ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 13 September 2010

သာသနာဆိုတာဘာလဲ၊ သာသနာ ဘယ်နှစ်မျိုးရှိသလဲ?

သာသနာဆိုတာ အဆုံးအမသွန်သင်ညွှန့်ကြားချက်လို့ ဆိုတယ်။ ဗုဒ္ဓသာသနာဆိုတာက ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒလို့ ဆိုလိုတယ်။ သာသနာ သုံးပါးရှိတယ်။

၁။ ပိဋကသုံးပုံ နိကာယ်ငါးရပ်ကို သိအောင် သင်အံလေ့ကျက်တာကို ပရိယတ္တိသာသနာလို့ ခေါ်ပါတယ်။

၂။ ဘုရားရှင်ဟောတော်မှုတဲ့အတိုင်း ဈာန် မင်္ဂဖိုလ်တရားကို ရရာရကြောင်း ကျင့်ကြံအားထုတ်တာကို ပဋိပတ္တိသာသနာလို့ ခေါ်ပါတယ်။

၃။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ ၉-ပါးကို သိရှိခံစားရတာကို ပဋိဝေဓသာသနာလို့ ခေါ်ပါတယ်။

No comments:

Post a Comment