလဲ။ သရက်ပင်ရှိမှသာ သရက်သီးရမှာပေါ့။ သရက်ပင်ကို ကိုယ်တိုင်မစိုက်ဘဲ ၀ယ်စားလဲ ရတာပဲလို့ ပြောနိုင်ပါတယ်။ သရက်သီးဝယ်တယ်ဆိုတာ သရက်ပင်စိုက်တဲ့လူကို အဖိုးအခပေး နေရတာပဲ ဖြစ်တယ်။ အခုကမ္မဋ္ဌာန်းဆရာကို ပစ္စည်းလေးပါး လှူဒါန်းပူဇော်နေရတာ ပရိယတ် အားထုတ်နေတဲ့ သံဃာတော်တွေကို လှူဒါန်းထောက်ပံ့နေတာဟာ သရက်ဥယျာဉ်ပိုင်ရှင်ကို သရက်သီးဖိုး ပေးနေရခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပဋိပတ်သမားတွေဟာ ပရိယတ်ကို မပစ်ပယ်ပါနဲ့။ ကိုယ်တိုင် စိုက်နိုင်သလောက်စိုက်၊ မစိုက်နိုင်ရင် စိုက်နေတဲ့ ပုဂ္ဂိုလ်တွေ စိုက်အားရှိအောင် ပစ္စည်းလေးပါးနဲ့ ထောက်ပံ့အားပေးကြဖို့ အထူးလိုအပ်ပါတယ်။

No comments:

Post a Comment